Mytel က မြန်မာနဲ့ နိုင်ငံတကာ eSports ကဏ္ဍကို ပိုမိုမြင့်မားစေရန် ရည်ရွယ်ပြီး International Championship Series 2 ကို ကျင်းပမယ်

International-Championship-Series-2_Image1.jpg

Mytel မှဖွဲ့စည်းထားတဲ့ Myanmar Game Hub ( eSport ) အသင်းက ဒုတိယအကြိမ်မြောက် International Championship Series 2 ပြိုင်ပွဲကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Mytel က Moonton Technologyနဲ့အတူ မြန်မာနိုင်ငံအတွက် တရားဝင်မိတ်ဖက်အနေနဲ့ နေ့စဉ်နှင့်အမျှကျယ်ပြန့်လာတဲ့ eSports ကဏ္ဍ ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ပံ့ပိုးရခြင်းဖြစ်ပါတယ်။

Myanmar Game Hub အသင်းက မြန်မာနိုင်ငံရှိ eSports Platform တစ်ခုဖြစ်ကာ Mobile Legends နဲ့ PUBG ကစားသူများအကြားမှာ ထင်ရှားပြီး လက်ရှိမှာ သူတို့ရဲ့လှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ်ကြည့်ရှုနေသူပေါင်း ၅၀၀,၀၀၀ ကျော်ခန့်ရှိပါတယ်။ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံနဲ့နိုင်ငံတကာက ကစားသမားတွေကို ဖိတ်ခေါ်ခဲ့ရာ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ က‌မ္ဘောဒီယား အစရှိတဲ့ နိုင်ငံပေါင်း ၇ နိုင်ငံက ကစားသမားအဖွဲ့ပေါင်း ၁၆ ဖွဲ့က ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ၂၀၁၉ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ Bren Esports အသင်း နှင့် Mobile Legend M1 World Championship ကို အနိုင်ရရှိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှ Evos Legend အသင်း အစရှိတဲ့ နာမည်ကျော်အသင်းတွေလည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အုပ်စုပွဲစဉ်များကို ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၂၅ ရက်နေ့အထိ
ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို ဇူလိုင်လ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီInternational Championship Series 2 မှာ အနိုင်ရရှိတဲ့ ပြိုင်ပွဲဝင်များကို အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ကို ဆုကြေးအဖြစ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top