Wonder Woman လိုဝတ်ပြီး ဆေးရုံက ကလေးတွေကို အံ့အားသင့် ပျော်ရွှင်စေခဲ့တဲ့ ဂဲလ် ဂါဒေါ့တ်

36830436_1103918926426519_7942348214907174912_n.jpg

မြောက်ပိုင်းဗာဂျီးနီးယားဒေသက အင်နိုဗာ ကလေးဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကလေးတွေဆီကို အပျော်နဲ့ စိတ်လှုပ်ရှားမှုတွေ သယ်ဆောင်လာပေးခဲ့သူကတော့ မင်းသမီး ဂဲလ်ဂါဒေါ့တ် (Gal Gadot) ပဲဖြစ်ပါတယ်။ ကလေးတွေဆီသွားလည်တဲ့အချိန်မှာ တကယ့်စူပါဟီးရိုး ပုံစံအတိုင်း သူက ဝတ်သွားခဲ့တာပါ။

အသက် ၃၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီးက၂၀၁၇ က ထွက်ရှိခဲ့တဲ့ စူပါဟီးရိုး ရုပ်ရှင် Wonder Woman မှာ ပါဝင် သရုပ်ဆောင်ခဲ့သလို ၂၀၁၉ နိုဝင်ဘာ ၁ ရက်နေ့မှာ ထွက်ရှိမယ့် Wonder Woman 1984 ရုပ်ရှင်မှာလည်း သူ့ကို ဆက်လက် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Wonder Woman 1984 အတွက် ဗာဂျီးနီးယားနဲ့ ဝါရှင်တန်ဒီစီအနီးတစ်ဝိုက်မှာ ရိုက်ကူးနေတာဖြစ်ပြီး ရုပ်ရှင်ရိုက် ခဏနားတဲ့တစ်ရက်မှာ အင်နိုဗာ ကလေးဆေးရုံဆီ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ကလေးဆရာဝန်တစ်ယောက်က “ကျွန်မတို့ဆေးရုံကို လာလည်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ သူက တကယ့် Wonder Woman ပါပဲ။ ကလေးတွေနဲ့ ဝန်ထမ်းတွေ အားလုံးကလည်း သဘောကျပါတယ်” ဆိုပြီး မင်းသမီးကို ချီးကျူးခဲ့ပါတယ်။

Wonder Woman ဝတ်စုံကို ပုံစံကျကျ ဝတ်ပြီး ဆေးရုံဝန်းထဲက ကလေးတွေဆီ လိုက်လံကြည့်ရှုနေတဲ့ မင်းသမီးကို တွေ့ရတာဟာ ကလေးတွေအတွက် ခဏတာ ပျော်ရွှင်မှု ဆိုပေမဲ့ ဆေးရုံက ဝန်ထမ်းတွေကတော့ ဒီအခိုက်အတန့်လေးမှာ စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့ကြပါတယ်။

Ref: FoxNews”Gal Gadot dresses as a Wonder Woman to surprise kids at children’s hospital”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top