သဘာဝလွန် သည်းထိတ်ရင်ဖို ရုပ်ရှင်သစ် Deeper မှာ ပါဝင်သရုပ်ဆောင်မယ့် Wonder Woman

ga.jpg

Wonder Woman အဖြစ်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီး Gal Gadot ရဲ့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုကို တွေ့မြင်ရတော့မှာပါ။

အဲ့ဒါကတော့ သူမ ပါဝင်သရုပ်ဆောင်မယ်လို့ သိရတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖို ရုပ်ရှင် Deeper ပါပဲ။

Deeper ကတော့ မအောင်မြင်တဲ့ အာကာသယာဉ်မှူးတစ်ယောက် (ဘရတ်ဒ်လေ ကူးပါး) က ပင်လယ်ရေနက်ပိုင်းထဲ အသစ် တွေ့ရှိထားတဲ့ ချောက်နက်ကြီးထဲကို လေ့လာဖို့ ဆင်းလာပါတယ်။ သူ့အနေနဲ့ ကြောက်စရာကောင်းတဲ့ မိစ္ဆာအင်အား တစ်ခုနဲ့ ရင်ဆိုင်မိတဲ့ အခါမှာတော့ သဘာဝလွန် ဖြစ်ရပ်တွေ စတင် ဖြစ်ပွားလာတယ် ဆိုတဲ့ အကြောင်းကို ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်မှာ Gal Gadot ဟာ ဘရတ်ဒ်လေကူးပါး (Bradley Cooper) နဲ့ အတူ တွဲဖက် သရုပ်ဆောင်သွားမှာ ဖြစ်ပြီး သူမ သရုပ်ဆောင်မယ့် ဇာတ်ကောင်အကြောင်းကိုတော့ သေချာမသိရသေးပါဘူး။ ဒီရုပ်ရှင်ကိုတော့ ဟန်ဂေရီလူမျိုး ရုပ်ရှင်ဒါရိုက်တာ ကော်နဲလ် မန်ဒရူဇို (Kornel Mundruczo) ကရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Gal Gadot ဟာဆိုရင် Wonder Woman ရုပ်ရှင်နဲ့ အလွန်အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့ပြီး Wonder Woman ရုပ်ရှင်ကတော့ ကမ္ဘာတစ်ဝန်းမှာ ဝင်ငွေ ၈၁၈ မီလီယံ ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ သူမဟာ Wonder Woman 2 မှာလည်း ဆက်လက် ပါဝင်သွားမှာဖြစ်ပြီး အခု ပြောပြခဲ့တဲ့ သဘာဝလွန် ရုပ်ရှင်သစ် Deeper ကိုတော့ Wonder Woman 2 ရုပ်ရှင်မတိုင်ခင်မှာ ရိုက်ကူးသွားမှာပဲ ဖြစ်တယ်လို့ သိရပါတယ်။
Ref: The Hollywood Reporter: Gal Gadot in Early Talks to Join Bradley Cooper in Supernatural Thriller ‘Deeper’
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top