ထောင်ထဲကနေ ဥာဏ်ဆင်ပြီးထွက်လာတဲ့ခင်ပွန်းသည်ကို ဇနီးဖြစ်သူက ထောင်ထဲပြန်ပို့

ကော်လိုရားဒိုး (Colorado) ပြည်နယ်မှာ ထောင်ထဲက ဥာဏ်ဆင်ပြီး ထွက်လာတဲ့ ခင်ပွန်းသည်ကို ဇနီးသည်က ထောင်ထဲပြန်ပို့ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

မက်ဆာ (Mesa) စီရင်စုက အကျဉ်းထောင်မှာ ထောင်ပိုင်ရဲ့ သတိပေါ့ဆမှုကို ဂျိမ်းစ် (James) ဆိုသူက ကောင်းကောင်းအသုံးချပြီး ထောင်ကလွတ်အောင် ထွက်သွားခဲ့တာလို့ သိရပါတယ်။ သူက ၃၈ နှစ်အရွယ်ရှိပြီး မေလကုန်ပိုင်းကတည်းက ခြိမ်းခြောက်မှု၊ ပိုင်နက်ကျူးလွန်မှု၊ စည်းကမ်းဖောက်ဖျက်မှု တွေနဲ့ ပြစ်ဒဏ်ကျခံနေရတာပါ။

သူနဲ့ ထောင်တိုက်တစ်တိုက်တည်းက ထောင်သား မာ့ခ်ျ (March) ရဲ့ အကျဉ်းခန်းကို ပြန်လည်ပြင်ဆင်နေတာကြောင့် မာ့ခ်ျဟာ ဂျိမ်းစ်ရဲ့ အက်ဉ်းခန်းထဲ ခဏပြောင်းရွှေ့ပြီးနေခဲ့ရပါတယ်။ ပြဿနာက မာ့ခ်ျဟာ ကိုယ့်အကျဉ်းခန်းကို ပြန်လည်ပြောင်းရွှေ့သွားချိန်မှာ ထောင်အာဏာပိုင်တွေဟာ ပြောင်းရွှေ့မှတ်တမ်းမှာ စာရင်းမျဖည့်မိခဲ့တာပါပဲ။

မာ့ခ်ျရဲ့ ပြစ်ဒဏ်ပြည့်ချိန်ရောက်တော့ ထောင်ကပြန်လွှတ်ဖို့ ထောင်အာဏာပိုင်တွေက ဂျိမ်းစ်ရဲ့အကျဉ်းခန်းမှာပဲ မာ့ခ်ျကို သွားရောက်ခေါ်ထုတ်ရာမှာ ဂျိမ်းစ်က မာ့ခ်ျရဲ့ လက်မှတ်အတုထိုး၊ ပုံမှားရိုက်ပြီး မာ့ခ်ျရဲ့ အကြွေးဝယ်ကတ်နဲ့ လယ်သာအကျီင်္ီတွေကိုပါယူရင်း ထောင်က ခပ်တည်တည်နဲ့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဇနီးသည်နေတဲ့ တိုက်ခန်းကိုပြန်ရောက်ေတာ့ အကျိုးအကြောင်းစုံသိသွားတဲ့ ဇနီးက ဂျိမ်းစ်ကို ချက်ချင်းပဲ ထောင်ထဲပြန်ပို့တော့တာပါပဲ။ ဂျိမ်းစ်ဟာ နဂိုအမှုဟောင်းတွေအပြင် ထောင်ပြေးမှု၊ လိမ်လည်မှု၊ လက်မှတ်အတုလုပ်မှု၊ ခိုးမှု စတဲ့ အမှုသစ်တွေနဲ့ ထပ်ပြီး တရားစွဲဆိုခံရတော့မှာဖြစ်ပါတယ်။ ဂျိမ်းစ်တစ်ယောက် ငါးပါးမှောက်တာပါပဲ။ ထောင်အပြင်ဘက်မှာ ၂နာရီသာ နေခွင့်ရခဲ့ပါတယ်။

 

Ref: dailymail "Wife returns her husband to prison after just two hours when she realizes he has cheated his way to freedom"

AI (ရိုးရာလေး)