Mytel ၏ (၁) နှစ်ပြည့်ကံစမ်းမဲအစီအစဉ်ကို ဒုတိယအကြိမ်အဖြစ် Live ထုတ်လွှင့်ကြေညာပေးသွားမည်

Live-session_1.jpg

ဆက်သွယ်ရေးအော်ပရေတာ Mytel ၏ (၁)နှစ်ပြည့်အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ် “ဒေတာကြီးကြီး ဆုကြီးကြီး” မှ ဒုတိယအသုတ်ကံထူးရှင်များကို မနက်ဖြန် ဇူလိုင်လ (၉ )ရက်နေ့ နေ့လည် (၃) နာရီတွင် Mytel Myanmar Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်၍ ရွေးချယ်ပေးသွားမည်ဟုသိရသည်။

လိမ္မော်ရောင် SUZUKI SWIFT GLX ကား (၂)စီး၊ Samsung Smart TV (၄)လုံး၊ Apple Airpods 2 (၈) ခု၊ MYTEL FTTH အင်တာနက်ဝန်ဆောင်မှုကို အကန့်သတ်မဲ့ (၁) နှစ် အခမဲ့အသုံးပြုခွင့် (၈) ခု နှင့် Bphone အဆင့်မြင့်စမတ်ဖုန်း (၁၅) လုံးတို့ကို တိုက်ရိုက်ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။ ကံထူးရှင်များကို (၃)ကြိမ် ဆက်တိုက်ဖုန်းခေါ်ဆိုပေးသွားမည်ဖြစ်ပြီး (၃) ကြိမ်ပြည့်သည့်တိုင် ဖြေကြားခြင်းမရှိပါက နောက်ထပ်ကံထူးရှင် အသစ်ကို အစားထိုးရွေးချယ်သွားမည်ဖြစ်သည်။

မေလ (၂၆) ရက်နေ့မှစတင်ခဲ့သော Mytel ၏ (၁)နှစ်ပြည့်အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ်တွင် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ လစဉ်ဒေတာ pack နှင့် bundle pack များဝယ်ယူခြင်းဖြင့် ကံစမ်းမဲ ကုဒ်နံပါတ်တစ်ခုရရှိမည်ဖြစ်ကာ အစီအစဉ်သို့ဝင်ရောက်ဆင်နွှဲနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် 100 MB၊ 1 GB ၊10 GB နှင့် 100 GB တို့ကို နေ့စဉ်ရရှိနိုင်မည့်အခွင့်အရေးကိုလည်း ရရှိမည်ဖြစ်ပါသည်။ ပရိုမိုရှင်း ကာလမှာ၂၀၁၉ မေ (၂၆) ရက်မှစ၍ ဇူလိုင် (၃၁) ရက်နေ့အထိဖြစ်ကြောင်းသိရသည်။

အစီအစဉ် – Mytel တစ်နှစ်ပြည့်ကံစမ်းမဲအစီအစဉ် Live ထုတ်လွှင့်ပြသခြင်း
နေ့ရက် – ဇူလိုင်လ (၉ )ရက် (အင်္ဂါနေ့)
အချိန် – နေ့လည် (၃)နာရီ
နေရာ – Mytel Myanmar Facebook Page
Link – https://www.facebook.com/events/349942119033838/

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top