ကိုရီးယား စီးရီး Goblin ရဲ့ဇာတ်ဝင်သီချင်း Stay with me ကြည့်ရှုမှု အကြိမ်ရေ သန်း ၁၀၀ အထိ ရောက်ရှိ

g.jpg

တီးလုံး အစကို ကြားလိုက်တာနဲ့ Goblin စီးရီးက ဇာတ်ဝင်သီချင်းလို့ မှတ်မိရလောက်တဲ့ အထိ လူကြိုက်များ ခဲ့တဲ့ ကိုရီးယား သဘာဝလွန် စီးရီး Goblin ရဲ့ ဇာတ်ဝင်သီချင်း Stay With Me ကတော့ အောင်မြင်မှု အရှိန် မရပ်တန့်သေးဘူးလို့ ဆိုရမှာပါ။

အဆိုပါ music video ကို ၂၀၁၆ ဒီဇင်ဘာလ ၃ ရက်နေ့က Goblin ရဲ့ ပထမဆုံး ဇာတ်ဝင်သီချင်း အဖြစ် ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး တစ်နှစ်နီးပါး ရှိလာတဲ့ အချိန်မှာတော့ You Tube မှာ ကြည့်ရှုမှု အကြိမ်ရေ သန်း ၁၀၀ ရှိသွား ခဲ့ပြီ ဖြစ်ပါတယ်။

သီဆိုထားတဲ့ သူတွေကတော့ Punch နဲ့ Exo အဖွဲ့ဝင် Chanyeol တို့ ဖြစ်ပြီး ၎င်းတို့ရဲ့ သီဆိုမှုနဲ့ အတူ Goblin စီးရီးထဲက ဇာတ်ဝင်ခန်း တချို့နဲ့ ပေါင်းစပ် ဖန်တီးထားတဲ့ music video ပဲ ဖြစ်ပါတယ်။ Stay With Me ဟာဆိုရင်တော့ ကိုရီးယား ဒရာမာစီးရီးတွေထဲ ကြည့်ရှုမှုအကြိမ်ရေ အများဆုံး ဇာတ်ဝင်သီချင်း တစ်ပုဒ်ဖြစ်လာခဲ့ပြီး Goblin ရဲ့ အောင်မြင်မှု အရှိန်ကို ထပ်ပြီး တိုးမြှင့်ပေးလိုက်တယ်လို့ ဆိုရမှာပါပဲ။

လူကြိုက်များခဲ့ကြတဲ့ Goblin စီးရီးကိုတော့ ၂၀၁၆ ဒီဇင်ဘာ ၂ ရက်နေ့က tvN က စတင် ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်လွှင့်မှု ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Music Video ကို ကြည့်ရှုလို့မယ့် You Tube Link ကတော့ https://youtu.be/pcKR0LPwoYs ပဲ ဖြစ်ပါတယ်။

Ref: Dramafever: Goblin’s OST “Stay With Me” surpasses 100 million views

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top