အင်တာနက်အလွန်အမင်းစွဲလမ်းခြင်းကို လျှော့ချနိုင်ဖို့

Addicted-To-Internet-Face-Out-Of-Laptop-Picture.jpg

အခုခေတ်မှာ ဆိုရှယ်မီဒီယာတွေ၊ အွန်လိုင်းဂိမ်းတွေ၊ အွန်လိုင်းက ကြည့်ရှုရတဲ့ ဇတ်လမ်းတွဲတွေ၊ အမြဲတမ်းအသစ်ထွက်နေတာဆိုတော့ အသက်မရွယ်မရွေး အချိန်မရွေးဖုန်းအသုံးပြုနေကြတာကို တွေ့မှာပါ။

ဘတ်စ်ကားပေါ်မှာဖြစ်ဖြစ် မှတ်တိုင်မှာကားစောင့်နေရင်းဖြစ်ဖြစ် စားစရာမှာနေရင်းနဲ့ပဲဖြစ်ဖြစ်၊ ကော်ဖီသောက်ရင်းနဲ့ပဲ ဖြစ်ဖြစ် သုံးရင်းနဲ့ ရုန်းမထွက်နိုင်အောင် ဖြစ်တတ်ကြပါတယ်။ ကိုယ်သိပ်သတိမထားမိဘူးဆိုပေမယ့် အိပ်ချိန်နောက်ကျတာမျိုး ကျန်းမာရေးကိစ္စလေးတွေကအစ လူမှုရေးပြဿနာလေးတွေအထိ ဖြစ်ပေါ်တတ်ပါတယ်။ အောက်ပါနည်းလမ်းများကတော့ ဖုန်း၊ အင်တာနက်တို့အပေါ် အလွန်အမင်းစွဲလမ်းခြင်းကို လျှော့ချပေးဖို့ အကူအညီပေးနိုင်မှာပါ။

၁။ သွားလေရာ စာအုပ်တစ်အုပ်သယ်သွားပါ။
လေ့လာချက်တွေရဲ့အဆိုအရ pdfမဟုတ်တဲ့ စာအုပ်များကိုဖတ်ရှုခြင်းက အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။ အင်တာနက်အပေါ်အလွန်အကျွံစွဲလမ်းမှုရဲ့လက္ခဏာတစ်ခုက အလွယ်တကူ အာရုံပျံ့လွယ်နိုင်တာပါပဲ။ စာအုပ်ဖတ်ခြင်းက ဒါကိုကူညီဖြေရှင်းနိုင်ပါတယ်။

၂။ သူငယ်ချင်းများနဲ့ အပြင်သွားဖို့ အစီအစဉ်တွေဆွဲပါ။

တစ်ကယ်လို့ သင်ဟာ လူကြောက်တတ်တဲ့သူ သို့မဟုတ် လူတွေနဲ့သိပ်ရောရောနှောနှောနေတတ်သူ မဟုတ်ရင်တောင်မှ အပေါင်းအသင်းဆံ့သူတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ကြိုးစားကြည့်ပါ။ သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့ကြ၊ စကားပြောကြ၊ ဘာလုပ်မလဲ အစီအစဉ်တွေချကြတာက သင့်ကို ဖုန်းနဲ့အဝေးကို အလိုလိုဆွဲခေါ်သွားမှာပါ။ လက်ရှိဘဝရဲ့ လူမှုဆက်ဆံရေးကိုလည်း တိုးတက်စေပါတယ်။

၃။ ကော်ဖီဆိုင်သွားရင် ဖုန်း သို့မဟုတ် လက်ပ်တော့(laptop)ကို အိမ်မှာထားခဲ့ပါ။
တစ်ခါတစ်လေ အပျင်းပြေ အိမ်နားက ကော်ဖီဆိုင်တို့ အအေးဆိုင်တို့ကို တစ်ယောက်ထဲ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ သွားခဲ့ရင် စိတ်အေးလက်အေးအနားယူပါ။ အာရုံနောက်စေမယ့် ဖုန်းတွေ လက်ပ်တော့တွေ ယူမသွားပါနဲ့။ စာအုပ်တစ်အုပ် ယူချင်ယူသွားပြီး ကော်ဖီကို အရသာခံသောက်ပါ။

၄။ တခြားပုံစံမျိုးနဲ့ ပြောင်းသုံးကြည့်ပါ။
လက်ပ်တော့ကွန်ပျူတာမှာ အလုပ်ကိစ္စတွေအတွက် စာတွေ note ထုတ်ထားမယ့်အစား စာအုပ်တစ်အုပ်အုပ်မှာ ချရေးတာမျိုးလုပ်ပါ။ e-book တွေ အင်တာနက်က ဖတ်နေမယ့်အစား တကယ့်စာအုပ်တွေကို စာအုပ်ဆိုင်က ဝယ်ဖတ်တာမျိုးလုပ်ပါ။ ဒါက သင့်ရဲ့အာရုံစိုက်နိုင်စွမ်းနဲ့ စိတ်ဝင်စားမှုကို ပိုတိုးတက်စေနိုင်ပါတယ်။ နှိုးစက်နာရီကို ရိုးရိုးနာရီနဲ့ ထားတာမျိုး ဟင်းချက်နည်းတွေကို အင်တာနက်မှာ ရှာဖွေမယ့်အစား စာအုပ်ဝယ်ပြီး ချက်ကြည့်တာမျိုး လုပ်ကြည့်ပါ။

၅။ အချိန်အကန့်အသတ်နဲ့ လုပ်ဆောင်ကြည့်ပါ။
တစ်နေ့တစ်နေ့ အင်တာနက်မှာ လူမှုကွန်ရက်တွေမှာ အချိန်ဖြုန်းတဲ့အချိန်တွေဟာ နည်းမှာမဟုတ်ပါဘူး။ တစ်ရက် ၄.၇နာရီပျှမ်းမျှသုံးရင်တောင်မှ တစ်ပတ်ကို ၃၃နာရီလောက်ဟာ အချိန်ဖြုန်းမိလျက်သား ဖြစ်သွားပါတယ်လို့ Digital Treands က ဆိုပါတယ်။ တစ်ရက်ကို ဘယ်လောက်ပဲသုံးမယ်ဆိုတာ ကိုယ့်ဘာသာကိုယ် အချိန်အကန့်အသတ်ထားပါ။ တကယ်အကျိုးရှိတဲ့နေရာတွေမှာ အချိန်ကို အကျိုးရှိရှိအသုံးချပါ။

Ref: This Incandescent Life: Five Everyday Habits to Fight Internet Addiction

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top