အမျိုးသမီးတွေ အဖြူအရမ်းဆင်းတာကို သက်သာသွားစေနိုင်တဲ့ ဆီးဖြူသီးစေ့

18-2-2021-yyl-04.jpg

ဆီးဖြူသီးရဲ့ကောင်းကျိုးတွေကို ကြားဖူးပြီးသားဖြစ်မှာပါ။ ဒီအသီးက အအေးမိဖျားနာတာကနေ ကာကွယ်ပေးနိုင်တဲ့၊ ကိုယ်ခံအားစနစ်ကောင်းစေတဲ့၊ သွေးဖိအားထိန်းပေးနိုင်တဲ့၊ အသည်းပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေတာပါ။ ဆီးဖြူသီးရဲ့အစေ့ကလည်း ကျွန်မတို့ရဲ့ကျန်းမာရေးကို နည်းလမ်းအမျိုးမျိုးနဲ့ ထောက်ပံ့ကူညီပေးနိုင်တဲ့ အာဟာရဓာတ်နဲ့ အန်တီအောက်စီဒန့်ကြွယ်ဝစွာပါဝင်ပါတယ်။ ဆီးဖြူသီးအစေ့ကို ဖယ်ပစ်မယ့်အစား အသားရေကျန်းမာရေးအတွက် အသုံးပြုလို့ရတဲ့အပြင် ဆီးဖြူသီးစေ့အမှုန့်ကိုလည်း ကျန်းမာရေးအတွက် စားသုံးပေးလို့ရပါတယ်။ အထူးသဖြင့် ဆီးဖြူသီးစေ့က အရမ်းအဖြူဆင်းတဲ့အမျိုးသမီးအတွက် အထူးကောင်းမွန်ပါတယ်။

ဆီးဖြူသီးကို နည်းအမျိုးမျိုးနဲ့စားသုံးနိုင်ပါတယ်။ အစိမ်းစားလို့ရတဲ့အပြင် ဖျော်ရည်လုပ်သောက်တာ၊ ယိုထိုးစားတာတွေလည်း လုပ်လို့ရပါတယ်။ ဒါပေမဲ့ အရမ်းအဖြူဆင်းတဲ့အမျိုးသမီးတွေကတော့ ဆီးဖြူသီးစေ့အမှုန့်ကို စားပေးသင့်ပါတယ်။ ဆီးဖြူသီးစေ့အမှုန့်ကို ဈေးဝယ်စင်တာတွေမှာ ရနိုင်သလို ကိုယ်တိုင်လည်း လုပ်လို့ရပါတယ်။ ဆီးဖြူသီးအစေ့ကို ယူပြီး အမှုန့်ကြိတ်ပေးပါ။ ပြီးရင် ပျားရည်ထည့်ပြီး အနှစ်ဖြစ်သွားအောင် ရောစပ်လိုက်ပါ။ အဲဒီနောက် လေလုံတဲ့ဗူးထဲထည့်ပြီး သိုလှောင်ထားလိုက်ပါ။ ဘယ်လိုအသုံးပြုရမလဲဆိုရင် ဗူးထဲသိုလှောင်ထားတဲ့ ဆီးဖြူသီးစေ့အနှစ်ကို စားပွဲတင်ဇွန်း (၁) ဇွန်းလောက်ယူပြီး ရေနွေးနွေးတစ်ခွက်ထဲ ထည့်ကာ မွှေပြီး မနက်ခင်းတိုင်း သောက်သုံးပေးနိုင်ပါတယ်။

အဖြူဆင်းတာ တချို့အခြေအနေတွေမှာ ရောဂါပိုးဝင်ခြင်းရဲ့လက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ မိန်းမအင်္ဂါပိုးဝင်တာကြောင့် အဖြူဆင်းတာပမာဏက တိုးလာတာဖြစ်နိုင်ပါတယ်။ ဆီးဖြူသီးစေ့က ရောဂါပိုးဝင်တာကို သက်သာသွားစေဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ အဖြူဆင်းတာများတဲ့သူတွေက ဆီးဖြူသီးစေ့မှုန့်အနှစ်ကို ရလဒ်ကောင်းရဖို့အတွက် တစ်ပတ်လောက် သောက်သုံးပေးသင့်ပါတယ်။

ဆီးဖြူသီးက ကျန်းမာရေးနဲ့ညီညွှတ်ပေမဲ့ တချို့အခြေအနေတွေမှာ ရှောင်ကျဉ်ရပါမယ်။ သွေးကျဲဆေးသောက်တဲ့သူတွေ၊ ခွဲစိတ်ကုသမှုခံယူတော့မယ့်သူတွေတော့ မစားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်သည်၊ နို့တိုက်မိခင်တွေလည်း ရှောင်ကျဉ်သင့်ပါတယ်။

Ref: Having Amla This Way Can Help Treat White Vaginal Discharge In Women


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top