ဘဏ်အဆင့်မီလုပ်ဆောင်ချက်ပါဝင်ပြီး အဆင်ပြေလွယ်ကူ၊ လုံခြုံစိတ်ချရသော မိုဘိုင်းလ်ငွေလွှဲဝန်ဆောင်မှု MytelPay ကို စတင်မိတ်ဆက်

3-1.jpg

မြန်မာနိုင်ငံ၏ အဆင်ပြေအလွယ်ကူဆုံးနှင့်လုံခြုံစိတ်အချရဆုံး မိုဘိုင်းငွေလွှဲဝန်ဆောင်မှုဖြစ်သည့် MytelPay ကို Mytel က စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ MytelPay သည် နိုင်ငံအနှံ့ မိုဘိုင်းငွေကြေးလုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုနေသောသုံးစွဲသူများအတွက် လွှဲပြောင်းလိုက်သည့် ငွေကြေးပမာဏနှင့်ပတ်သက်ပြီး ဆုံးရှုံးမှုမရှိစေရန်အာမခံပေးမည့် OTP စနစ်ပါဝင်သည့် တစ်ခုတည်းသော မိုဘိုင်းငွေလွှဲဝန်ဆောင်မှုဖြစ်သည်။

MytelPay ငွေလွှဲဝန်ဆောင်မှုမိတ်ဆက်ပွဲကို Melia Hotel Grand Ballroom တွင်မိတ်ဆက်ပေးခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ၊ Mytel ၏ Brand Ambassador ကိုနေတိုး အပါအဝင် မီဒီယာကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

တိုင်းပြည်တွင် အမြန်ဆန်ဆုံးကြီးထွားလာနေသော ငွေကြေးဝန်ဆောင်မှုကဏ္ဍအတွက် နောက်ဆုံးပေါ် တီထွင်ဆန်းသစ်သောဝန်ဆောင်မှုတစ်ရပ်ဖြစ်သည့် MytelPay သည် ဈေးကွက်တွင် two-factor authentication လုပ်ဆောင်ချက်ရရှိသည့် တစ်ခုတည်းသောမိုဘိုင်းငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်လာခဲ့သည်။

MytelPay သုံးစွဲသူများအနေဖြင့် ငွေသွင်းငွေလွှဲခြင်းများကို ဘဏ်အသေးစားအခွဲများအဖြစ် ဝန်ဆောင်မှုပေးနေသော နိုင်ငံတစ်ဝန်း အကျယ်ပြန့်ဆုံးကွန်ရက်များမှတစ်ဆင့် လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။ ကိုယ်စားလှယ် (၂၀၀၀၀ ကျော်) ကလည်း MytelPay သုံးစွဲသူများကို ဝန်ဆောင်မှုပေးနိုင်ရန်အသင့်ဖြစ်နေပြီး ဝန်ဆောင်မှုပေးမည့်ဆိုင်အရေအတွက်လည်း တိုးပွားလာနေပြီဖြစ်သည်။ ထို့အပြင် MytelPay ငွေလွှဲဝန်ဆောင်မှုကို မည်သည့်မိုဘိုင်းကွန်ရက်သုံးစွဲသောပေးပို့သူနှင့် လက်ခံရရှိသူ မည်သူမဆိုအသုံးပြုနိုင်ပြီး ဝန်ဆောင်မှုသည် ဘဏ်ပိတ်ရက်များနှင့် စနေ၊ တနင်္ဂနွေပိတ်ရက်များတွင်လည်း အသုံးပြုနိုင်သည်။

MytelPay သုံးစွဲသူများသည် အော်ပရေတာအမျိုးအစားများအားလုံးအတွက် ဖုန်းဘေလ်ဖြည့်နိုင်ခြင်း၊ ငွေပေးချေခြင်း၊ iTunes cards၊ ဂိမ်းကတ်များဝယ်ယူနိုင်ခြင်း ၊ အွန်လိုင်းရှောပင်းဝယ်ယူခြင်းအတွက် ငွေပေးချေခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။ MytelPay ဖြင့် ဘုရားစေတီများတွင် အလှူအတန်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် QR code ဖြင့် ငွေပေးချေခြင်းများကို ဆိုင်များနှင့် စားသောက်ဆိုင်များတွင် အက်ပလီကေးရှင်းမှတစ်ဆင့်အသုံးပြုနိုင်သည်။

နည်းပညာအသစ်များနှင့် တီထွင်ဆန်းသစ်သောဝန်ဆောင်မှုများကြား ကြီးမားသော ပြိုင်ဆိုင်မှုများရှိနေသော ဆက်သွယ်ရေးလုပ်ငန်းတွင် Mytel သည် သုံးစွဲသူများ၏လိုအပ်ချက်နှင့် လိုလားချက်များကိုပါ တစ်ချိန်တည်း ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။ များပြားလှစွာသောငွေလွှဲလုပ်ငန်းများအတွက် လုံခြုံဘေးကင်းသောနည်းလမ်းများဖြင့် မိတ်ဆက်ပေးလိုက်သော MytelPay သည် သုံးစွဲသူများအားလုံးအတွက် လွယ်ကူအဆင်ပြေစေနိုင်မည့် ငွေလွှဲဝန်ဆောင်မှု ဖြစ်လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top