Category: Health
ပူပြင်းတဲ့နွေရာသီနဲ့ သတိပြုဖွယ်ရာ ၀မ်းပျက်ဝမ်းလျောရောဂါ
မြန်မာပြည်မှာ ရာသီဥတု (၃)မျိးရှိတဲ့အနက် နွေရာသီကိုချဉ်နင်း ၀င်ရောက်တာဟာ ၁လခွဲ ၂လနီးပါး ရှိနေပါပြီ။ ရာသီဥတုပူပြင်းလာတာနဲ့အမျှ ရေရှားပါးခြင်း ဆိုတဲ့ အခက်အခဲတွေကိုလည်း မြန်မာပြည်အနှံ့အပြားမှာ ကြုံတွေ့လာပြီဖြစ်ပါတယ်။
Category: Health
နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့ အထောက်အကူပေးမယ့် အစားအစာများ
တစ်နေ့လုံး ပင်ပန်းလာလို့ အိပ်ရာထဲ လှဲပစ်လိုက်တော့မယ်ဆိုတဲ့ အချိန်ကျမှ တစ်ခါတစ်လေ ဗိုက်က ပြသနာရှာလာတတ်ပါတယ်။ အိပ်ပျော်သွားတဲ့တိုင်အောင် ဗိုက်ကတဂွီဂွီနဲ့ အဆက်မပြတ် အော်နေတာမျိုးလည်း ကြုံဖူးကြမှာပေါ့။
Category: Health
ကလေးရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ အရေပြားကျန်းမာရေး
မိခင်ကောင်းတစ်ယောက်အနေနဲ့ ကလေးငယ်တွေကို ကြွယ်ဝတဲ့အာဟာရရော ကျန်းမာရေးစောင့်ရှောက်မှုကိုပါ အပြည့်အဝပေးနိုင်ဖို့ အရေးကြီးပါတယ်။
Category: Health
ရေနွေးပူပူမှာစိမ်တာက မိနစ်သုံးဆယ် လမ်းလျှောက်တာလောက် ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်
၄၀ ဒီဂရီဆဲလ်စီးယပ်ရှိတဲ့ ရေမှာ တစ်နာရီလောက် စိမ်တဲ့သူတွေဟာ ၁၃၀ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပြီး ဒီပမာဏဟာ မိနစ် ၃၀ လမ်းလျှောက်တာနီးပါးနဲ့ ညီမျှပါတယ်။ ရေနွေးထဲမှာ စိမ်ပြီး အပန်းဖြေတာက အကျိုးရှိပြီး ကျန်းမာစေတာကို သုတေသနပြုသူတွေက ရှာတွေ့ခဲ့ပါတယ်။
Category: Health
ကလေးငယ်လေး အရမ်းငိုရတဲ့ အကြောင်းရင်းများ
ကလေးငယ်တစ်ဦးရဲ့ ငိုသံကို လစ်လျူရှုထားဖို့ဆိုတာက လုံးဝမဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ သင့်ကလေးဟာ သင့်အပေါ်မှာ အပြည့်အဝမှီခိုပါတယ်။ ငိုသံကို အလျင်အမြန် ရပ်တန့်နိုင်စေဖို့ သင်ဟာ ဘယ်လိုအရာကိုမဆို လုပ်ဆောင်ချင်မှာပါ။
Category: Health
ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကျွေးသင့်တဲ့ အစားအစာများ
ကလေးတွေရဲ့ သင်ကြား ၊သင်ယူမှုမှာ အစားအသောက်ကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကလေးတွေက အသက် ၁၂ နှစ်အရွယ်အထိ သင်ယူသမျှ အရာ ၈၀ ရာခိုင်နှုန်းကို အမြင်အားဖြင့်ပဲ မှတ်မိကြပါတယ်။ တဖြည်းဖြည်း သင်ယူလေ့လာရင်း ဦးနှောက်က ဖွံ့ဖြိုးလာတာ ဖြစ်ပါတယ်။
Category: Health
ညဘက် လေ့ကျင့်ခန်းလုပ်တဲ့အတွက် သင့်ဘဝကို ပြောင်းလဲစေမဲ့ အကြောင်းရင်း ၅ ချက်
နေထွက်ချိန်မှာ လိုက်ကာကို ဖြတ်ပြီး ကျနေတဲ့ အလင်းရောင်က တတ်နိုင်သလောက် ဟန့်တားချင်တဲ့ အရာဖြစ်ပါတယ်။ အလုပ်မသွားခင် မနက်မှာ ကျွန်မတို့ထလိုက်ဖို့ အလေးကွေးဆုံးကတော့ ကျွန်မတို့ရဲ့ ခေါင်းအုံးဆီကပါပဲ။
Category: Health
