အင်စတာဂရမ်ရဲ့ အမေးအဖြေ feature အသစ်

instagram-stories-questions-official.jpg

တစ်နေ့တခြား လုပ်ဆောင်မှုအသစ်တွေ ထပ်တိုး လုပ်ဆောင်လာနိုင်မှုကြောင့် Instagram က အသုံးပြုသူတွေကြားမှာ ရေပန်းစားလာနေပါတယ်။ Instagram ရဲ့ Highlights feature က လူအများရဲ့ နှစ်ခြိုက်ခြင်းကို ခံရတဲ့အပြင် အခုဆိုရင် “Question sticker” ဆိုတဲ့ feature အသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်လိုက်ပြီး လူတွေရဲ့ အာရုံစိုက်မှုကို ရယူလိုက်ပြန်ပါတယ်။

Instagram အပ်ပလီကေးရှင်းမှာ အသုံးပြုသူတွေက stories တွေကို နေ့စဉ် သဘောကျ နှစ်သက်စွာ တင်လေ့ရှိကြပါတယ်။ ဒီ stories တွေမှာ မေးထားတဲ့မေးခွန်းတွေကို “Yes (or) No” ရွေးပြီးဖြေတာ၊ ဒါမှမဟုတ် emoji နဲ့ ဖြေတာ အစရှိတဲ့ လုပ်ဆောင်မှုတွေကို သိကြမယ် ထင်ပါတယ်။

ဒီလုပ်ဆောင်မှုတွေမှာ ကန့်သတ်ချက်ကိုယ်စီ ရှိနေပါတယ်။ “Yes (or) No” မှာဆို Yes (သို့) No ပဲ ဖြေလို့ရတာ ဖြစ်ပြီး emoji feature မှာဆိုရင်လည်း emoji သာ ရွေးချယ်ဖြေဆိုနိုင်တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ အကန့်အသတ်မရှိ ကိုယ် ဖြေချင်တာကို ဖြေလို့ရနိုင်တော့မယ့် feature အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါပြီ။ ဒီ feature ရဲ့ အလုပ် လုပ်ပုံကို ကြည့်ရအောင်ပါ။

Story တစ်ခုမှာ ပုံတစ်ပုံကို question sticker feature ထည့်ပြီး မေးခွန်းမေးထားရင် ဒီ story ကို မြင်တဲ့သူတွေက မေးခွန်းရဲ့အဖြေကို ကြိုက်သလို ရေးနိုင်မှာပါ။ ဒါ့အပြင် အဲဒီ story ကို ကိုယ် ဖြေလိုက်တဲ့အဖြေနဲ့အတူ story အသစ်တစ်ခုအဖြစ် ပြန်လည်မျှဝေပေးနိုင်မှာပါ။

လွယ်ကူပြီး အသုံးဝင်လှတဲ့ feature တစ်ခုဖြစ်တဲ့အတွက် ရိုးရာလေးပရိသတ်တို့ကိုလည်း အသုံးပြုကြည့်စေချင်တဲ့အတွက်ကြောင့် ပြောပြပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီ question sticker တွေကတော့ Instagram version 52 မှာ ပါဝင်လာတာဖြစ်ပြီး Android ရော၊ iOS အတွက်ပါ ရနိုင်ပြီလို့ သိရပါတယ်။ ကဲ နောက်ဆုံးဗားရှင်းကို အမြန်လေး ဒေါင်းလော့ဒ်လုပ်ပြီး စမ်းကြည့်ကြရအောင်။

Ref : AndroidPolice “Instagram adds ability to ask questions in Stories”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top