အသည်းကွဲတဲ့အချိန် ဦးနှောက်က လိမ်ညာနေတဲ့အချက်များ

girl-in-bathrobe-holding-cup-of-coffee-and-crying-49SUB8F-e1565609243635.jpg

အသည်းကွဲနေချိန်မှာ ဦးနှောက်ဟာ နာကျင်မှုကို အမှတ်ရချင်နေတတ်ကြပါတယ်။ အသည်းကွဲခြင်းကြောင့် ဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဟာ ပြင်းစွာသော ဝေဒနာကို ခံစားရရှိစေပါတယ်။

တခြား ဘယ်အရာကမှလည်း အရေးမကြီးတော့ဘူး၊ ဘယ်သူကမှလည်း အရေးမကြီးတော့ပါဘူး။ စဉ်းစားနိုင်တာလည်း မရှိတော့ဘူး။ လူကလည်း မတုန်မလှုပ် ဖြစ်နေတတ်ကြပါတယ်။ လူတွေအားလုံးဆီကနေ ခွဲထွက်နေပြီး စိတ်ကူးယဉ် အစိတ်စိတ်မြွှာမြွှာ ကွဲကြေနေတဲ့ ကမ္ဘာကြီးထဲမှာ တစ်ယောက်တည်း ရှိနေတတ် ကြပါတယ်။ ဒီအချိန် မျက်လုံးထဲမှာ မြင်ရတာက ကိုယ့်ကိုယ်အသည်းခွဲခဲ့တဲ့သူ၊ ခံစားမိနေတာက ဆိုးရွားလွန်းတဲ့ နာကျင်မှုတွေပါပဲ။

အလိုချင်အတောင့်တဆုံးအရာကတော့ နာကျင်မှုတွေ လျော့ပါးသက်သာစေပြီး ဒီလို ဆိုးဆိုးရွားရွား ခံစားနေရတာတွေ အဆုံးသတ်သွားဖို့ပါပဲ။ ဒါပေမဲ့ ဦးနှောက်ကတော့ ဒါတွေကို မလိုချင်ပါဘူး။

အသည်းကွဲသွားတဲ့အခါမှာ စိတ်ဦးနှောက်ဟာ ကိုယ်လုပ်နေတဲ့ အရာတွေနဲ့ အရမ်းကို ကွဲပြားတဲ့ပုံစံ ရှိကြပါတယ်။ ရလဒ်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာပြီးတော့ အခြေအနေတွေ ပိုဆိုးလာအောင် လုပ်တတ်ကြပါတယ်။ ဒီတော့ နာကျင်ခံစားရတာတွေ အဆုံးသတ်ပြီး ရှေ့ဆက်သွားချင်ရင်တော့ ကိုယ့်ရဲ့ဦးနှောက်က ပြောနေတာတွေကို မယုံကြည်သင့်တဲ့အချိန်ကို နားလည်ဖို့ လိုအပ်ပါတယ်။

အသည်းကွဲနေချိန်မှာ ဦးနှောက်ကို ဘာကြောင့် ယုံကြည်လို့မရတာလဲ နာကျင်ခံစားနေရတာတွေ ရပ်တန့်သွားဖို့ဆိုရင်တော့ လမ်းခွဲခဲ့တယ်ဆိုတဲ့ အမှန်တရားကို လက်ခံဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ အသည်းကို ခွဲခဲ့တဲ့သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စဉ်းစားနေတတ်တဲ့ အချိန်တွေကို လျှော့ချပစ်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့အတွေးတွေထဲမှာ သင့်ရဲ့ဘဝထဲမှာ သူတို့ရဲ့ တည်ရှိမှုကို ဖြည်းဖြည်းချင်း ဖျောက်ဖျက်ပစ်ဖို့ အရေးကြီးပါတယ်။

ဒါပေမဲ့ သင့်ဦးနှောက်ကတော့ ဒါတွေနဲ့ ဆန့်ကျင်ဘက်ကို လုပ်ဆောင်ချင်တတ်ကြပါတယ်။ သင့်ဦးနှောက်ဟာ ဒီလူအကြောင်းကို တစ်ချိန်လုံးပဲ တွေးတောချင်နေမယ်၊ နာကျင်ခံစားရတာတွေကို ဆုပ်ကိုင်ထားချင်မယ်၊ သူ့ကို ဘယ်တော့မှ မေ့မပစ်ချင်တတ်ကြပါဘူး။ ဦးနှောက်က ဘာလို့ ဒီလို ဖြစ်စေချင်နေရတာလဲဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားနေခြင်းပါ။ ဒီနာကျင်မှုဟာ ဖိုထားတဲ့ မီးဖိုတစ်လုံးလိုပဲ နာကျင်ပူလောင် စေပါတယ်။ ဦးနှောက်က ဒီ မီးဖိုကို ထပ်ပြီး လာမထိလေအောင် ကျွန်တော်တို့တွေကို သတိပေးနေတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။

