ကလီယိုပါထရာရဲ့ ခေတ်မီနေဆဲ အလှအပ ထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၅)ချက်

ကလီယိုပါထရာလို့ဆိုလိုက်တာနဲ့ အင်အားကြီး ဘုရင်တွေက သူ့အလှအပရှေ့ ဒူးထောက်အရှုံးပေးရတဲ့ အလှဘုရင်မဆိုတာ တန်းပြီး သတိရကြမှာပါ… လှသလောက် မာနကြီးတဲ့ ဘုရင်မ၊ ချောသလောက်

အဆိပ်ပြင်းတဲ့ ဘုရင်မ၊ အပြစ်ကင်းစင်တဲ့ ဟန်နဲ့ မာယာများလွန်းတဲ့ ဘုရင်မရယ်လို့ ပညတ်ချက်တွေနဲ့ ကျော်ကြားခဲ့တဲ့ ကလီယိုပါထရာဟာ လှလွန်းသလို အလှကြိုက်လွန်းတဲ့သူပါပဲ…. သူ့ရဲ့ အလှအပတွေ ယုတ်လျော့မသွားအောင်၊ ဘယ်လိုကြည့်ကြည့် ပြစ်မျိုးမှဲ့မထင်အောင်လည်း အမြဲ ထိန်းသိမ်းတတ်ပါသတဲ့လေ.. ဒါဆို သူ့ရဲ့ လှပပျိုမြစ်မှုတွေကို ထိန်းထားနိုင်တဲ့ အလှအပ လျှို့ဝှက်ချက်တွေက ဘာတွေများဖြစ်မလဲ?

၁။ နွားနို့နဲ့ ပျားရည်

ခေတ်မီလှချည့်… နွားနို့ရော ပျားရည်အရောဟာ အသားအရေအတွက် သိပ်ကောင်းတာ ဒီဘက်ခေတ်ထိ လက်ခံထားကြတဲ့ အမှန်တရားပါပဲ.. ကလီယိုပါထရာဟာ ရေချိုးဇလားထဲ နို့နဲ့ ပျားရည်ထည့်ပြီး စိမ်လေ့ရှိပါသတဲ့.. ဒါက အသားအရေကို နူးညံ့ချောမွတ်စေပြီး ဆဲလ်လေတွေ (ကြေးညှော်တွေ) ကိုလည်း သဘာဝအတိုင်း ဖယ်ရှားပေးနိုင်တယ်လေ.. ဒီတော့ ကလီယိုပါထရာလို နို့နဲ့ ရေချိုးချင်တယ်.. နွားနို့ဖိုးလည်း မတတ်နိုင်ဘူး (အင်းလေ.. ကိုယ်စိမ်ရမယ့် Bath Tab- ရေချိုးဇလားတစ်ခုစာ နွားနို့ဖြည့်ရရင် မွဲရချည်ရဲ့) ဆိုရင်တော့ဖြင့် ကိုယ်စိမ်မယ့် ရေထဲကို နွားနို့ ၂ခွက် နဲ့ ပျားရည် ခွက်တစ်ဝက်လောက် ရောထည့်ပြီး သေချာ မွှေပြီး စိမ်ကြပါ ပျိုမေတို့ရေ…။

၂။ ပင်လယ်သေက ဆား

ပင်လယ်သေရဲ့ ရေက ခန္ဓာကိုယ်ရဲ့ ကုစားမှုနှုန်းကို မြန်စေတယ်တို့၊ အသားအရေအတွက် လိုအပ်တဲ့ ဓာတ်သတ္တုတွေ ပါဝင်တယ်တို့ ကြားဖူးကြမှာပါ.. ခုခေတ်မှာတောင် ပင်လယ်သေထဲ သွားသွားစိမ်ကြသေးတာကလား.. ကလီယိုပါထရာကတော့ ပင်လယ်သေရဲ့ ရေက ချက်ထားတဲ့ ဆားနဲ့ ခန္ဓာကိုယ်ကို ကြေးချွတ်ပါတယ်တဲ့လေ.. သူ့ချည်းပဲလားဆိုရင်တော့ သံလွင်ဆီလေးနဲ့ပါဘုရားလို့ ဖြေရမှာပေါ့… ပင်လယ်သေက ဆားနဲ့ သံလွင်ဆီ ရောပြီးတော့ ကြေးချွတ်တာပါတဲ့နော်..။

