Category: International

ဆီးရီးယား အစိုးရတပ်ဖွဲ့တွေ နဲ့ IS စစ်သွေးကြွအဖွဲ့တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်

ဆီးရီးယားနိုင်ငံ ဒမပ်စကက်မြို့တောင်ပိုင်းမှာ ဧပြီ ၂၈ ရက်နေ့က ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ ၄င်းရဲ့မဟာမိတ်အဖွဲ့တွေဟာ IS စစ်သွေးကြွအဖွဲ့တွေ နဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့သိရပါတယ်။

Category: International

နျူကလီယားလက်နက်တွေ အလုံးစုံဖျက်သိမ်းဖို့ ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေ ကတိပြု

တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ဟာ ဧပြီ ၂၇ ရက်နေ့မှာ သမိုင်းဝင်တွေဆုံခဲ့ပြီးနောက် ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား လက်နက် အလုံး စုံဖျက်သိမ်းရေးလုပ်ဆောင်ဖို့ ကတိပြုခဲ့တဲ့အပြင် ၁၉၅၀ ခုနှစ်ကျော်က ဖြစ်ခဲ့တဲ့ ကိုရီးယား စစ်ပွဲတရားဝင် ပြီးဆုံးကြောင်း အခုနှစ်အတွင်းကြေညာနိုင်ဖို့ တရုတ်၊အမေရိကန်တို့ နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Category: International

ကလေး မရနိုင်ဘူးထင်ပြီး မှ ခြောက်မွှာပူး ပိုင်ဆိုင်ခဲ့တဲ့ ဇနီးမောင်နှံ

ကိုယ်ပိုင်ကလေး မရနိုင်တော့ ဘူးလို့ ဆရာဝန်က အတည်ပြုခဲ့ပြီး မှ ခြောက်မွှာပူး လေးတွေပိုင်ဆိုင်ရတယ်ဆိုတာ ဖော်ပြလို့မရနိုင်တဲ့ ပျော်ရွှင်မှုမျိုး ဖြစ်မှာပါ။

Category: International

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ် နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်တို့ သမိုင်းဝင် ဆွေးနွေးပွဲလုပ်

မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအမ်ဟာ နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ယနေ့ ဧပြီ ၂၇ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ကာ တောင်ကိုရီးယား သမ္မတမွန်ဂျေအင်နဲ့ သမိုင်းဝင်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

Category: International

ဂျပန်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အသက် ၁၁၇ နှစ်အရွယ် ဂျပန်အမျိုးသမီး နာဘီ တာဂျီမာ(Nabi Tajima)ဟာ ဂျပန်နိုင်ငံ တောင်ပိုင်း ကိကိုင်(Kikai) မြို့မှာ ပြီးခဲ့တဲ့ စနေနေ့(ဧပြီ ၂၁ရက်)က ကွယ်လွန်ခဲ့တယ်လို့ မြို့တာဝန်ရှိသူ ဆူစုမု ယိုရှီယုကိ(Susumu Yoshiyuki) က အတည်ပြု ပြောကြားခဲ့ပါတယ်။

Category: International

 တစ်ခါသုံးပလတ်စတစ်ရောင်းချမှုကို ပိတ်ပင်သွားတော့မယ့် ဗြိတိန်

ဗြိတိန်နိုင်ငံတွင်း ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုကို ပိုမိုဆိုးရွားလာစေတဲ့ အခြေအနေကြောင့် ယင်းတို့အနေနဲ့ တစ်ခါသုံးပလတ်စတစ် ရောင်းချမှုကို ပိတ်ပင်တားမြစ်ခြင်းအထိ လုပ်ဆောင်ပြီး သဘာဝပတ်ဝန်းကျင်အတွက် အားကြိုးမာန်တက် ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ် လို့ ဗြိတိန်ရဲ့ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး မိုက်ကယ်ဂို့ဗ်က

Category: International

ကနေဒါမှာ လူတွေကို ကားနဲ့ တိုက်သတ်ခဲ့သူကို လူသတ်မှုအပြင် စွဲချက်အများပြားတင်

ဧပြီ ၂၄ ရက်နေ့က ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရဲ့လူစည်ကားရာလမ်းမှာ လူအများအပြားကို ဗင်ကားနဲ့ တိုက်သတ်ခဲ့တဲ့ ကားမောင်းသမားကို လူသတ်မှု၊ လူသတ်ဖို့ ကြိုးပမ်းအားထုတ်မှု အပါအဝင် စွဲချက်အများပြားနဲ့ စွဲချက်တင်ခဲ့တယ် လို့သိရပါတယ်။

Category: International

အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျ အိပ်ခ်ျ ဒဗလျူ ဘုရှ် (George H W Bush) ဆေးရုံတက်နေရ

အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျ အိပ်ခ်ျ ဒဗလျူ ဘုရှ် (George H W Bush) ဟာ ဇနီးဖြစ်သူ ဘာဘာရာ ဘုရှ်ရဲ့ ဈာပန ပြီးဆုံးပြီးနောက် ရက်ပိုင်းအကြာမှာပဲ ကျန်းမာရေးချို့တဲ့လာတာကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။

Category: International

မြောက်ကိုရီးယားနယ်စပ်ရှိ ဝါဒဖြန့်ချိရေး အသံလွှင့် လော်စပီကာတွေကို တောင်ကိုရီးယား ပိတ်သိမ်း

အခုသီတင်းပတ်နောက်ပိုင်းမှာ ပြုလုပ်မယ့် အဆင်မြင့်အရာရှိကြီးတွေရဲ့ ဆွေးနွေးမှုမတိုင်ခင် တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယား နယ်စပ်တစ်လျှောက်မှာ ချထားတဲ့ ဝါဒ ဖြန့်ချိရေးပြုလုပ်ဖို့ ဖွင့်တဲ့ လော်စပီကာကြီးတွေကို ပိတ်သိမ်းလိုက်တယ်လို့သိရပါတယ်။

Category: International

ကလေးငယ်တွေကို အဓမ္မပြုကျင့်သူကို သေဒဏ်ပေးဖို့ အိန္ဒိယအစိုးရ အတည်ပြု

အိန္ဒိယ အစိုးရဟာ ကလေးငယ်တွေအပေါ် အဓမ္မပြုကျင့်သူတွေကို သေဒဏ် အပြစ်ပေးဖို့ ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြစ်ဒဏ်ပြောင်းလဲမှုဟာ အသက်၁၂နှစ်အောက်ကလေးငယ်တွေကို အဓမ္မပြုကျင့်သူတွေကို ရည်ရွယ်တာလည်းဖြစ်ပါတယ်။

Category: International

နျူကလီးယား နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ရပ်တန့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က သူအနေနဲ့ နျူကလီယား စမ်းသပ်တဲ့နေရာကို ချက်ချင်း ပိတ်ပစ်မှာဖြစ်သလို ဒုံးကျည်စမ်းသပ်မှုအားလုံးကို ဆိုင်းငံမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဧပြီ ၂၁ ရက်နေ့ကစပြီး မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်မှု နဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်လုပ်ဆောင်နေမှုတွေကို ရပ်တန့်သွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Category: International

မိဘသေဆုံးပြီး လေးနှစ်အကြာမှ ကလေးတစ်ဦးမွေးဖွား

တရုတ်နိုင်ငံရှိ စုံတွဲလင်မယားနှစ်ဦးဟာ ကားအက်ဆီးဒင့်ကြောင့် သေဆုံးပြီး လေးနှစ်အကြာမှာ အငှားကိုယ်ဝန်ဆောင်နဲ့ သူတို့ရဲ့ ကလေးငယ် မွေးဖွားခဲ့ကြောင့် BBC က ဖော်ပြထားပါတယ်။
Category: International

ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုနေရာမှာ အစားထိုးရွေးချယ်မှုလုပ်

ကျူးဘားလွတ်တော်ဟာ သမ္မတ ရာအူးလ်ကက်စထရိုရဲ့ ညာလက်ရုံးဖြစ်တဲ့ မီဂူလ် ဒိုင်ယာ ကာနယ်လ်ကို ကက်စထရိုရဲ့နေရာ ဆက်ခံသူအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာကြောင့် ကက်စထရိုမိသားစုရဲ့ နှစ်အတန်ကြာ အုပ်စိုးမှု အဆုံးသတ်တော့မှာဖြစ်ပါတယ်။

Category: International

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား ၆၈ နှစ်ကြာ စစ်ပွဲကို အပြီးသတ်ရန်ရှိ

မြောက်ကိုရီးယားအာဏာရှင် ကင်မ်ဂျုံအန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ဟာ လာမယ့်သီတင်းပတ်အတွင်းမှာ နှစ်နိုင်ငံကြား ရှိနေတဲ့ စစ်ကို အဆုံးသတ်နိုင်ဖို့ ပြင်ဆင်နေကြကြောင်း သိရပါတယ်။ အဲဒီ ၁၉၅၀-၁၉၅၃ ကိုရီးယားပဋိပက္ခဟာ အပစ်အခတ်ရပ်စဲရေးလောက်သာ ဖြစ်ခဲ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဟုတ်ခဲ့ဘဲ နည်းပညာပိုင်း စစ်ပွဲတွေရှိနေခဲ့တာပါ။