Category: International

သေခါနီးမှာ အစားအများကြီး စားခဲ့သူ

ကိုယ် အသက်ရှင်ရဖို့ အချိန်မကျန်တော့ဘူးဆိုတာ သိခဲ့ရင် နောက်ဆုံးအနေနဲ့ ဘယ်လို အစားအသောက်တွေ စားသွားချင်လဲ ။ဘာအလုပ်တွေ လုပ်သွားချင်လဲ။

Category: International

ခွေးသားရောင်းခွင့် ပိတ်ပင်ခံရတော့မယ့် ယုလင်ပွဲတော်

ခွေးတွေဟာ သစ္စာရှိလှတဲ့အတွက် လူတွေရဲ့ အကောင်းဆုံးသူငယ်ချင်းလို့ သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့်လည်း အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးတဲ့သူလည်း များလှပါတယ်။

Category: International

အချစ်ကြောင့် မင်းသမီးဘွဲ့စွန့်လွှတ်ရနိုင်ဖွယ်ရှိနေတဲ့ ဂျပန်တော်ဝင်မင်းသမီး

ဂျပန်နိုင်ငံ ဧကရာဇ်ရဲ့ မြေးတော်ဖြစ်တဲ့ တော်ဝင်မင်းသမီး Mako ဟာ သူမရဲ့ နန်းတွင်းအဆောင်အယောင်တွေနဲ့ မင်းသမီးဘွဲ့ကိုပါ စွန့်လွှတ်ရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

Category: International

ချစ်သူကို ဓားနဲ့ ထိုးခဲ့ပေမယ့် ပညာထူးချွန်လွန်းနေတာကြောင့် ထောင် မကျခဲ့တဲ့ အောက်စဖို့ဒ်ကျောင်းသူ

 အောက်စ်ဖို့ဒ် တက္ကသိုလ်ကျောင်းသူ လာဗ်နီယာ ဝုဒ်ဝါ့ဒ် (Lavinia Woodward ) ဟာ သူမရဲ့ ချစ်သူကို ဓားနဲ့ ထိုးခဲ့ပေမယ့် ထောင် မကျခဲ့ပါဘူး။ တရားရုံးက  အကျယ်ချူပ်သာ ချခဲ့ခြင်းကြောင့် သူမ ဟာ ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပါတယ်။ အကျယ်ချူပ်သာ ချခဲ့ခြင်း အကြောင်းရင်းကတော့ သူမရဲ့ အံ့မခန်းလောက်အောင် တော်တဲ့ ပညာသင်မှတ်တမ်းကြောင့်ပဲဖြစ်တယ်။

 

 ၂၄နှစ်အရွယ်ရှိတဲ့ လာဗ်နီယာ ဟာ အလွန်ပင် ထက်မြက်တဲ့အတွက် အောက်စ်ဖို့ဒ်ရှိ Christ Church ကောလိပ်ကလည်း ဆက်လက်ပညာသင်ကြားခွင့် ပေးခဲ့ပါတယ်။ ဓားနဲ့ အထိုးခံရတဲ့ သူမချစ်သူဟာ ဒဏ်ရာရရှိခဲ့ပေမယ့် မသေဆုံးခဲ့ပါဘူး။ သူ့ရဲ့ ပြောကြားချက်အရတော့ လာဗ်နီယာ ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဆေးကြောင်ပြီး   ရန်ရှာခဲ့တာ ဖြစ်ပါတယ်။ သူက Laviniaရဲ့ မိခင်ကို Skypeမှ ဖုန်းခေါ်အကြောင်းကြားနေတုန်းမှာပဲ သူမက သူ့မျက်နှာကို လက်သီးနဲ့ ထိုးပြီး ခြေထောက်ကိုလည်း ဓားနဲ့ ထိုးခဲ့တယ်လို့ ပြောပါတယ်။

 

 လာဗ်နီယာ ဟာ ဆေးကြောင်တတ်သူတစ်ဦးဖြစ်ပြီး အရင်ချစ်သူထံမှလည်း နှိပ်စက်ခံခဲ့ရဖူးတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ သူမ ဟာ လာမယ့် အောက်တိုဘာလမှာ Christ Church ကောလိပ်မှာ စိတ်သစ်လူသစ်ဖြင့် ဆက်လက်ပညာသင်ယူမှာ ဖြစ်ပါတယ်။

 

 

