Category: Health

ရေသောက်နည်းရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ

ရေသောက်ခြင်းဟာ နေ့စဉ်လုပ်ဆောင်ရမယ့် မဖြစ်မနေကိစ္စတွေထဲက အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအရလည်း လူတိုင်းဟာ

Category: Health

ဘေဘီလေးတွေမှာ ကိုက်ချင်စရာ ကောင်းတဲ့ ပါးမို့မို့လေး ရှိတာ ဘာကြောင့်လဲ

ပါးမို့မို့လေးနဲ့ ကလေးပိစိလေးတွေကို မြင်ရင် ပါးဆွဲချင်တာမျိုး ဖြစ်ဖူးတယ်မလား။ တချို့ဆို အသည်းယားလွန်းလို့ ကိုက်ပစ်ချင်လောက်အောင်

Category: Health

ခြေဖဝါးကပြောပြနေတဲ့ ကျန်းမာရေး အကြောင်းတစေ့တစောင်း

လူ့ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာ အမျိုးမျိုးနဲ့ပတ်သက်ပြီး အထောက်အထား ပြနိုင်တဲ့ ရောဂါရှာဖွေရေး ကိရိယာက ခြေဖဝါးပါတဲ့။ ခြေဖဝါးက ပြောပြလာတဲ့ အရေးပေါ် လက္ခဏာလေးတွေကို သိထားရင်

Category: Health

အလှပျက်ရုံထက် ပိုပါတယ်

အစားတစ်လိုင်း ကိုကို မမတို့အနေနဲ့ စားနေဝါးနေ ဝါးတီးတမုန်းဆွဲနေချိန်မှာ " ငါဝလာတော့မှာပဲ " " အဝတ်အစားတွေ ကြပ်ကုန်တော့မှာပဲ " " အရမ်းဝလာရင် ခန္ဓာကိုယ်က ကြည့်ကောင်းတော့မှာမဟုတ်ဘူး " စတဲ့ အတွေးအချို့ကလွဲလို့ အခြားစိတ်ပူတာ မယ်မယ်ရရ ရှိကြမယ်မထင်ပါဘူး။ " ကဲ....ဝကာမှဝရော....မလှလည်း ပြသနာမရှိဘူး...အစားတော့ မလျှော့နိုင်ဘူး " ဆိုတာလည်း ကြားနေကြစကားပါ။ သို့ပေမယ့်....လက်တွေ့မယ်တော့....အဝလွန်ခြင်းရဲ့ဆိုးကျိုးဟာ အလှပျက်ရုံဆိုတာထက် အများကြီးပိုပါတယ်။သတိထားနိုင်ဖို့ရာ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆီးချိုရောဂါဖြစ်နိုင်ချေများခြင်း

အဝလွန်ခြင်းကြောင့် အသက် ၄၀ ကျော်လာတဲ့အခါ ဆီးချိုရောဂါဖြစ်နိုင်ချေ များလာပါတယ်။ အဝလွန်သူတွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ကိုယ်ဝန်ဆောင်ဆီးချိုပြဿနာနဲ့ ကြုံတွေ့ရနိုင်ဖွယ်ရှိပါတယ်။

(၂) သွေးတိုး၊ နှလုံး၊ နှလုံးသွေးကြောကျဉ်းရောဂါများဆက်နွယ်ဖြစ်ပေါ်လာနိုင်ခြင်း

အဆီတွေ သွေးကြောထဲမှာ စုပုံလာတာကြောင့် သွေးကြောတွေကျဉ်းလာပြီး သွေးတိုး၊ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ချေများလာပါတယ်။

(၃) အသက်ရှူရခက်ခဲခြင်း၊ အမောမခံနိုင်ခြင်းနှင့် အိပ်နေစဉ်မကြာခဏအသက်ရှူရပ်သွားခြင်း