ပထမတစ်ကြိမ်တုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုကို အမှတ်ရနေအောင်လို့ပါ။ ခံစားရတဲ့ နာကျင်မှုက ပိုများလေလေ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေကလည်း ဒီနာကျင်မှုကို သေသေချာချာ မှတ်မိနေအောင် လုပ်ဆောင်လေပါပဲ။ ဒီနာကျင်မှုတွေဟာ ကိုယ့်ရဲ့ အတွေးတွေထဲမှာ ဟောင်းနွမ်းမသွားဘဲ အမြဲ မနေ့တစ်နေ့ကလို ထင်မှတ်နေစေဖို့ ဖော်ပြပါ အချက်လေးတွေနဲ့ ကျွန်တော်တို့ကို အမြဲအမှတ်ရအောင် လှည့်စားနေတတ်ပါလိမ့်မယ်။

အဆက်ဟောင်းကြီးက အကောင်းဆုံးပဲ

သူတစ်ယောက်တည်းက အကောင်းဆုံးပါ။ ချစ်သူဟောင်းရဲ့ အကောင်းဆုံး အရည်အသွေးတွေကို အမြဲအမှတ်ရအောင် ဦးနှောက်က လုပ်ဆောင်ပေး နေပါလိမ့်မယ်။ သူ့ရဲ့ ရုပ်ပုံလေးတွေဟာ ခေါင်းထဲမှာ အလိုလို ပေါ်ပေါ်လာနေတတ်ပါမယ်။ ဒါပေမဲ့ ကိုယ့်အသည်းကို ခွဲခဲ့တဲ့သူကို အမှတ်ရနေတာဟာ နာကျင်မှုကို ပိုမိုဆိုးရွားစေခြင်းသာ ဖြစ်စေမှာပါ။

သူနဲ့ချစ်သူဘဝ အမြဲ ပျော်ရွှင်ခဲ့ရတယ်

မဟုတ်ပါဘူး။ အမြဲတမ်း ပျော်ရွှင်ခဲ့ရတယ်ဆိုတာ မရှိပါဘူး။ စိတ်ပျက်စရာတွေ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ၊ နာကျင်ရတာတွေ အများကြီး ရှိခဲ့မှာပါ။ ဒီလို အမှတ်တရတွေကိုလည်း ပြန်ပြီး အမှတ်ရနေ သင့်ပါတယ်။

သူ့ကို မက်ဆေ့ခ်ျလေး ပို့မယ် ဖုန်းဆက်မယ်ဆိုရင် နာကျင်မှုလေး သက်သာမယ်

စာတို မက်ဆေ့ခ်ျ ပေးပို့ခြင်း၊ ဖုန်းဆက်ခြင်း၊ အီးမေးလ် ပေးပို့ခြင်းတွေဟာ အရမ်းထိရောက်တဲ့ ဆက်သွယ်မှုပါ။ ဒါပေမဲ့လည်း ဒီလိုလုပ်လို့ ကိုယ့်ကိုယ်ကိုယ် ပိုမိုစိတ်ပျက်အားငယ်မှု ခံစားရလေအောင် လုပ်ဆောင်ခြင်းသာ ဖြစ်စေမှာပါ။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် လေးစားမှုကိုလည်း ထိခိုက်စေပါတယ်။

လမ်းခွဲတဲ့အကြောင်း သူငယ်ချင်းတွေကို ပြောပြီး ဝေဒနာ သက်သာအောင် လုပ်မယ် မဟုတ်ပါဘူး

ဒီနည်းလမ်းက သက်သာစေမှာ မဟုတ်ပါဘူး။ စိတ်ခံစားချက် နာကျင်စရာ ဖြစ်ရပ်တွေကို ပြောပြတတ်ကြတာ သဘာဝပါပဲ။ ဒီနည်းလမ်းဟာ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတစ်ရပ်အဖြစ် ဒါမှမဟုတ်လည်း စိတ်ခံစားချက်ကို ဖွင့်ဟ ထုတ်ဖော်တတ်တာမျိုးတွေဟာ အသုံးဝင် အထောက်အကူ ပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာကိုပဲ အသေးစိတ် အကြိမ်ကြိမ်အခါခါ ဖွင့်ဟ ပြောဆိုနေမယ်ဆိုရင် နာကျင်မှု ပိုမိုဆိုးရွားလာရုံကလွဲလို့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ဘာကြောင့် လမ်းခွဲခဲ့ရသလဲဆိုတာ သေချာသိဖို့ လိုတယ်

အမှန်တကယ်တော့ ဘာကြောင့် လမ်းခွဲခဲ့ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိခြင်းဟာ အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုးပြဿနာတွေအတွက် ရှင်းလင်းရိုးသားတဲ့ ဖြေရှင်းချက်တွေ ရှိလာမှာပါ။ ဘာကြောင့် ဒီလိုအဆင်မပြေမှုတွေ ဖြစ်ခဲ့သလဲဆိုတာ သူ နားလည်သဘောပေါက်သွားစေအောင် ကြိုးစားတတ်ကြပါတယ်။ ဒီတော့ “အချစ်စစ်မဟုတ်ခဲ့ကြလို့ပါပဲလေ” “ငါတို့ ဖူးစာမပါခဲ့ကြလို့ပေါ့လေ” လို့ မှတ်ယူလိုက်တာ ပိုကောင်းပါတယ်။

Ref : Knowledge : 5 Ways Your Mind Deceives You When Your Heart Is Broken

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top