သင့်ကွန်ပျူတာ အလုပ်လုပ်တာ နှေးကွေးနေပြီလား

veS4dEQYyP6txSgRPwjnVf-1200-80.jpg

Microsoft ရဲ့ operating system တွေထဲမှာ windows 10 က အကောင်းဆုံးဆိုပေမယ့် သူ့မှာ system resources ကို အများကြီး ယူသုံးတဲ့ လုပ်ဆောင်မှုတွေ ရှိနေပါတယ်။ သင့်ကွန်ပျူတာ အလုပ် လုပ်ဆောင်နိုင်စွမ်း နှေးကွေးနေပြီလား။ ဒါဆိုရင်တော့ လုပ်ဆောင်မှု မြန်ဆန်အောင် လုပ်သင့်တဲ့ အကောင်းဆုံးနည်းလမ်း ၁ဝမျိုးကို ပြောပြပေးပါမယ်။

Restart ချပေးပါ

ကွန်ပျူတာတွေကို မပိတ်ဘဲ ကြာကြာထားတာက သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်း နှေးကွေးသွားစေပါတယ်။ ဒါကြောင့် တစ်နေ့တစ်ကြိမ် သင့်ကွန်ပျူတာကို အသုံးပြုပြီးတိုင်း ပိတ်ပေးရပါမယ်။ မပိတ်ခင်တော့ ဖိုင်တွေကို သိမ်းဖို့ မမေ့ပါနဲ့။

Update လုပ်ပေးပါ

Microsoft က ပိုမိုကောင်းမွန်တဲ့ Windows 10 update တွေကို မကြာခဏ ထုတ်လုပ်နေပါတယ်။ တချို့ update version တွေက သိပ်မသိသာပေမယ့် တချို့ကတော့ လုပ်ဆောင်မှု ကို သိသိသာသာ မြန်ဆန်သွားစေပါတယ်။ Update မလုပ်ခင်တော့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ မပျက်သွားအောင် သိမ်းထားတာမျိုး၊ ကူးယူထားတာမျိုး လုပ်ထားရပါမယ်။

စက်ပွင့်တာနဲ့ ချက်ချင်း အလုပ် မလုပ်သင့်ပါ

အသုံးပြုသူ တော်တော်များများက ကွန်ပျူတာ ပွင့်လာတာနဲ့ အလုပ် ချက်ချင်း ခိုင်းတတ်ကြပါတယ်။ ဒီလို လုပ်တာက စက်ရဲ့ လုပ်ဆောင်မှုကို ကျဆင်းစေပါတယ်။ App တွေ အလိုအလျောက် မပွင့်စေရန် right-click နှိပ်ပြီး Disable ကို ရွေးလိုက်ပါ။

Disk Cleanup ကို အသုံးပြုပါ

စက်ရဲ့ လုပ်ဆောင်မှုကို မြန်ဆန်စေဖို့ Disk Cleanup က တော်တော်လေး အသုံးဝင်ပါတယ်။ မလိုအပ်တဲ့အရာ မှန်သမျှ ကို ဖျက်ပစ်နိုင်စွမ်း ရှိပါတယ်။ Search bar မှာ Disk Cleanup လို့ ရိုက်လိုက်ရင် အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။

အသုံးမပြုတဲ့ ဆော့ဖ်ဝဲတွေကို ဖယ်ထုတ်လိုက်ပါ

အသုံးမပြုတဲ့ ဆော့ဖ်ဝဲတွေက အလကား နေရာယူနေတဲ့အပြင် သင့်ကွန်ပျူတာရဲ့ လုပ်ဆောင်မှုကိုပါ နှေးကွေးစေပါတယ်။ ဒါကြောင့် right-click နှိပ်၊ uninstall ကို ရွေးပြီး ဖျက်ပစ်လိုက်ပါ။

special effect တွေကို ပိတ်ထားပါ

Windows 10 မှာ တော်ရုံ မလိုအပ်တဲ့ effect တွေ အများကြီး ပါနေပါတယ်။ ဒါတွေက လုပ်ဆောင်နိုင်စွမ်းကို နှေးကွေးစေပါတယ်။ Advanced Settings ထဲမှာ ရှိတဲ့ Performace Settings က တစ်ဆင့် Visual Effects ထဲဝင်ပြီး မလိုတာတွေ ပိတ်ပစ်လိုက်ပါ။

ထွင်းဖောက်မြင်နိုင်တဲ့ effect ကို ပိတ်ထားပါ

ဒီ effect ကလည်း ကွန်ပျူတာကို တော်တော်လေး အလုပ် လုပ်ခိုင်းပါတယ်။ Color settings ထဲဝင်ပြီး transparency ကို ပိတ်လိုက်ပါ။

RAM မြှင့်တင်ပေးပါ

Windows 10 ကို အလုပ် ကောင်းကောင်းလုပ်စေဖို့ အနည်းဆုံး RAM 4GB လိုအပ်ပါတယ်။ video games တွေ ဆော့မယ်ဆိုရင်တော့ RAM ကို ထပ်တိုးရပါမယ်။ RAM များလေ အလုပ်ကောင်းကောင်း လုပ်နိုင်လေပါ။

SSD အသုံးပြုပါ

SSD က သာမန် hard drive တွေထက် ဈေးနည်းနည်း ပိုများပေမယ့် အလုပ် လုပ်ဆောင်မှုမှာတော့ အတော်လေး သာတာကို တွေ့ရမှာပါ။

System ကို ပုံမှန်ထိန်းသိမ်းပေးပါ

Windows 10 မှာ စွမ်းဆောင်ရည် ကောင်းမွန်နေဖို့ hard drive ကို defragment လုပ်ပေးတာ၊ update ရှာပေးတာ၊ malware စစ်ပေးတာမျိုးတွေ နဂိုထဲက ပါဝင်လာပြီးသားပါ။ ဒါတွေက နောက်ကွယ်မှာ အမြဲ အလုပ်လုပ်နေတာဖြစ်ပြီး ကိုယ်တိုင် Control Panel ထဲ ဝင်လုပ်လည်း ရပါတယ်။

အပေါ်မှာ ပြောပေးခဲ့တဲ့ နည်းလမ်း ၁၀ မျိုးကို စမ်းသပ်ကြည့်လိုက်ပါ။ အထောက်ဖြစ်စေမှာ သေချာပါတယ်။

Ref: TechRadar “How to speed up Windows 10”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top