ချဲလ်ဆီးကွင်းလယ်လူ ဟာဇက် ဘယ်လ်ဂျီယံ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ရရှိ

47B3AF7900000578-5229063-image-a-183_1514910544118.jpg

ချဲလ်ဆီးကွင်းလယ်လူ အီဒင် ဟာဇက် ဟာ မန်စီးတီး ကွင်းလယ်လူ ကီဗင်ဒီဘရိုင်း ၊ မန်ယူတိုက်စစ်မှုး လူကာကူ တို့ကိုကျော်ပြီး ၂၀၁၇ ခုနှစ်အတွက်ဘယ်လ်ဂျီယံ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ရရှိသွားခဲ့တယ်လို့သိရပါတယ်။

အဆိုပါ ဆုကို ပရိသတ်များက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး မဲရလဒ်တွေကိုဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က တွစ်တာမှ တဆင့်ထုတ်ပြန်သွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဟာဇက် ဟာ ဆန္ဒမဲပေါင်း ၁၀၂၈၀ မဲရရှိခဲ့ပြီး လက်ရွေးစင်အသင်းဖော်တွေ ဖြစ်တဲ့ ဒီဘရိုင်းနဲ့ လူကာကူကိုကျော်ဖြတ်ကာ အကောင်းဆုံးဆု ရသွားခဲ့တာဖြစ်ပါတယ်။ ကီဗင်ဒီဘရိုင်း ဟာ ဆန္ဒမဲ ၄၇၁၀ မဲ နဲ့ လူကာကူက ၃၂၂၃ မဲသာရရှိခဲ့တယ်လို့သိရပါတယ်။

ဟာဇက်ဟာ မေလ က ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီယားလိဂ်ချန်ပီယံဆု ကိုရယူနိုင်ခဲ့ပြီး ရုရှားနိုင်ငံမှာကျင်းပမယ့် ကမ္ဘာဖလား ပြိုင်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေဖို့ ၂၀၁၇ ခုနှစ်အတွင်းမှာ ဘယ်လ်ဂျီယံ အသင်းအတွက် ခြေစွမ်းပြ ကူညီပေးနိုင်မှုတွေလုပ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ် ဟာ ဒီဇင်ဘာ ၂၅ ရက်နေ့က အကောင်းဆုံးဘောလုံးသမားဆုအတွက် ပရိသတ်တွေ ရွေးချယ်စေဖို့ ကစားသမား ၁၄ ဦးစာရင်းကို ကြေညာခဲ့ပြီး အဲဒီထဲမှ ပရိသတ်တွေ က တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု အတွက် မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံဟာ ကမ္ဘာဖလားခြေစစ်ပွဲမှာ တစ်ပွဲသာ သရေကျခဲ့ပြီး ကျန်ပွဲများကိုအနိုင်ရခဲ့ကာ အုပ်စုအတွင်း ကစားတဲ့ ၁၀ ပွဲမှာ ၄၆ ဂိုးသွင်းနိုင်ပြီး ၆ ဂိုးသာ သွင်းယူခံခဲ့ရပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : DailyMail : Hazard voted Belgium Player of the Year by fans

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top