Mytel က ကံထူးသူများအား လိမ္မော်ရောင် Suzuki GLX ကားသစ် (၆) စီး ဆုချီးမြှင့်

mytel01.jpg

မြန်မာဆက်သွယ်ရေးအော်ပရေတာ Mytel က ကုမ္ပဏီသက်တမ်းတစ်နှစ်ပြည့်ကံစမ်းမဲအစီအစဉ်မှာ Suzuki ကားသစ်ကံထူးသွားသူတွေကို Mytel ရုံးချုပ်ကိုဖိတ်ခေါ်ပြီး ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ကားသစ်ဆုတွေအပြင် အဆင့်မြင့် Bphone 3 အလုံး (၃၀)၊ တစ်နှစ်စာအကန့်အသတ်မရှိ FTTH ဝန်ဆောင်မှု (၂၀) ခု၊ AirPods 2 (၂၂)လုံး၊ Samsung Smart TV (၁၀)လုံးနဲ့ 100MB၊ 1GB၊ 10GB၊ 100 GB နေ့စဉ်ဒေတာဆုတွေကိုလည်း ကံထူးရှင်အသီးသီးထံ ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

တစ်နှစ်ပြည့်ကံစမ်းမဲအစီအစဉ်အတွက်ကံထူးရှင်တွေကို ဇွန်လ (၉) ရက်၊ ဇူလိုင်လ (၉) ရက်နဲ့ သြဂုတ်လ (၄) ရက်နေ့တွေမှာ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် (၃) ခု သီးခြားပြုလုပ်ပြီး ရွေးချယ်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လ (၂၃)ရက် သောကြာနေ့မှာတော့ ကားသစ် (၆) စီးရဲ့ ကံထူးရှင်များဖြစ်ကြတဲ့ မဆုဝတ်ရည်ဦး၊ ကိုလှိုင်အောင်မြင့်၊ ကိုအိုက်နပ်ပေါင်း၊ ကိုဇော်မင်း၊ ကိုငြိမ်းချမ်းအောင်နဲ့ကိုရီဝင်းနိုင်တို့ကို Mytel က လိမ္မော်ရောင် Suzuki GLX ကားသစ်တစ်စီးစီ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

“အခုလို အသစ်စက်စက် လိမ္မော်ရောင် Suzuki GLX ကား (၆) စီးကို ကံထူးသွားတဲ့ကံထူးရှင်တွေဆီပေးအပ်ရတာက အရမ်းစိတ်လှုပ်းရှားရစေပါတယ်။ ဒီအစီအစဉ်မှာပါဝင်ခဲ့ကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အရမ်းပျော်ဖို့ကောင်းပြီး ဆုတွေလည်းကံထူးနိုင်တဲ့ဒီအစီအစဉ်လေးက ကျွန်တော်တို့အတွက် ဖန်တီးရတာပျော်စေသလို ပါဝင်ခဲ့တဲ့သူတွေအတွက်လည်း ပျော်ရွှင့်ခဲ့ရမယ်လို့ မျှော်လင့်ပါတယ်” လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက အမှတ်တရစကား ပြောခဲ့ပါတယ်။

Mytel ဟာ နောက်ဆုံးပေါ်နည်းပညာနဲ့ ဆက်သွယ်ရေးခေတ်ရေစီးကြောင်းအတိုင်း သုံးစွဲသူအားလုံးအတွက် အသက်သာဆုံးဖြစ်စေမယ့်ဝန်ဆောင်မှုနဲ့ ပရိုမိုရှင်းအစီအစဉ်တွေပေးနိင်ဖို့ အမြဲကြိုးစားနေပြီး ပိုဆန်းသစ်၊ ပိုပျာ်စရာကောင်းတဲ့အစီအစဉ်တွေကိုလည်းဆက်ပြီးဖန်တီးပေးသွားဦးမယ်လို့ ပြောဆိုထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top