တမူဆန်းသစ်ထားတဲ့ Chrome ရဲ့ UI ဒီဇိုင်းအသစ်

dims.jpg

Chrome က သူ့ရဲ့ဒီဇိုင်းပိုင်းကို မပြောင်းဘဲ ထားတာ အတော်ကြာနေပြီဆိုတာ သတိထားမိကြမယ်ထင်ပါတယ်။ ဒီနှစ်အစောပိုင်းမှာတော့ Material Design ပုံစံအသစ်ကို ပြောင်းလဲတော့မယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့ပါတယ်။ အခုဆိုရင်တော့ Operating system တိုင်းအတွက် Update version တွေ ထွက်လာပြီလို့ သိရပါတယ်။

ဒီဇိုင်းအသစ်မှာတော့ Tab ပုံစံအသစ်၊ နောက်ခံအရောင်၊ address bar ဒီဇိုင်းအသစ်နဲ့ အခြားပြောင်းလဲမှု တော်တော်များများကို တွေ့ရပါတယ်။ Google က သူ့ရဲ့ Material design အသစ်ကို “Google Material Theme” လို့ နာမည်ပေးထားပါတယ်။ ဒီ Theme ကို Google ရဲ့ ထုတ်ကုန်တွေမှာ စတင်အသုံးပြုလာပါပြီ။ Chrome မှာ အသုံးပြုလိုက်တဲ့အချိန် အဓိက ပြောင်းလဲသွားတာကတော့ address bar နဲ့ Tab ပဲ ဖြစ်ပါတယ်။

ကဲ… သူ့ရဲ့ address bar ကို ကြည့်ရအောင်ပါ။ Android ရဲ့ address bar ပုံစံလိုမျိုး အနားသတ်လုံးဝန်းတဲ့ပုံစံကို ပြောင်းသွားပါတယ်။ ရှာချင်တဲ့အကြောင်းအရာကို အလိုလျောက် လိုက်ဖြည့်ပေးတဲ့ပုံစံကလည်း အရင်လို bar ပုံစံမျိုး မဟုတ်ဘဲ box ပုံစံကို ပြောင်းလဲသွားပါတယ်။ Address bar ရဲ့ ဘယ်ဖက်မှာ အသုံးပြုသူရဲ့ profile ဓာတ်ပုံကို button တစ်ခုအနေနဲ့ ထည့်ပေးထားတာကို တွေ့ရပါတယ်။

အခု ဒီဇိုင်းအသစ်မှာ Tab တွေရဲ့ အနားစွန်းတွေကို လုံးဝန်းတဲ့ပုံစံမျိုး သုံးထားပြီး Tab တစ်ခုနဲ့တစ်ခုကြား နေရာလွတ် လုံးဝမထားတော့တာကိုလည်း မြင်နိုင်ပါတယ်။ ဒါကိုတော့ Tab တွေ အများကြီး ဖွင့်ထားမှ သိနိုင်မှာပါ။ Tab တစ်ခုထဲ ဖွင့်ထားရင် သူ့ရဲ့နောက်ခံအရောင်က အဖြူပဲ ဖြစ်ပြီး အများကြီး ဖွင့်လိုက်မယ်ဆိုရင် မီးခိုးရောင် အဖျော့လေး ပြောင်းသွားတာကို တွေ့နိုင်ပါလိမ့်မယ်။

အခု update version က သုံးရတာ ပိုအဆင်ပြေလွယ်ကူလာပြီး တဖြည်းဖြည်း ပြင်ဆင်မွမ်းမံလာတာနဲ့အမျှ ပိုကောင်းမွန်တဲ့ UI ကို ရနိုင်လာမှာလည်းဖြစ်ပါတယ်။

Ref : Engadget “Google’s refreshed Chrome design is nearly here”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top