ခန္ဓာကိုယ်က အဆီပိုတွေကြောင့် အသက်ရှူကြွက်သားများ ကျုံ့ရာဆန့်ရာမှာ အဟန့်အတားဖြစ်စေတာမို့ အသက်ရှူရခက်ခဲခြင်းဖြစ်ပေါ်နိုင်ပါတယ်။ အသက်ရှူရခက်ခဲတာကြောင့် အသက်ရှူမဝတဲ့အခါ ကိုယ်ခန္ဓာအတွက် လုံလောက်တဲ့ အောက်စီဂျင်မရဘဲ လမ်းကြာကြာလျှောက်တာ၊ လှေကားတက်တာ တို့မှာ အမောမခံနိုင်ဖြစ်လာပါတယ်။ အိပ်နေစဉ်ဟောက်ခြင်း၊ မကြာခဏအသက်ရှူရပ်သွားခြင်းများလည်း ဖြစ်နိုင်ပါတယ်။

(၄) အချို့သောကင်ဆာအမျိုးအစားများဖြစ်နိုင်ချေမြင့်တက်လာခြင်း

အဝလွန်ခြင်းနဲ့ဆက်စပ်နေတဲ့ ကင်ဆာအမျိုးအစားများကတော့ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊အစာရေမြိုကင်ဆာ၊ သည်းခြေကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ)၊ သိုင်းရွိုက်ကင်ဆာ တို့ပဲဖြစ်ပါတယ်။

(၅) ဒူးနာ၊ ခါးနာ အန္တရာယ်

ကိုယ်အလေးချိန်များလာတာနဲ့အမျှ ဒူးနဲ့ခါးလိုနေရာမျိုးဟာ အထိုင်အထ၊ လမ်းလျှောက် စတဲ့လှုပ်ရှားမှုမှန်သမျှမှာ ဝန်ပိ ဒဏ်ပိလာတာကြောင့် ဒူးနာ ခါးနာ အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့လာရပါတယ်။

 

(၆) မျိုးပွားမှာဆိုင်ရာပြသနာများပေါ်ပေါက်လာနိုင်ခြင်း

ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေနဲ့ယှဉ်ရင် အဝလွန်သူတွေမှာ မျိုးအောင်နိုင်ချေ၊ ကလေးရနိုင်ချေ လျော့နည်းကျဆင်းသွားတတ်ပါတယ်။

(၇) အဝတ်အစားရွေးချယ်ရခက်ခြင်း

ဒီအချက်က ပြောစရာမလိုလောက်အောင် အဝလွန်သူတိုင်းနီးပါး ကြုံတွေ့ဖူးတဲ့ ပြဿနာပဲဖြစ်ပါတယ်။

(၈) ကိုယ်နံ့နံခြင်း

အဆီပိုများကြောင့် ခန္ဓာကိုယ်လေဝင်လေထွက်မကောင်းတော့ဘဲ ကိုယ်နံ့နံနိုင်ပါတယ်။

(၉) စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ

အဝလွန်သူတွေအနေနဲ့ အဝတ်အစားရွေးချယ်ရခက်ခြင်း၊ ရောဂါဝေဒနာထူပြောခြင်း၊ အလုပ်အများစုဟာ ရုပ်ရည်ခန္ဓာကိုယ်သွင်ပြင်ကို ဦးစားပေးလာတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းစတဲ့အကြောင်းကြောင်းကြောင့် စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းအပါအဝင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုတောင် ခံစားရလာနိုင်ပါတယ်။

(၁၀) သက်တမ်းတိုခြင်း

အထက်ဖော်ပြပါ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် သက်တမ်းတိုနိုင်တာမို့ အချိန်မနှောင်းမီ ပုံမှန်ကိုယ်အလေးချိန်ပြန်လည်ရရှိအောင် ကြိုးစားသင့်ပါတယ်။ မိမိတစ်ဦးတစ်ယောက်တည်းရဲ့ ကြိုးစားမှုနဲ့ မလုံလောက်ပါက ဆရာဝန်နဲ့ မိသားစုထံမှ အကူအညီရယူပြီး ကိုယ်အလေးချိန်လျော့ချရန် အကြံပြုလိုပါတယ်။

ဟုတ်ပါတယ်...အဝလွန်ခြင်းဟာ အလှပျက်ရုံထက် များစွာကို ပိုပါတယ်။

မေ@ဆေး၂ (ရိုးရာလေး)

