စစ်ပွဲကြောင့် ကွဲကွာခဲ့တဲ့ မိသားစုတွေ ပြန်တွေဆုံခွင့်ပေးဖို့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား သဘောတူ

တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ နှစ်နိုင်ငံ နယ်စပ်ကို ပိုင်ခြားစေခဲ့တဲ့ ကိုရီးယား ကျွန်းဆွယ် စစ်ပွဲတွင်း ကွဲကွာသွားခဲ့ရတဲ့ မိသားစုတွေ ပေါင်းစည်းရေး အတွက် သဘောတူညီမှုတွေရရှိခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

၁၉၅၀-၅၃ ခုနှစ် အထိ ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း ကိုရီးယားပြည်သူသန်းချီဟာ မိသားစုနဲ့ ကွဲကွာခဲ့ရပြီး မိသားစုဝင်တွေနဲ့ ပြန်မပေါင်းခင်ပဲ အချို့ဟာ သေဆုံးခဲ့ရပါတယ်။ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်ပေါင်းစည်းမှုကို သြဂုတ် လအတွင်း ပြုလုပ်နိုင်ဖွယ်ရှိနေပြီး အဲဒီပေါင်းစည်းမှုဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ပေါင်းစည်းနိုင်တာဖြစ်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာတင်းမာမှုတွေ လျှော့နေချိန်မှာပဲ အခုလိုမျိုး တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ နိုင်ငံအတွင်းရှိ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်ပေါင်းစည်းဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယားနိုင်ငံရှိ ကွဲကွာနေတဲ့မိသားစုတွေ ပြန်ပေါင်းစည်းနိုင်ဖို့ သြဂုတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ ပြန်လည် ပြုလုပ်နိုင်မှာဖြစ်တယ်လို့ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအစိုးရတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား အစိုးရတာဝန်ရှိသူတွေဟာ ကွဲကွာနေတဲ့မိသားစုတွေ ပြန်ပေါင်းစည်းနိုင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွေေးနွးခဲ့ပြီးနောက် သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ကြက်ခြေနီအဖွဲမှာ ကွဲကွာနေတဲ့မိသားစုဝင်တွေအဖြစ် မှတ်ပုံတင်ထားသူ ၅၇၀၀၀ ရှိပြီး ၄င်းတို့အတွက် ကံကောင်းမှုတွေရှိလာခဲ့တယ်လို့ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံက ကွဲကွာနေတဲ့မိသားစုတွေ ပြန်ပေါင်းစည်းချိန်မှာ မိသားစုရဲ့နောက်ခံ အချက်လက်နဲ့ အသက်အရွယ်တွေကို ကွန်ပြူတာနဲ့ စာရင်းလုပ်သွားမှာဖြစ်ပါတယ်။ ဒါအပြင် စစ်ပွဲကြောင့် ကွဲကွာနေတဲ့ မိသားစုတွေ ခရီးသွားဖို့ ကြံ့ခိုင်မှု ရှိမရှိဆိုတဲ့အခြေအနေကို ဆုံးဖြတ်နိုင်ဖို့ ကျန်းမာရေး စစ်ဆေးသွားမယ်လို့ဆိုပါတယ်။

 

Ref: BBC "North and South Korea agree to resume rare family reunions"

Kaung htet ngwe (ရိုးရာလေး)