အကောင်းဆုံး စမတ်ဖုန်းဆုကို ရရှိခဲ့တဲ့ Huawei Mate 8 ရဲ့ ထူးခြားချက်များ

99.png

Huawei Mate 8 ကို အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပတဲ့ ပွဲမှာ စတင်မိတ်ဆက်ခဲ့ပြီး ထိုပွဲကို တက်ရောက်ခဲ့ကြတဲ့ နိုင်ငံတကာမှ မီဒီယာ ၁၄ ခုက ပေးအပ်တဲ့ အကောင်းဆုံးစမတ်ဖုန်းဆု ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ အကောင်းဆုံးစမတ်ဖုန်းဆုကို ရရှိသွားနိုင်အောင်ထိ ဆန်းသစ်မှုများစွာကို ထည့်သွင်းထုတ် လုပ်ခဲ့တဲ့ Huawei Mate 8 ရဲ့ ထူးခြားမှုများကို လေ့လာကြည့်ရအောင်။

၁။ ကိုယ်ထည်၊ မျက်နှာပြင်နဲ့ ဗားရှင်း

ဖုန်းကိုယ်ထည်ကို လေယာဉ်တည်ဆောက်ရာမှာ အသုံးပြုလေ့ရှိတဲ့ သတ္တုနဲ့ အလူမီနီယံကို နှစ်မျိုးစပ်အသုံးပြု ထားပါတယ်။ မျက်နှာပြင် ၆ လက်မရှိပြီး ရုပ်ထွက်ကြည်လင်ပြတ်သားစေရန် resolution ပမာဏ 1920×1080 ရှိတဲ့ FHD display ကိုအသုံးပြုထားပါတယ်။ နောက်ဆုံးပေါ် Android 6.0 (Marshmallow) နှင့်အတူ Huawei ကုမ္ပဏီပိုင် UI ဖြစ်သည့် နောက်ဆုံးပေါ် EMUI 4.0 ကို ထည့်သွင်းအသုံးပြုထားတဲ့အတွက် လုပ်ဆောင်ချက် များကို လွယ်ကူစွာအသုံးပြုနိုင်မှာလဲဖြစ် ပါတယ်။ EMUI 4.0 တွင် မြန်မာစာ(ယူနီကုဒ်) စနစ် ပါရှိပါတယ်။

၂။ ဘထ္ထရီ၊ Memory နဲ့ နှစ်ကဒ်သုံး

ဘတ္ထရီမှာ 4000mAh ဖြစ်ပြီး ပုံမှန်အသုံးပြုရင် ၂.၃၆ ရက်နှင့် အလွန်အမင်းအသုံးပြုပါက ၁.၆၅ ရက် အသုံးခံ နိုင်ပါတယ်။ HD ဗီဒီယိုကို ၁၇နာရီ၊ 4G အင်တာနက်အသုံးပြုရင် နာရီ၂၀၊ 3G ကွန်ယက်နဲ့ ဖုန်းပြောရင် ၂၈နာရီနှင့် သီချင်းနားထောင်ရင် ၉၈နာရီ ဆက်တိုက်အသုံးပြုနိုင်မှာပါ။ ၂နာရီခွဲခန့် အားသွင်းတာနဲ့ ဘက်ထရီကို ဝ%မှ ၁၀၀% အပြည့်ဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။ RAM 4GB ပါဝင်ပြီး 128GB အထိရှိတဲ့ micro SD ကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ SD Card ကို password နဲ့ ပိတ်ထားနိုင်တာကြောင့် micro SD ကတ် ပျောက်ရင်လည်း အတွင်းရှိအချက်အလက်တွေ ခိုးယူခံရခြင်းကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

၃။ ကင်မရာ

အရှေ့ကင်မရာ 8 MP နှင့် အနောက်ကင်မရာ 16 MP ရှိပြီး အနောက်ကင်မရာမှာ SONY ရဲ့ BSI ကင်မရာ တပ်ဆင်ထားတဲ့အတွက် ကင်မရာရိုက်ချက်တွေ အလွန်ကောင်းမွန်ပါတယ်။ OIS 1.5˚ နည်းပညာသစ်က လက်တုန်ခါမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ပုံရိပ်ဝေဝါးခြင်း ပြဿနာကို ဖြေရှင်းပေးမှာပါ။ Image Signal Processor (ISP) နှင့် Digital Signal Processor (DSP) တို့ကို ထပ်မံထည့်သွင်းထားတဲ့အတွက် ဓါတ်ပုံဗီဒီယို ရိုက်ကူးရေးလုပ်ဆောင်ချက်များကို လုပ်ဆောင်ရာတွင် ပုံမှန်ထက်၄ဆ ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။ Professional mode ပါဝင်လာတာကြောင့် DSLR ကင်မရာတစ်လုံးကဲ့သို့ ဆက်တင်များကို လိုအပ် သလို ချိန်ညှိရိုက်ကူးနိုင်ပါတယ်။ Slow-mo mode ကို အသုံးပြုပြီး ပုံမှန် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို အနှေးပြကွက်လို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

