မူးယစ်ဆေးအတုတွေ လိမ်ရောင်းခံ ရတာကို မကျေနပ်လို့ ရဲသွားတိုင်တဲ့ အမျိုးသား

img01.jpg

ဂျောင်စု (Jiangsu) စီရင်စု၊ လီယမ်ရင်ဂေါင် (Lianyungang) မှာနေထိုင်တဲ့ ဝေါင် (Wang) အမည်ရ အမျိုးသားဟာ သူဝယ်ယူခဲ့တဲ့ (Crystal Meth) မူးယစ်ဆေးတွေက အတုဖြစ်နေတာကြောင့် ဝယ်ယူစဉ်က ကုန်ကျခဲ့တဲ့ ငွေသား (၁,၄၀ဝ) ယွမ်/ ဒေါ်လာ (၂၆၀) ကို ရောင်းချသူဆီက ပြန်တောင်းပေးဖို့ လိမ်ရောင်းခံခဲ့ရတဲ့ သကြားခဲအိတ်ကို ရဲဝန်ထမ်းတွေဆီ ပြပြီး အကူအညီတောင်းခဲ့ပါတယ်။

မကြာခင် အချိန်အတွင်းမှာပဲ ရဲတွေက ရှီ (Zhou) အမည်ရ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူကို လက်ရဖမ်းဆီးမိခဲ့ပြီး အဲဒီအမျိုးသားက ဝေါင်ကို မူးယစ်ဆေးအစား သကြားခဲတွေ ရောင်းမိခဲ့တာ ဖြစ်ကြောင်းကိုလည်း ဖြောင့်ချက်ပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဝေါင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူကိုယ်တိုင် မူးယစ်ဆေး သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့ပြီး အခုအခါမှာတော့ ရောင်းဝယ်ဖောက်ကားသူ ရှီရော၊ ဝယ်ယူသုံးစွဲသူ ဝေါင်ရော နှစ်ဦးလုံး ဖမ်းဆီး ထိန်းသိမ်းခံထားကြရပြီ ဖြစ်ပါတယ်။

Ref: 9 gag “Addict Calls Cops On Drug Dealer Who Sold Him Sugar Instead Of Crystal Meth”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top