အသက်လည်းရှည် ရောဂါလည်းကင်း

senior-woman-reading-leaflet-of-a-drug-and-AYGJ4DH.jpg

သင့်ကျန်းမာရေးကို တိုးတက်စေမယ့် တကယ့်နည်းလမ်းက အမှန်တော့ သာမန် နည်းလမ်းတွေသာ ဖြစ်ပါတယ်။ ဒီအချက်တွေကို ပြုလုပ်ဖို့ ဝီရိယတော့ နည်းနည်းစိုက်ရပါမယ်။ ကြီးကြီးမားမား ပြောင်းလဲရမယ့် အရာတွေကတော့ ဆေးလိပ်သောက်တာကို ရှောင်ကြဉ်ပြီး ပိုပြီးကျန်းမာအောင် စားသောက်တာမျိုးတွေ ဖြစ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့အချက်တွေ အားလုံးကို လိုက်နာတဲ့ အမျိုးသမီးတွေဟာ မလိုက်နာတဲ့အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် ၁၄ နှစ်ခန့် ပို အသက်ရှည်နိုင်ကြကြောင်း တွေ့ရပြီး လိုက်နာတဲ့ အမျိုးသားတွေကတော့ ပျမ်းမျှ ၁၂.၂ နှစ်ခန့် ပိုအသက်ရှည်ကြောင်း တွေ့ရှိရပါတယ်။ ဒီအချက်တွေအားလုံးကို အလေ့အကျင့် အနေနဲ့ လုပ်ဆောင်ရင် သင့်အသက်ကို ဆယ်စုနှစ် တစ်ခုလောက် ဆွဲဆန့်နိုင်မယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လုံးဝ မလုပ်ဆောင်တဲ့သူတွေထက်တော့ ပိုအသက်ရှည်ရှည်နေနိုင်မှာကိုတော့ အတိအကျ ပြောနိုင်ပါတယ်။

နေ့စဉ်လေ့ကျင့်ခန်း အနည်းဆုံး မိနစ်သုံးဆယ်ခန့် ပြုလုပ်ပါ

လေ့ကျင့်ခန်းဆိုတာ သင့်စိတ်ဓာတ်ကို မြှင့်တင်ဖို့၊ မှတ်ဥာဏ်ကို တိုးတက်စေဖို့နဲ့ အသက်အရွယ်နဲ့ဆိုင်တဲ့ အသိအမြင် ကျဆင်းခြင်းတွေကနေ သင့်ဦးနှောက်ကို ကာကွယ်ပေးဖို့ သဘာဝနည်းလမ်း တစ်ခု ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အံ့ဩဖို့ကောင်းတဲ့ ဆေးနည်းတစ်လက်ပေါ့။ ဘယ်လေ့ကျင့်ခန်းမဆို သင့်ရဲ့နှလုံးကို အားကောင်းစေပြီး အချိန်အတိုင်းအတာ တစ်ခုထိ အဆက်မပြတ် ချွေးထွက်စေပါတယ်။ လေ့ကျင့်ခန်းမှာ ဦးနှောက်ကို အကျိုးရှိစေတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းဟာ သင့်ခေါင်းနဲ့ နှလုံးအတွက် သော့ချက်ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အညီ စားသုံးခြင်း

ဟင်းသီးဟင်းရွက်၊ ပရိုတိန်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေပါဝင်တဲ့ အစားအစာစနစ်ဟာ အလေးချိန်လျော့ကျဖို့၊ သင် အသက်အရွယ်ရတဲ့အခါ နှလုံးနဲ့ ဦးနှောက်ကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ စားသောက်ပုံနည်းလမ်းတွေဟာ အသက်ပိုရှည်ရှည်နေရတာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ရောဂါနဲ့ ဆီးချိုရောဂါနဲ့ နာတာရှည် အဆုတ်ရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ ဆေးရွက်ကြီး၊ ဘယ်ရီလီယမ်လိုမျိုး အဆိပ်ဓာတ်တွေနဲ့အတူ ထင်းရူးဆီကိုပါ ရှူရှိုက်မိပါတယ်။ သင်ဟာ ဆေးလိပ်သောက်နေမိပြီဆိုရင် မြန်မြန်ဆေးလိပ်ဖြတ်တာဟာ ကောင်းမွန်တဲ့ရလဒ်ကို ရရှိလာစေမှာပါ။

ကျန်းမာတဲ့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းထားနိုင်ခြင်း

ကျန်းမာရေးကို လျင်မြန်စွာ ခန့်မှန်းလိုတဲ့အခါ ခန္ဓာကိုယ် အတိုင်းအတာ အညွှန်း ဒါမှမဟုတ် BMI လို့ခေါ်တဲ့ အတိုင်းအတာဟာ အကူအညီ ဖြစ်ပါတယ်။ အသက် ၂၀ အထက် ကျန်းမာတဲ့လူငယ်တွေ အတွက် BMI ၁၈.၅ နဲ့ ၂၄.၉ ကြားဟာ ကျန်းမာတဲ့ အပိုင်းအခြားလို့ ယူဆနိုင်ပါတယ်။ ဒီ BMI အတွင်းကျ ရောက်တဲ့သူတွေဟာ အလေးချိန် ပိုများတဲ့သူနဲ့ နည်းတဲ့သူ နှစ်မျိုးစလုံးထက် အသက်ရှည်ရှည်ပိုနေနိုင်ကြောင်း တွေ့ရှိရပါတယ်။

တစ်နေ့လျှင် အရက် အဖျော်ယမကာ တစ်ခွက်နှစ်ခွက်ထက် ပိုမသောက်ခြင်း

အရက်သောက်တာနဲ့ ကျန်းမာရေးဆိုတာ ဆန့်ကျင်ဘက် ရလဒ်တွေနဲ့ပဲ ဆက်နွယ်နေတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ တစ်နေ့ကို တစ်ခွက်၊ အမျိုးသားတွေဟာ တစ်နေ့ကို နှစ်ခွက်လောက် သောက်တာဟာ အသက် ပိုရှည်ရှည်နေနိုင်ကြောင်း သုတေသနပြုသူတွေက ကောက်ချက်ချထားပါတယ်။

Ref: www.businessinsider.com “How to live longer”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top