မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သွားမယ့် Microsoft Office Specialist World Championship 2019 ကို Mytel က ကူညီထောက်ပံ့

MOWCS-2.jpg

မြန်မာနိုင်ငံမှာ ခေတ်မီအဆန်းသစ်ဆုံးနဲ့ ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel က ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၁၀၀) ကျော်က သတင်းအချက်အလက်နှင့် နည်းပညာကို စိတ်ပါဝင်စားကြတဲ့ လူငယ်သန်းပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်လျက်ရှိတဲ့ Microsoft Office Specialist World Championship Competition 2019 (MOSWC) ကို ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့ MOSWC ကို ထောက်ပံ့ပေးခြင်းဖြင့် မြန်မာနိုင်ငံက ကျောင်းသား၊ လူငယ်များအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကာ နိုင်ငံတကာနှင့်ရင်ဘောင်တန်းပြီး အရည်အသွေးတွေ ထုတ်ဖော်ပြသနိုင်ရန် အခွင့်အရေး ရရှိမှာဖြစ်ပါတယ်။

MOSWC ပြိုင်ပွဲကြီးကို Certiport အဖွဲ့အစည်းကြီးက (၁၆) နှစ်ကျော်တိုင် ကမ္ဘာတစ်လွှာမှာ ဦးစီးကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန (MOE) နှင့် IIG Education မြန်မာ တို့က ပူးပေါင်းပါဝင်ထားကာ Mytel ကလည်း ဝင်ရောက်ကူညီပေးခြင်း ဖြစ်ပါတယ်။ Mytel က မြန်မာနိုင်ငံဆက်သွယ်ရေးလောကအတွင်း စတင်ဝင်ရောက်လာခဲ့တဲ့အချိန်ကစလို့ အခုလက်ရှိအချိန်အထိ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးလျက်ရှိပြီး ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ပညာရေးကဏ္ဍ၊ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာလည်း တက်အားသရွေ့ ထောက်ပံ့ပေးလျက်ရှိပါတယ်။

MOSWC ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ရာမှာ Microsoft Word 2013၊ Microsoft Excel 2013 နှင့် Microsoft PowerPoint 2013 တို့တွေထဲက တစ်ခုကိုသာ ရွေးချယ်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကျောင်းအဆင့်ပြိုင်ပွဲအတွက် GMetrix စာမေးပွဲတွေကို ဖြေဆိုရမှာဖြစ်ပြီး နိုင်ငံအဆင့် semi-final အတွက် Microsoft Office Specialist 2013 စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပြီး အဲဒီအဆင့်မှာ ပျမ်းမျှအားဖြင့် ကျောင်းသား (၁၀၀၀) နီးပါး ရွေးချယ်သွားမှာဖြစ်ပါတယ်။ နိုင်ငံအဆင့် final ပြိုင်ပွဲတွင်မူ project အလိုက်ဖြေဆိုမှုတွေကနေတဆင့် ထိပ်တန်း ကျောင်းသားပေါင်း (၆၀) ကို ဆက်လက်စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။

MOSWC ပြိုင်ပွဲကြီးကို မြန်မာတစ်နိုင်ငံလုံးက အထက်တန်းပညာရေးကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ အသက်မွေးဝမ်းကျောင်းကောလိပ် အစရှိတဲ့ ကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ အသက် (၁၃) နှစ်မှ (၂၂) နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားတွေအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲအဆင့်ဆင့်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပသွားမှာ ဖြစ်ပြီး နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှု ကမ္ဘာ့final အဆင့် ပြိုင်ပွဲကို United States၊ New York မြို့တွင် ဇူလိုင်လ (၂၈) မှ (၃၁) ရက်နေ့၊ ၂၀၁၉ ခုနှစ်၌ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆုတွေအနေနဲ့ကတော့ နိုင်ငံတွင်းပြိုင်ပွဲဆုများ၊ ကျောင်းဆုများ နှင့် နိုင်ငံတကာဆုများစွာကို သတ်မှတ်ချီးမြှင့်ပေးသွားမှာ ဖြစ်ပြီး Certiport က ပေးအပ်သွားမယ့် MOS Word 2013၊ MOS Excel 2013 နှင့် MOS PowerPoint 2013 ယှဉ်ပြိုင်မှုတစ်ခုချင်းစီရဲ့ ပထမဆုတွေအတွက် အမေရိကန်ဒေါ်လာ ၇,၀၀၀ ၊ ဒုတိယဆုတွေအတွက် အမေရိကန်ဒေါ်လာ ၃,၅၀၀ နှင့် တတိယဆုတွေအတွက် အမေရိကန်ဒေါ်လာ ၁,၅၀၀ တို့ကို ဂုဏ်ပြုချီးမြှင့် ပေးသွားမှာ ဖြစ်ပါတယ်။

Mytel အနေနဲ့ နိုင်ငံံတော်ရဲ့ အဓိကမဏ္ဍိုင်တွေအနက်တစ်ခုဖြစ်တဲ့ ပညာရေးကဏ္ဍကို အထောက်အကူပြုတဲ့ Microsoft Office Specialist World Championship Competition 2019 (MOSWC) ကို ပံ့ပိုးခြင်းဖြင့် နိုင်ငံ့လူငယ်မျိုးဆက်သစ်တွေကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပို့ဆောင်ပေး သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ Mytelက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ်ကို ခေါ်ဆောင်ပေးနိုင်ရန် ဦးဆောင်လုပ်ကိုင်လျက်ရှိတဲ့ ကုမ္ပဏီဖြစ်ရာ ခိုင်မာတဲ့ အခြေခံ အဆောက်အဦးတွေ၊ နည်းပညာဆန်းသစ်မှုတွေ ယူဆောင်လာပြီး နိုင်ငံ နှင့် နိုင်ငံတွင်းက သုံးစွဲသူတွေကို မိုဘိုင်းလ် နှင့် ဆက်သွယ်ရေးလုပ်ငန်းတွေ အားလုံးအတွက် ဒစ်ဂျစ်တယ်အနာဂတ်ကို ဖန်တီးပေးသွားနိုင်ရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top