ဂိမ်းသမားတွေအတွက် ပိုပြီးရွေးချယ်ချင်စရာဖြစ်စေမယ့် Game mode နဲ့ FullView အတွဲအစပ်

vivo-v7-plus-0.jpg

SIM ကတ်တွေကို လွယ်လွယ်ကူကူနဲ့ ဝယ်ယူနိုင်ပြီး အော်ပရေတာတွေလည်း ဝန်ဆောင်မှုတွေကို အပြိုင်အဆိုင် ပေးလာကြတဲ့ အချိန်မှာ စမတ်ဖုန်းနဲ့ ဂိမ်းကစားတာတွေက အတော်လေးကို ရေပန်းစားလာပါပြီ။ ဟိုအရင်တုန်းက အော့ဖ်လိုင်းဂိမ်းတွေသာ ကစားကြပေမယ့် အခုအချိန်မှာတော့ အွန်လိုင်းဂိမ်းတွေကို အတော်လေး ဆော့ကစားလာကြတာ တွေ့ရပါတယ်။

အော့ဖ်လိုင်းပဲဖြစ်ဖြစ် အွန်လိုင်းပဲဖြစ်ဖြစ် ဘယ်ဂိမ်းပဲ ကစားကစား၊ ဂိမ်းကစားတဲ့သူတွေအနေနဲ့ ကစားနေတုန်း ဖုန်းဝင်လာလို့ ပျက်သွားတာ၊ စာတိုဝင်လာလို့ ပျက်သွားတာမျိုးကို မကြိုက်ကြပါဘူး။ ဒါကြောင့်လည်း မော်ဒယ်မြင့် စမတ်ဖုန်းတွေမှာ ဂိမ်းကစားသူတွေကို အနှောင့်အယှက်ကင်းကင်း ကစားနိုင်ဖို့ ထောက်ပံ့မှုတွေ လုပ်လာကြပါတယ်။

ဂိမ်း ဆိုတာမျိုးကလည်း အပျော်ကစားတာဆိုပေမယ့် နိုင်ချင်ကြတာချည်းပဲ မဟုတ်လား။ တစ်ခါတလေမှာ ကိုယ်က သဲကြီးမဲကြီး ကစားနေချိန်၊ တစ်ဘက်ကလည်း ဖုန်းမကိုင်မချင်း ခေါ်နေတတ်တာမျိုးနဲ့ ကြုံဖူးကြမယ် ထင်ပါတယ်။ ဒီလိုသာ ဖုန်းဝင်လာတိုင်း လိုင်းကျကြေးဆိုရင် ဘယ်လိုနည်းနဲ့မှ အဆင်ပြေနိုင်တော့မှာ မဟုတ်ပါဘူး။

Vivo ကတော့ အသစ်ထွက်လာတဲ့ V7+ မှာ ဂိမ်း Mode ကို ထောက်ပံ့ပေးထားပါတယ်။ ဂိမ်း Mode ရဲ့ အားသာချက်ကတော့ အွန်လိုင်းဂိမ်း ကစားနေစဉ် ဖုန်းဝင်လာခဲ့ရင် ဂိမ်းကစားမပျက်ဘဲ ငြင်းပယ်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အနိုင်အရှုံးမှာ တန်ကြေးကြီးတဲ့ အချိန်မျိုးအတွက် စိုးရိမ်သောက ဖြစ်စရာမလိုဘဲ ကစားနိုင်သွားပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ မျက်နှာပြင်သေးတဲ့ ဖုန်းတွေနဲ့ ဂိမ်းကစားရင် အားမလို အားမရ ဖြစ်တတ်ကြပါလိမ့်မယ်။ ဒါကြောင့် တချို့က ဂိမ်းကို တက်ဘလက်နဲ့ ကစားကြပါတယ်။ တက်ဘလက်ဆိုတာကလည်း မျက်နှာပြင် ကျယ်ပြန့်တာမှန်ပေမယ့် သွားသွားလာလာကျတော့ သယ်ရပြုရ ဝန်ကျယ်ပြန်ပါတယ်။ V7+ ရဲ့ FullView Display က 5.99 လက်မ ကျယ်ပြန့်တဲ့အတွက်ကြောင့် ဂိမ်းကစားချင်သူတွေအတွက် ထည့်သွင်းစဉ်းစားချင်စရာ ဖြစ်ပါလိမ့်မယ်။ ကိုယ်ထည်ပေါ်က မျက်နှာပြင်အချိုးဟာ 84.4% ဖြစ်တဲ့အတွက် ကိုယ်ထည်လည်း သိပ်ပြီး အကြီးကြီးမဖြစ်ဘဲ၊ မျက်နှာပြင်ပဲ ကျယ်ပြန့်သွားတာကို တွေ့ရပါလိမ့်မယ်။

V7+ ဟာ CPU ပိုင်း၊ ဘက်ထရီပိုင်းနဲ့ resolution ပိုင်းတွေမှာ အမြင့်ဆုံးမဟုတ်တဲ့အတွက် ထောက်ပြချင်စရာ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ လေ့လာစမ်းသပ်မှုတွေအရတော့ သုံးပျော်တယ်လို့ ဆိုရပါလိမ့်မယ်။ သေချာတာကတော့ ဂိမ်းကစားဖို့ချည်းပဲမဟုတ်ဘဲ selfie ကောင်းကောင်းလည်း ဆွဲချင်၊ ရုပ်ရှင်တွေလည်း ကြည့်ချင်တွေအတွက် ရွေးချယ်ချင်စရာပါပဲ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top