ကျန်းမာရေးအခြေအနေကို ဖော်ပြပေးနေတဲ့ ဆီးအရောင်များ
ကျောက်ကပ်တွေက သွေးတွေကိုသန့်စင်ပေးနိုင်ဖို့ ဆီးကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးပါတယ်။ ဆီးအိမ်ရဲ့ လုပ်ငန်းဆောင်ရွက်မှု လျှော့ကျလာရင် ဆီးတွေ စုပုံလာပြီး ကျောက်ကပ်တွေဆီကို ပြန်သွားပါတယ်။
Category: Health
လက်အခြောက်ခံစက်ဟာ အညစ်အကြေးမှုန်တွေကို လွှင့်ထုတ်နေကြောင်း လေ့လာတွေ့ရှိ
သင့်အနေနဲ့ အများပြည်သူသုံးအိမ်သာတွေထဲ လက်ကိုင်ပဝါအသုံးပြုပြီး လက်သန့်စင်ခြင်းထက် လက်အခြောက်ခံစက်တွေကို အသုံးပြုပြီး လက်သန့်စင်တာဟာ ရလဒ်ပိုကောင်းပြီး ကျန်းမာရေးနဲ့လည်းပိုညီညွှတ်တယ်လို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။
Category: Health
ကလေး အသားဝါရောဂါအကြောင်း သိကောင်းစရာ
ဒီတစ်ခေါက်မှာတော့ မွေးကင်းစကလေးတွေမှာ အဖြစ်များလေ့ရှိတဲ့ အသားဝါရောဂါအကြောင်း တင်ပြပေးချင်ပါတယ်။ အသားဝါရောဂါဖြစ်ပြီဆို အသိသာဆုံးက မျက်လုံးအရောင်ပါ။ ကလေးရဲ့ မျက်လုံးအဖြူ သားက အဝါရောင်ပြောင်းသွားပြီဆိုရင် အသားဝါပိုးဝင်နေပြီဆိုတာ သိနိုင်ပါတယ်။
Category: Health
နေ့စဉ် ပုံမှန် လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ရရှိလာမယ့် အကျိုးကျေးဇူးများ
“လမ်းလျှောက်ခြင်းက အကောင်းဆုံးဆေးဝါး” ဆိုတဲ့ အဆို ကိုကြာဖူးကြပါသလား။ ဒီအဆိုလေးကို ပို ပြီး စုံစုံလင်လင် ဖြည့်စွက်ပြောရမယ်ဆိုရင် ကောင်းမွန်တဲ့ အိပ်စက်ခြင်းနဲ့ ကျန်းမာတဲ့ အစာအာဟာရကို လမ်းလျှောက်ခြင်းနဲ့ ပေါင်းစပ်လိုက်ရင် ဆရာဝန်ဆီတောင်သွားစရာ မလိုပါဘူး။ နေ့စဉ် ပုံမှန် ၁၅ မိနစ်ကနေ မိနစ် ၃၀ကြာ လမ်းလျှောက်ပေးရင်
Category: Health
ဗီတာမင်ချို့တဲ့ကြောင်း ပြသနေတဲ့ အသံတိတ် လက္ခဏာ(၆)ရပ်
ဘယ်လောက်ပဲ ကျန်းမာအောင် စားသောက်နေထိုင်ပါစေ... ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံးဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြည့်ရဖို့က သိပ်မလွယ်ပါဘူး။
Category: Health
မွေးကင်းစကလေးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ
ဖေဖေ ၊ မေမေ ပူပူနွေးနွေးဖြစ်ကာစမှာ မွေးလာတဲ့ သားသား ၊ မီးမီးတို့အကြောင်းသိထားမှသာ အစစ အရာရာ အဆင်ပြေမှာပါ။ ဒါကြောင့် ဘယ်လို အချက်တွေကို မဖြစ်မနေ သိထားသင့်လဲဆိုတာ ကြည့်ကြရအောင်...
Category: Health
ဒီ​ရောဂါမှာ နှစ်​မျိုးနှစ်​စား ရှိပါတယ်​။ Dry form နဲ့ Wet Form ပါ။
"Dry" form ​ကြောင့်​ အမြင်​အာရုံချို့တဲ့​စေပုံက ဒီလိုပါ။ မျက်​​ကြောလွှာ​ပေါ်က သဘာဝစုပုံပစ္စည်း​တွေ​ကြောင့်​ အဓိကဖြစ်​လာတာဖြစ်​ပြီး ဒီက​နေတဆင့်​ မျက်​စိအမြင်​ကြည်​လင်​​စေတဲ့ Retinal Pigment Epithelial ဆဲလ်​​တွေကို သတ်​ပစ်​လိုက်တာ ဖြစ်ပါတယ်။ 
