လူထုအကျိုးပြုလုပ်ငန်းများကို တတ်အားသရွေ့ကူညီလုပ်ဆောင်ပေးလျက်ရှိသည့် ဆက်သွယ်ရေးအော်ပရေတာ Mytel မှဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှု

Blood-Donation_6.jpg

မြန်မာဆက်သွယ်ရေးအော်ပရေတာ Mytel အနေနဲ့သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းနေသလို လူထုအကျိုးပြုလုပ်ငန်းတွေမှာလည်း တတ်အားသရွေ့ပါဝင်ကူညီပေးနေပြီး ၂၀၁၉ ခုနှစ် မေလ (၂၉) ရက်နေ့ကလည်း Mytel ဝန်ထမ်းတွေစုပေါင်းပြီး အမျိုးသားသွေးဌာန (National Blood Center) မှာ သွေးလှူဒါန်းတဲ့လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလှူဒါန်းမှုကို Mytel ရဲ့ CEO Mr. Nguyen The Nghia ကဦးဆောင်ပြီး ဝန်ထမ်းအယောက် (၇၀) က တစ်ဦးကို သွေး (၄၅၀) မီလီလီတာနဲ့ စုစုပေါင်း (၃၁.၅) လီတာခန့် လှူဒါန်းခဲ့ကြပါတယ်။ သွေးတစ်ယူနစဟာ် လူ့အသက် (၃) ချောင်းကိုကယ်တင်နိုင်တဲ့အတွက် Mytel ဝန်ထမ်းများရဲ့ စုပေါင်းသွေးလှူဒါန်းမှုကနေ လူ့အသက် (၂၁၀) လောက်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် လူ့အသက်ကယ်တင်ရာမှာ အရေးကြီးတဲ့ သွေးလှူဒါန်းခြင်းကို Mytel ဝန်ထမ်းတွေက စိတ်အားထက်သန်စွာနဲ့ တက်ညီလက်ညီ ပါဝင်လုပ်ဆောင်ခဲ့တာဟာ ကြည်နူးစရာလုပ်ရပ်ပဲ ဖြစ်ပါတယ်။

Mytel အနေနဲ့ မြန်မာနိုင်ငံဈေးကွက်တွင်း စတင်ဝင်ရောက်လာကတည်းက လူထုအကျိုးပြုလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှု နဲ့ ဘာသာသာသနာအတွက် ထောက်ပံ့ကူညီတာ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားကြရတဲ့ ပြည်သူပြည်သားတွေအတွက်လည်း အားသွန်ခွန်စိုက် ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လူထုအကျိုးပြုလုပ်ငန်းတွေထဲက ပညာရေးကဏ္ဍအတွက်အထောက်အပံ့ပေးနိုင်ဖို့ မြန်မာနိုင်ငံကစာသင်ကျောင်းတွေမှာ အင်တာနက်အခမဲ့တပ်ဆင်ပေးပြီး ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးတာ၊ သဘာဝဘေးအန္တရာယ်ဒဏ် ခံစားနေရတဲ့ ပြည်သူတွေအတွက်ရည်ရွယ်ပြီး ဝေလုကျော်ဖောင်ဒေးရှင်းထံလှူဒါန်းပေးခြင်းတို့ကိုလည်း ပြုလုပ် ဆောင်ရွက်ခဲ့ပါတယ်။ Mytel အနေနဲ့ လူထုအကျိုးပြုကဏ္ဍတွေမှာသာမက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ် ပြောင်းလဲသွားနိုင်ဖို့ ဝန်ဆောင်မှုပိုင်းနဲ့ နည်းပညာပိုင်းတွေမှာလည်း အဆင့်မြှင့်တင်ဆောင်ရွက်နေပါတယ်။

Ref: Mytellers Blood Donation Campaign 2019
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top