လူတစ်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်တာဟာ တရားဥပဒေကို ချိုးဖောက်တာ ဖြစ်လို့ ပညာအရည်အချင်းမရွေး၊ ရာထူးအရှိန်အဝါ မရွေး တူညီတဲ့ အပြစ်ပေးမှုကို ခံရသင့်တယ်လို့ ဝေဖန်သံတွေ လူမှုကွန်ရက်ပေါ်မှာ ဆူညံနေခဲ့ပါတယ်။

 

ရိုးရာလေးမိတ်ဆွေတို့ရော ဒီအရေးယူမှုမျိုးကို မျှတတယ်လို့ မြင်ကြပါသလား။

Category: International

ကမ္ဘာ့အသက်ကြီးဆုံး လေထီးခုန်သမားဖြစ်လာတဲ့ အဘိုးအို

အသက် ၁၀၁ နှစ်ကျော်တဲ့ Verdun အမည်ရှိတဲ့ အဘိုးအိုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ပေ တစ်သောင်းခွဲ အမြင့်အရောက်မှာ လေယာဉ်ပေါ်က ခုန်ချခဲ့တဲ့အတွက် ကမ္ဘာ့အသက်ကြီးဆုံး လေထီးခုန်သမားဖြစ်သွားပါပြီ။

Category: International

သတ္တုတွင်းမှာ အလုပ်လုပ်ခွင့်ရရန် အမျိုးသားအဖြစ် ဟန်ဆောင်ခဲ့သူ အမျိုးသမီး

တန်စနီးယား နိုင်ငံက Pili Hussein ကို အမျိုးသမီးတစ်ဦးလို့ ပြောကြရင် ဘယ်သူမှ ယုံကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူမက သတ္တုတွင်းမှာ အလုပ်လုပ်ခွင့်ရဖို့အတွက် အမျိုးသားတစ်ဦးအဖြစ် ဟန်ဆောင်နေထိုင်ခဲ့ပါတယ်။

Category: International

မိချောင်းကိုက်ခံရပေမယ့်လည်း တုံ့ပြန်တိုက်ခိုက်ခဲ့သဖြင့် အသက်ရှင်ခဲ့တဲ့ ၁၀ နှစ်အရွယ် မိန်းကလေး

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က Juliana Ossa ဆိုသူ အသက်၁၀ နှစ်အရွယ် မိန်းကလေးငယ်မှာ မိချောင်းကိုက်ခံရပေမယ့်လည်း လျှပ်တပြတ် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်သွားပါတယ်။

Category: International

တက်တူးဆေးကြောင့် အရေပြားပျက်စီးသွားတဲ့ မိန်းကလေး

မိုရိုကိုနိုင်ငံက ကမ်းခြေတစ်ခုကို မိသားစုနဲ့ အပန်းဖြေခရီးထွက်လာတဲ့ ဆိုဖီင်္ အမည်ရှိတဲ့ ဗြိတိန်လူမျိုးအမျိုးသမီးငယ်ဟာ ယာယီတက်တူးဆေးကြောင့် လက်ဖမိုးအသားအရေပြားတွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားပါတယ်။

Category: International

အဝေးပြေးလမ်းလယ်မှာ ဆယ်ဖီဆွဲလို့ သေဆုံးသွားတဲ့ စကောတလန်နိုင်ငံသား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံကို အလည်အပတ်သွားတဲ့ စကော့တလန်လူမျိုး လူငယ်တစ်ဦးဟာ အမြန်လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ ဆယ်ဖီဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ကံမကောင်းလှစွာဘဲ ကားတိုက်ခံရပြီး သေဆုံးသွားပါတယ်။

Category: International

သတင်းအမှားတွေကို အရေးယူသွားတော့မယ့် ဂျာမနီ

ဒီနေ့ သတင်းနဲ့ နည်းပညာခေတ်ကြီးရဲ့ ကောင်းကျိုးကတော့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကုသိရှိနိုင်လာတာပါ။

Category: International

ကိုယ်စွမ်းကိုယ်စနဲ့ ချမ်းသာလာတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာသူဌေးလေး

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာသူဌေး အဖြစ် အသစ်စက်စက် မှတ်တမ်းတင်ခံရသူကတော့ အသက် ၂၆ နှစ်အရွယ် အိုင်းရစ်ရှ်လူမျိုး ဂျွန်ကော်လီဆန် (John Collison) ပဲ ဖြစ်ပါတယ်။