ထိုင်းပျိုမေလေးတွေလို ပြစ်မျိုးမှဲ့မထင် လှချင်တယ်ဆိုရင်

ထိုင်းမင်းသမီးလေးတွေရဲ့အသားအရေရော၊ ဆံကေသာရောက အရမ်းကိုလှတာနော်။ ဝင်းမွတ်နေလိုက်တယ်ဆိုတာမှ အပြစ်ပြောစရာ မရှိလောက်အောင်ပါပဲ။ ကိုယ်တွေနိုင်ငံနဲ့ယှဉ်ရင်

ရာသီဥတု၊ ဓလေ့စရိုက်တွေသိပ်မကွာဘဲ ဘာလို့များ သိပ်ကို နူးညံ့လှပနေရတာလဲနော်။ လျှို့ဝှက်ချက်တွေရှိပါတယ်။ ပိုပြီးရှင်းအောင်ပြောရမယ်ဆိုရင်တော့ စကင်းကဲရ် (skin care) ပေါ့။

ဟုတ်ပါပြီ ... တစ်နေ့တာ အသားအရေထိန်းသိမ်းနည်းတွေ အမျိုးမျိုးရှိတဲ့အထဲကမှ ဒီတစ်ပတ်ရိုးရာလေးစာမျက်နှာရဲ့ အလှအပကဏ္ဍမှာတော့ ထိုင်းပျိုမယ်လေးတို့ရဲ့အသားအရေထိန်းသိမ်းနည်းလေးကို ဖော်ပြပေးသွားချင်ပါတယ်။ ဆက်ပြီးတော့ ကြည့်လိုက်ကြရအောင်...။

၁။ နနွင်း

ထိုင်းအမျိုးသမီးတွေက နနွင်းကို မျက်နှာသစ်ခရင်အနေနဲ့အသုံးပြုကြပါတယ်။ နနွင်းမှုန့်ကိုရေရော၊ သမအောင်မွှေပြီး အသုံးပြုကြတာပါ။ မျက်နှာတစ်ပြင်လုံး အနှံ့သုတ်လိမ်းထားပြီး (၅) မိနစ်လောက်ကြာအောင်ထားထားလိုက်ပါတယ်။ ပြီးရင်တော့ ရေဆေးချလိုက်ရုံပါပဲ။

၂။ သင်္ဘောသီး

သဘောင်္သီးကိုသုံးပြီး စကင်းကဲရ်တာတော့ ခပ်ရှားရှားပဲနော်။ အသားအရေကို တောက်ပလာစေနိုင်ပါတယ်တဲ့လေ။ ထွေထွေထူးထူးဘာမှ မလုပ်ရပါဘူး။ မှည့်နေတဲ့သင်္ဘောသီးလေး နှစ်ဇွန်းလောက်ကို ပန်းကန်လုံးလေးထဲထည့်ပြီး ဇွန်းအကူအညီနဲ့သမအောင်ချေပေးလိုက်ရုံပါပဲ။ ပြီးရင်တော့ (၁၀-၁၅) မိနစ်လောက်မျက်နှာပေါ်ထားထားပြီး ရေအေးလေးနဲ့ဆေးချလိုက်ပါ။

၃။ မန်ကျည်းသီး

မန်ကျည်းသီးကိုတော့ ကိုယ်တိုက်ချေးချွတ်ဖို့အတွက် အသုံးပြုကြပါတယ်။ ပွအောင်လို့ အချိန်တစ်ခုလောက် ရေထဲအရင်စိမ်ထားပြီး မျက်နှာနဲ့ ကိုယ်ခန္ဓာအနှံ့ကို အလျဉ်းသင့်သလို ပွတ်တိုက်အသုံးပြုပေးလို့ရပါတယ်။ ပိုပြီးကောင်းမွန်တဲ့ရလဒ်ရချင်တယ်ဆိုရင်တော့ မန်းကျည်းသီးကို ဒိန်ချဉ်နဲ့ရောပြီး အသုံးပြုလို့ရပါတယ်။

၎။ အုန်းဆီ

အုန်းဆီကတော့ ထိုင်းအမျိုးသမီးတွေကြားမှာ ရေပန်းအစားဆုံးအလှဆီပါပဲ။ အစားအစာတွေထဲ ထည့်ပြီးစားလို့ရသလို ဆံကေသာနဲ့တခြားခြောက်သွေ့တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေအတွက်လည်း အလှဆီအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။

၅။ အသီးရည်

အပြင်ပန်းအသားအရေကိုပဲ ဂရုစိုက်နေလို့မရပါဘူး။ ကြည်ကြည်လင်လင်နဲ့ လှချင်ပချင်တယ်တော့ ကိုယ်ခန္ဓာအတွင်းရော၊ အပြင်ကိုပါ ဂရုစိုက်ပေးဖို့လိုပါတယ်။ ထိုင်းအမျိုးသမီးလေးတွေက ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရရှိဖို့ ရေနဲ့ အခြားအသီးဖျော်ရည်တွေကို များများလေးသောက်ပေးကြပါတယ်။ အဆိပ်အတောက်ကင်းစင်ပြီး မျက်နှာလေးကြည်လင်ဝင်းပလာစေဖို့အတွက်ပါ။

Ref : newsrepublic “5 Beauty secrets from Thai beauty regime”

Po Mo Htoo Aung (ရိုးရာလေး