ပျော်စရာ အင်တာနော့ နေ့ကလေး ဖြစ်ပါစေ (Happy Internaut Day!)

HAPPY-INTERNAUT-DAY.jpg

ချစ်ခင်ရတဲ့ စာဖတ်သူများ ခင်ဗျာ..

ဒီနေ့ facebook ကို ဖွင့်ကြည့်တဲ့ အခါ အခုလို ပုံကလေးကို မြင်ရခဲ့တယ် မဟုတ်လား။ တကယ်ဆို ဒီနေ့ဟာ လွန်ခဲ့တဲ့ (၂၅) နှစ်တုန်းက ကမ္ဘာ့သမိုင်းမှာ အင်တာနက်ကို ပထမဆုံး စတင်အသုံးပြုခဲ့ကြတဲ့ နေ့ပဲ ဖြစ်ပါတယ်။ ဆာတင်ဘာနာစ်လီး ( Sir Tim Berners-Lee) လို့ ခေါ်တဲ့ ပုဂ္ဂိုလ်ဟာ World Wide Web ကွန်ရက်ချိတ်ဆက်မှု ကို စတင်တီထွင်ခဲ့ပြီး တခြားပညာရှင်တွေက ဆက်လက် ကြိုးပမ်းကြံဆမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အင်တာနော့ (Internaut)နေ့ လို့ ခေါ်ရခြင်းကတော့ အင်တာနက် (internet) နဲ့ အာကာသယာဉ်မှူး “အက်စ်ထရိုနော့” (astronaut) ကို ပေါင်းစပ်ခေါ်ဆိုတာ ဖြစ်ပြီးတော့ အင်တာနက်ကို ကျင်လည်စွာ အသုံးပြု လုပ်ကိုင်နေသူတွေကို ရည်ညွှန်းတာပါ။ ကနဦးနေ့တွေမှာ အင်တာနက်ဟာ Internet Engineering Task Force (IETF) လို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုအတွက်သာ ရည်ရွယ်ရာကနေ တဖြည်းဖြည်းနဲ့ လူအများအသုံးပြုနိုင်လာပြီး အဘက်ဘက်က အသုံးဝင်နေတဲ့ အနေအထား အထိ ရောက်လာခဲ့တာပါ။

စာဖတ်သူတွေ အားလုံး အသိပညာ ဗဟုသုတတွေ ရှာမှီးတဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်ရာမှာပဲ ဖြစ်ဖြစ် အင်တာနက် နည်းပညာကို အကောင်းဆုံးအသုံးချပြီး ဒီထက်မက အောင်မြင်နိုင်ပါစေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပိုမို ဆက်သွယ်နိုင်ပြီး ပျော်ရွှင်မှုတွေကို မျှဝေခံစားနိုင်ပါစေလို့ အင်တာနော့ နေ့ကလေးမှာ ရိုးရာလေးက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top