၄။ ထူးခြားမှုများ

2nd Generation လက်ဗွေစနစ် – sensor အပေါ် လက်တင်လိုက်တာနဲ့ ဝ.၅ စက္ကန့်အတွင်း ဖုန်းကို လော့ခ်ဖွင့် ပေးနိုင်မှာပါ။ ဒါ့အပြင် Fingerprint sensor ဖြင့် ဓါတ်ပုံရိုက်ခြင်း၊ ဖုန်းအဝင်ခေါ်ဆိုမှု လက်ခံခြင်း၊ နှိုးစက် ပိတ်ခြင်း၊ ဖုန်းကို Owner mode နှင့် Visitor mode နှစ်မျိုးခွဲပြီး fingerprint ၂ခုနဲ့ အသုံးပြုနိုင်ခြင်း၊ ဖိုင်၊ ဓါတ်ပုံ၊ ဗီဒီယိုနှင့် သီချင်းများကိုဖွက်ထားနိုင်ခြင်းနှင့် app များကို fingerprint ဖြင့် lock ချနိုင်ခြင်းစတဲ့ လုပ်ဆောင်ချက်များကိုလဲ အသုံးပြုနိုင်ပါတယ်။

အသံဖမ်းအားကောင်းတဲ့ စပီကာ – speaker ဖွင့်ပြီး ဖုန်းပြောပါက ၃မီတာအကွာအဝေးမှ ပြောတဲ့ အသံကိုပင် ကြည်လင်ပြတ်သားစွာဖမ်းယူပေးနိုင်မှာဖြစ် ပါတယ်။ Meeting နှင့် Lecture room ထဲမှာ အသံဖမ်းလို့ အလွန်အဆင်ပြေစေမှာ ဖြစ်ပါတယ်။
လက်ဆစ်ကွေးပြီး စခရင်ရှော့ယူနိုင် – ဖုန်းမျက်နှာပြင်ကို လက်ဆစ်နဲ့ ၂ချက်ဆက်တိုက်ခေါက်လိုက်တာနဲ့ စခရင်ရှော့ရိုက်ယူပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Facebook post (သို့) PDF ဖိုင်လို အပေါ်အောက်ဆွဲပြီး ကြည့်ရတဲ့အနေအထားမျိုးမှာ လက်ဆစ်နဲ့တစ်ချက်ခေါက်ပြီး S ပုံစံဆွဲ လိုက်ရုံ နဲ့ အောက်ဘက်ကို အလိုအလျောက် စခရင်ရှော့ရိုက်ပေးမှာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်ရှိ MTV တစ်ခု (သို့) movie တစ်ကားရဲ့ တစ်စိတ်တစ်ပိုင်းကို သိမ်းထားချင်တဲ့အခါ လက်ဆစ်၂ချောင်းပေါင်း၍ ၂ချက်ဆက်တိုက်ခေါက်လိုက်ခြင်းဖြင့် ၅မိနစ်စာ ဗီဒီယိုတစ်ခုအဖြစ် ဖန်တီးနိုင်ပါတယ်။

နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်ခြင်း – နိုင်ငံတစ်ခုချင်းစီရဲ့ ဖုန်းလိုင်းများကို သုံးစွဲနိုင်အောင် ပြုလုပ်ပေးထားတာ ကြောင့် နိုင်ငံပေါင်း ၂၁၇နိုင်ငံသို့ သယ်ဆောင် အသုံးပြုနိုင်ပါတယ်။

၅။ ဈေးနှုန်း

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ၄ရက်နေ့မှ ၅၉၉,၀၀၀ ကျပ်ဖြင့် စတင်ရောင်းချလျက်ရှိပြီး Champagne Gold အရောင်နဲ့ Mocha Gold အရောင်တို့မှ စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top