Category: Health

နေ့စဉ်ပုံမှန်စားသုံးနေကျ အစားအစာလေးတွေနဲ့ အမြင်အာရုံဝေဝါးခြင်းကို ပြန်လည်ကုသကြရအောင်

နည်းပညာတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ မျိုးဆက်သစ် လူငယ်တွေတော်တော်များများဟာ အီလက်ထရောနစ်ပစ္စည်းတွေရဲ့သားကောင်တွေ ဖြစ်မှန်းမသိဖြစ်လာကြပြီး မျက်မှန်နဲ့ကင်းသူဆိုတာဟာလည်း မရှိသလောက်ကို ရှားပါးလာပါတယ်။

တခြားမပြောသေးပါဘူး။ အမေမွေးတုန်းကအကောင်း။ ညဘက်တွေ အမှောင်ထဲဖုန်းသုံးများပြီး လွန်ခဲ့တဲ့ (၃) လလောက်ကမှ မျက်မှန်လုပ်လိုက်ရတာက စာရေးသူပါ။ အဲဒီတော့မှပဲ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို သတိထားမိလေရဲ့။ မျက်မှန်နဲ့သူ ဘယ်နှယောက်များရှိလဲပေါ့။ ကိုယ့်စာသင်ခန်းထဲက ကျောင်းသားတစ်ဝက်ကျော်လောက်က မျက်မှန်တွေချည်းပါပဲ။ အဲဒီထဲကမှ မွေးရာပါအမြင်အာရုံအားနည်းသူက (၅) ယောက်တောင်မပြည့်ဘဲ ကျန်မျက်မှန်တွေအားလုံးက ကိုယ့်မျက်လုံးကိုယ် ဂရုမစိုက်ဘဲ ဖြစ်သလိုနေလို့ အမြင်အာရုံဝေဝါးလာရသူတွေပါ။ မွေးရာပါမဟုတ်တဲ့အတွက် ကုသရတာ ပိုပြီးတော့ လွယ်ကူပါတယ်။ ကုသတယ်ဆိုတဲ့နေရာမှာလည်း ဇီဝဗေဒနည်းနဲ့ ကုသတာကတစ်ပိုင်း၊ ဒီလိုအသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေစားပြီး ကုသတာက တစ်ပိုင်းရယ်ဆိုပြီးခွဲထားပါသေးတယ်။

ဆိုတော့ ဒီဆောင်းပါးလေးကနေတစ်ဆင့် ဘယ်အသီးအနှံတွေက သင့်ရဲ့အမြင်အာရုံကိုတိုးတက်စေနိုင်လဲဆိုတာကို ဖော်ပြပေးသွားပါ့မယ်။ ဆက်လက်ဖတ်ရှူကြည့်လိုက်ပါဦး။

၁။ မုန်လာဥနီ

မျက်စိကျန်းမာရေးအတွက် မုန်လာဥနီလောက်ကောင်းတဲ့ အသီးအနှံဆိုတာလည်း မရှိတော့ပါဘူး။ ဗီတာမင်အေဓာတ် ကြွယ်ဝစွာပါဝင်တဲ့ မုန်လာဥနီဟာ ကြက်မျက်သင့်ရောဂါကိုလည်း တားဆီးပေးနိုင်ပါတယ်။ မျက်စိကျန်းမာရေးအတွက်လည်း များစွာအထောက်အကူဖြစ်တဲ့အသီးပါ။

တခြား ဥနီမှာပါဝင်တဲ့ အမ်တီ-အောက်စီဒန့် (antioxidants)၊ ဘီတာ ကယ်ရိုတင်း (beta-carotene)၊ လကိုယ်လ်ပင်ဖ်း (lycopene) နဲ့ လူတင်း (lutein) ဓာတ်တွေဟာဆိုရင်လည်း အသက်ကြီးတဲ့အခါမှာ အများဆုံးဖြစ်ပွားတတ်တဲ့ အမြင်အာရုံဝေဝါးလာခြင်းကို မဖြစ်ပွားစေရန် ကာကွယ်တားဆီးပေးနိုင်ပါတယ်။ စားပေးသင့်ပါတယ်နော်။