၃။ နှင်းဆီရည်

ခုနောက်ပိုင်းမှ ပေါ်လာတယ်အောက်မေ့တာ ကလီယိုပါထရာ လက်ထက်ကတည်းက ရှိသကိုး… ကလီယိုပါထရာဟာ ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေအတွက် နှင်းဆီရည်ကို တိုနာအဖြစ် သုံးတတ်တယ်လို့ ဆိုပါတယ်။ နှင်းဆီရည်ကို သုံးရခြင်းရဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ကလီယိုပါထရာရဲ့ အကြိုက်ဆုံး ရနံ့ဟာ နှင်းဆီရနံ့ နဲ့ စံပယ်ရနံ့ဖြစ်နေလို့ပါတဲ့… ပြီးတော့ နှင်းဆီရည်က အသားအရေကို စိုပြည်ချောမွတ်စေတယ်လေ.. ကဲ.. ဘာကြည့်နေတာလဲ? နှင်းဆီရည် (Rose Water) ပြေးဝယ်ကြတော့လေ...။

၎။ ဒန်း

စီးတဲ့ဒန်းတော့ မဟုတ်ဘူးနော် :D ဒန်းပင်ကို ပြောတာပါ.. ခုနောက်ပိုင်း လက်ပေါ်မှာ ပန်းချီဆွဲတာတွေကလည်း ခေတ်စားလာတော့ အထွေအထူးတော့ မပြောတော့ပါဘူးနော်.. ကလီယိုပါထရာကတော့ ဒီဒန်းပင်ကိုသုံးပြီး လက်သည်းနီဆိုးပါသတဲ့။ ပြီးတော့ ဘယ်ရီသီးအနှစ်တွေ အခြားအခြားသော အပင်တွေနဲ့ ရောပြီး ဆံပင်ကိုလည်း လိုချင်တဲ့ အရောင်ရအောင် ဆိုးလေ့ရှိပါသေးသတဲ့… ဟုတ်နေတာနော်.. ခုချိန်ထိတောင် ဒန်းကိုသုံးပြီး ဆံပင်ဆေးဆိုးတာတွေ၊ လက်မှာ အရောင်ဆိုးတာတွေ ရှိနေကြသေးတာ မဟုတ်လား...။

၅။ သကြား

စားတာလား...မဟုတ်ပါဘူးနော် :D ဒီနှစ်ပိုင်းတွေမှ အရမ်းခေတ်စားလာတဲ့ သကြားကိုသုံးပြီး ခန္ဓာကိုယ်ပေါ်က မလိုအပ်တဲ့ အမွေးအမျှင်ဖယ်ရှားခြင်းကို ဟိုးအရင် ရာစုနှစ်တွေကတည်းက ကလီယိုပါထရာက သုံးပြီးနေပါပြီ :D ဖယောင်းသုံးပြီး အမွေးအမျှင်ဖယ်ရှားသလို Sugar Wax လို့ခေါ်တဲ့ သကြားကိုသုံးပြီး အမွေးအမျှင်ဖယ်ရှားတာကလည်း ဆဲလ်သေအလွှာကိုပါ ခွာချပေးနိုင်သလို နာကျင်ခြင်းကိုလည်း သက်သာစေပါတယ်… မသုံးဖူးသေးရင် သုံးကြည့်စေချင်မိ ;)

ကဲ.. ကဲ… ဘယ့်နှယ်ရှိစ လွန်ခဲ့တဲ့ နှစ်ရာချီကတည်းက နည်းလမ်းတွေက ခုချိန်ထိ ခေတ်မီနေဆဲပဲ ဟုတ်.. ဒါကြောင့်လည်း အီဂျစ်တွေရယ်လို့ လက်မထောင်နိုင်ခဲ့တာ နေပါလိမ့်မယ်… ဆေးပညာ၊ နည်းပညာဆိုရင်လည်း ရှေးဟောင်း အီဂျစ်တွေက မှတ်တိုင်တစ်ခုပဲ မဟုတ်လား? ဒီဆောင်းပါးလေးကိုလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်နော်… နောက်ထပ် နောက်ထပ်လည်း ဘယ်လို စိတ်ဝင်စားစရာ ဆောင်းပါးလေးတွေနဲ့ ပြန်လာခဲ့မလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးလို့…။

Ref: Style Craze “Cleopatra Beauty Secrets” , The Alternative Daily “13 natural beauty secret of seductive Cleopatra” , Marie Clarie “ 10 Beauty Secrets from Ancient Egypts”

Angelic Demon (ရိုးရာလေး)