အာဂျင်တီးနားအသင်းရှုံးသွားလို့ တီဗွီကို အိမ်ပေါ်ကနေ ပစ်ချခွဲခဲ့တဲ့ ပရိတ်သတ်

yyl-007.jpg

အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာ မက်ဆီနဲ့ အာဂျင်တီးနား ပရိတ်သတ်တွေရဲ့ ခံစားချက်ပြင်းထန်လှတဲ့ အရူးအမူးအားပေးမှုတွေကို တွေ့မြင်နေရပါတယ်။

ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ပြင်သစ်အသင်းကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်အပြီး အာဂျင်တီးနား ပရိတ်သတ်တစ်ယောက်ဟာ သူကြည့်နေတဲ့ တီဗွီကို အိမ်အပေါ်ဝရံတာကနေ လမ်းမပေါ်ကို ဒေါသတကြီးပစ်ချပြီး ပေါက်ကွဲခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ ပြင်သစ်တိုက်စစ်မှူး မက်ပီကို မားကို့စ်ရိုဂျိုက တွန်းလှဲတာကြောင့် အာဂျင်တီးနားအသင်း ပယ်နယ်တီ ပေးခဲ့ရပါတယ်။ ဒီပယ်နယ်တီကို ပြင်သစ်အသင်းအတွက် ဂရစ်ဇ်မန်းက ကန်သွင်းပြီး ဦးဆောင်ကစားနိုင်ခဲ့သလို ၂-၂ ဖြစ်ပြီးနောက် မက်ပီကပဲ ၂ ဂိုးဆက်တိုက်သွင်းယူကာ ပြင်သစ်အသင်းကို အာဂျင်တီးနားအသင်းအပေါ် ၄-၂ ဂိုးနဲ့ ထပ်မံ ဦးဆောင်စေခဲ့ပါတယ်။ ပွဲပြီးကာနီး ဆာဂျီယို အဂွေးရိုးက အာဂျင်တီးနားအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပေမယ့် ပွဲအပြီးမှာတော့ ၄-၃ ဂိုးနဲ့ ပြင်သစ်အသင်းကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ရှုံးနိမ့်ခဲ့ရမှုကို မခံမရပ်နိုင်ဖြစ်ပြီး ကြည့်နေတဲ့ တီဗွီကို အိမ်အောက်ပစ်ချခဲ့တာပါ။

အုပ်စုပွဲစဉ်မှာ အာဂျင်တီးနားက ခရိုအေးရှားကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့စဉ်ကလည်း အိန္ဒိယနိုင်ငံ ကယ်ရာလာပြည်နယ်က အသက် ၃၀ အရွယ် အာဂျင်တီးနားအသင်း အမာခံ ပရိသတ်တစ်ဦးဟာ မြစ်ထဲကို ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါသေးတယ်။

 

Ref: The Sun “World Cup 2018: Fuming Argentina fan hurls TV out of second-storey window after France loss”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top