၂။ ဆော်လမွန်နဲ့ ငါးသေတ္တာ

မျက်စိအားကောင်းချင်တယ်ဆိုရင်တော့ ငါးကိုမဖြစ်မနေစားပေးသင့်တယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါ။ ၎င်းမှာပါဝင်နေတဲ့ အိုမီဂါ 3 ဖက်တီး အက်ဆစ် ဟာ (omega-3 fatty acids) မျက်စိကျန်းမာရေးကို များစွာတိုးတက်စေနိုင်ပါတယ်။

ပုံမှန်စားပေးမယ်ဆို မျက်လုံးတွင်းမှာရှိတဲ့ အလွန်သေးငယ်တဲ့သွေးကြောလေးတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ ဆော်လမွန်၊ ငါးသေတ္တာနဲ့ ငါးသလောက်တို့လို့ငါးမျိုးတွေကို နှစ်ပတ် တစ်ခါလောက်တော့ ပုံမှန်စားပေးသင့်ပါတယ်။

၃။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းဟာဆိုရင် မျက်စိကျန်းမာရေးအတွက်သာမကပဲ ကိုယ်ခန္ဓာတစ်ခုလုံးအတွက်ပါ များစွာအထောက်အကူပြုပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာပါဝင်တဲ့ ဗီတာမင်နဲ့ အမ်တီ-အောက်စီဒန့်ဓာတ်တွေက ကိုယ်ခန္ဓာအတွက် အမှန်တကယ်လိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်လို့ မကြာခဏစားပေးသင့်ပါတယ်။ ဗီတာမင် အေ၊ စီနဲ့ အီးတို့လည်း အချိုးကျပါဝင်နေတာမို့ သင့်ရဲ့မျက်စိကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

၎။ ဟင်းနုနွယ်

အထက်မှာဖော်ပြခဲ့သလိုပဲ ဟင်းနုနွယ်ရွက်မှာဆိုရင်လည်း အမြင်အာရုံကို တိုးတက်စေနိုင်တဲ့ ဗီတာမင် အေ၊စီ၊ အီးနဲ့ ဘီတာ ကယ်ရိုတင်း၊ လူတင်းဓာတ်တို့ပါဝင်ပါတယ်။

၅။ ဥ

ယုံချင်မှလည်းယုံမှာပေါ့နော်။ ကြက်ဥ၊ ဘဲဥစတာတွေက သင့်ရဲ့မျက်စိကျန်းမာရေးကို တိုးတက်လာစေနိုင်ပါတယ်။ ၎င်းမှာ ဘီတာမင်အေ၊ ဘီတာမင်စီ၊ ဖက်တီး အက်ဆစ်နဲ့ ဇင့်ဓာတ်တို့ပါဝင်ပါတယ်။

တစ်နေ့ဘယ်လောက်စားရမယ်ဆိုတာက အရေးမကြီးပါဘူး။ အဓိကမနက်စာမှာ ထည့်စားပေးပါ။ အမြင်အာရုံကိုသာမက သင့်ရဲ့ကိုယ်ခန္ဓာအချိုးအစားကိုပါ လှပလာစေပါလိမ့်မယ်။

ကဲ ... ဒီလောက်ဆို နေ့စဉ်စားသုံးနေတဲ့ အစားအစာ၊ အသီးအနှံတွေထဲ ဘယ်အရာတွေက ကိုယ့်ရဲ့အမြင်အာရုံကိုတိုးတက်စေပြီး မျက်စိကျန်းမာရေးပါကောင်းမွန်လာစေနိုင်တယ်ဆိုတာကို သိသင့်သလောက်တော့ သိသွားလောက်ပြီထင်ပါတယ်။ နောက်ဆို ပြောပြပေးခဲ့တဲ့အသီးအနှံနဲ့ အသား၊ ငါးတွေကို ပိုစားပေးပေါ့။ ရလဒ်ကောင်းတွေကို တဖြည်းဖြည်းတွေ့ရှိလာရပါလိမ့်မယ်။

Ref : Health and Healthy living “Start Eating These 7 Foods Every Day And Watch Your Eyesight Improve”

Po Mo Htoo Aung (ရိုးရာလေး)