"Wet" form မှာ​တော့ မျက်​လုံးက​နေ အလင်း​ဓာတ်​​ကိုဖမ်းယူ​ပေးဖို့ တာဝန်​ယူထားတဲ့ အလင်းလက်​ခံဆဲလ်​​တွေရှိပါတယ်​။ ဒီဆဲလ်​တွေကို အားဖြည့်​​ထောက်​ပံ့​​ပေး​နေတဲ့ Retinal Pigment Epithelial ဆဲ​လ်​​တွေကို ​သွေး​ကြော​တွေက ထိခိုက်​ပျက်​စီး​စေတဲ့အခါ အလင်းဓာတ်​ကွယ်​ခြင်းကို ခံစားရပါ​တော့တယ်​။
အသက်​အရွယ်​နဲ့အမျှ အမြင်​အာရုံ​ တစစကွယ်​​ပျောက်​လာခြင်း ​ရောဂါမှာ အဓိက​ မင်းမူ​နေတာက Dry form ဖြစ်တယ်။ ​ရောဂါ ရဲ့ ၉၀ ရာနှုန်းက Dry Form ​ဒဏ်​ခံ​နေရတဲ့သူ​တွေဖြစ်​ပြီး အ​မေရိကန်​ လူဦး​ရေရဲ့ ၁.၇ သန်း အထိ ခံစားခဲ့ရပြီးပါပြီ။ 
ကုသမယ့်​နည်းလမ်းက မျက်​လုံးအကာ ထည့်​သွင်းကုသနည်းပါ။ မျက်​လုံးရဲ့ အ​နောက်​ဘက်​မှာ မျက်​လုံးအကာတစ်​ခုကို ထည့်​သွင်း​ပေးမှာဖြစ်တယ်​။ ထည့်သွင်းမယ့် ​​​မျက်​လုံးအကာ​လေးကို ကနဦးဖြစ်​တည်​စ လူသားပင်​မဆဲလဲ​တွေကတစ်​ဆင့်​ ပြုလုပ်​ထားတဲ့ မျက်​လုံးဆဲလ်​​တွေနဲ့ ပြုလုပ်​ဖန်​တီးထားတယ်​။ ဒီ မျက်​လုံးအကာကိုလည်း အဓိက အဖြစ်များတဲ့ ​Dry Form အတွက်​ ရည်​ရွယ်​ပြီး စမ်းသပ်​ ဖန်​တီးထားတာပါ။ Wet form အတွက်​ စမ်းသပ်​​နေတုန်းပဲ ဖြစ်​ပါတယ်​။ 
စမ်းသပ်မှုအရ​ ဒီ​ရောဂါ ခံစား​နေသူ ​လေး​ယောက်​တိတိဟာ ကုသမှု​ခံယူပြီး​နောက်​ အမြင်​စက္ခုအာရုံ သိသိသာသာ ပြန်​လည်​တိုးတက်​​ကောင်းမွန်​လာခဲ့ပါတယ်​။ ဒီကုသမှုမှာ အသက်​ ၆၉ အရွယ်​ အဖွားတစ်​ဦးဟာ မူလက အက္ခရာစဉ်​​လေးလုံးသာ တန်းစီဖတ်​နိုင်​ရာက​နေ ၂၄ လုံးအထိ ဖတ်​နိုင်​လာခဲ့တယ်​။ မျက်​လုံးအမြင်အား ပို​တက်​လာတယ်​။ 
လော့စ်​အန်​ဂျလိမြို့၊ ​တောင်​ကယ်​လီဖိုးနီးယား တက္ကသိုလ်​ က အာ​မေးကာရှာနီ နဲ့ တွဲဖက်​အဖွဲ့ ဆရာဝန်​​တွေဟာ အလွန့်အလွန်ေ​သးမျှင်​တဲ့ ၄×၆ မီလီမီတာ အရွယ်​အစားရှိ အဆိုပါ ပိုလီမာဒြပ်​ပေါင်း မျက်​လုံးအကာကို စမ်းသပ်​လူနာ​လေး​ယောက်​ရဲ့ မျက်​လုံးတစ်​ဖက်​စီကို ထည့်​သွင်း​ကုသ​ပေးခဲ့တယ်​။ ကျန်​မျက်​လုံးတစ်​ဖက်​စီကို​တော့ မကုသဘဲ ချန်​​ထားခဲ့တယ်​။ တစ်​နှစ်​အကြာ စမ်းသပ်​​စောင့်​ဆိုင်းပြီးချိန်​မှာ ကုသမှုရရှိတဲ့ မျက်​လုံး​တွေဟာ ​ရောဂါကို ခုခံနို်င်ခဲ့ပြီး ​​အမြင်​အာရုံကို ကြည်​လင်​စွာ ပြန်လည်​​​ရရှိလာခဲ့​ပေမယ့်​ ကျန်​မျက်​လုံး​တွေက​တော့ အ​ခြေအ​နေ ပိုမို ဆိုးရွားလာ​နေတာ ​တွေ့ခဲ့ရတယ်​။ အာ​မေးရှာနီကာတို့အဖွဲ့ အတွက်​​တော့ ထင်​သာမြင်​သာ ရလဒ်​​ကောင်းတစ်​ခု ထွက်​ခဲ့​တယ်​ ဆိုရမှာပါ။ 
အခု​တော့ သူတို့အဖွဲ့ဟာ ​ဒီ​ရောဂါခံစားရသူ​တွေရဲ့ ​ရောဂါ အ​စောပိုင်း အ​ဆင့်​မှာ​တင်​ ကုသမှု ခံယူ​စေနိုင်​ဖို့ ပိုပြီးကျယ်​ပြန့်​တဲ့ စမ်းသပ်​မှု​တွေဆီ ​ခြေလှမ်းလှမ်း​နေပါပြီ။ ကြိုဆိုစရာပါပဲ။ 
Ref: newscientist.com 
AI (ရိုးရာလေး) 
Subcategories