Category: Health

အုန်းရည် အဂုင်္လိမာလသုတ်နှင့် မဗိုက်

မြန်မာအမျိုးသမီးတို့ ကိုယ်ဝန်ဆောင် မီးဖွားတော့မယ်ဆို အဂုင်္လိမာလသုတ်နှင့် အုန်းရည်ကတော့ မပါမဖြစ် ပါပဲ။ မွေးရ ဖွားရ လွယ်စေတယ်တဲ့...။ ဒါက

Category: Health

အော်တစ်ဇင်ကလေးဖြစ်ကြောင်း ပြသနေတဲ့ လက္ခဏာ (၅) ရပ်

"ကျွန်မကလေးမှာရော အော်တစ်ဇင်ရောဂါရှိလား"

ကလေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုအရမ်းများတတ်တဲ့ မိဘတွေက ကြောက်လန့်တကြားနဲ့ ဒီလိုမေးခွန်းမျိုး မေးတတ်ကြပါတယ်။

Category: Health

အရက် ဘီယာ အလွန်အကျွံသောက်မိရင် သင့်ခန္ဓာကိုယ်က ဘယ်လိုတုံပြန်မလဲ

မူးယစ်စေတဲ့ အရက် ဘီယာဆိုတာ မသောက်ဘဲရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။ တစ်နေကုန် အလုပ်ပင်ပန်းလို့ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ သောက်မယ်ဆိုရင်လည်း အတိုင်းအတာတစ်ခု ထားရှိပြီးမှ သောက်သင့်ပါတယ်။

Category: Health

ဟိုဟာလာရင် ဟိုလိုလုပ်ပါ

"အစ်မ သမီး ဟိုဟာလာနေတာ...အဲဒါ..."

"ညီမလေး...အစ်မ ဟိုဟာလာနေလို့လေ..." မိန်းကလေးသူငယ်ချင်း အသိမိတ်ဆွေ တစ်ယောက်ယောက် ဒီလိုစကားအစချီပြီဆို

Category: Health

ငှက်ဖျားရောဂါ ကုသနိုင်တဲ့ ဆေးတစ်မျိုး ထပ်မံတွေ့ရှိ

ငှက်ဖျားရောဂါကြောင့် တစ်ကမ္ဘာလုံးမှာ နှစ်စဉ် လူပေါင်း ၈.၅ သန်းလောက် နာမကျန်း ဖြစ်နေရပြီး သွေးရည်ကြည်ထဲမှာ ရှိနေတဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်တာပိုများတယ်လို့ ဆိုပါတယ်။

Category: Health

နှလုံးကျန်းမာရေးကောင်းစေဖို့ရာ

Disease Control and Prevention စင်တာရဲ့ပြောကြားချက်အရ နှစ်စဉ် US လူဦးရေ (၆၁၀,၀၀၀) ဟာ နှလုံးရောဂါကြောင့် သေဆုံးနေရတယ်လို့ဆိုပါတယ်။ ဒီလိုနှလုံးရောဂါကို ကာကွယ်နိုင်ဖို့နဲ့ နှလုံးကျန်းမာရေးပိုကောင်းမွန်လာဖို့ဆိုရင်တော့

Category: Health

မိုးတွင်းရောက်မှ သန်ချကြမှာလား

တလောက... မိုးမကျခင်လောက်ကပေါ့. ...ဆေးခန်းကိုလူနာတွေလာတဲ့အခါ သန်ချဖို့ပြောရင် "သန်က အခုချရမှာလား မိုးတွင်းရောက်မှ ချရမှာလား? "ဆိုတာ အတော်များများမေးကြပါတယ်။

Category: Health

အသက်၃၀ကျော်ပေမဲ့ လှပနေဆဲဖြစ်အောင် ဘာတွေလုပ်မလဲ

ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အသက်အရွယ်ရလာတာနဲ့အမျှ ငယ်စဉ်တုန်းက စားသောက်နေထိုင်မှု ပုံစံအမျိုးမျိုးကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ပုံစံမျိုးနဲ့ ခန္ဓာကိုယ်အချိုးအစားတွေ ပြောင်းလဲလာတတ်ကြပါတယ်။

Subcategories