ဖေ့စ်ဘွတ်ခ်အနေနဲ့ ဖုန်းပြောဆိုမှုတွေကို နားထောင်ခဲ့သလား

facebook-mark-zuckerberg-5-1200x630-c-ar1.91.png

ဒီမေးခွန်းကို မာ့ခ် ဇူကာဘက် (Mark Zuckerberg) တစ်ယောက် ဖြေရှင်းရတော့မှာပါ။

ဖေ့စ်ဘွတ်ခ်ဟာ နှစ်ပေါင်းများစွာ ဖုန်းရဲ့ မိုက်ခရိုဖုန်းကတစ်ဆင့် ဖုန်းပြောဆိုမှုတွေကို နားထောင်ပြီး အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူနေတယ်လို့ အသုံးပြုသူတွေဘက်က အခိုင်အမာ ဆိုနေကြပါတယ်။ ဥပမာအားဖြင့် သင် ဘယ်ခရီးကိုသွားမယ်၊ ဘယ်ဇာတ်ကား အသစ်တွေထွက်ပြီ စသဖြင့် ပြောဆိုမိမယ်ဆို ဒီအကြောင်းအရာနဲ့ နီးစပ်ပြီး သက်ဆိုင်တိကျတဲ့ ကြော်ငြာတွေကို အလိုအလျောက် ကိုယ့် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ပေါ်နေအောင် ပြုလုပ်ပေးတာကြောင့် လူတွေက အခုလို ကောက်ချက်ဆွဲကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါကို ကုမ္ပဏီဘက်ကတော့ ထပ်တလဲလဲ ငြင်းပယ်ခဲ့ပါတယ်။ ကြော်ငြာတွေဆိုတာ ကုမ္ပဏီတွေရဲ့ “လူတွေဟာ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ပို့စ်တွေကို မေ့လျော့တတ်ကြတယ်” ဆိုတဲ့ အယူအဆကြောင့် အလွန်အမင်း ပစ်မှတ်ထား ကြော်ငြာခြင်းကနေ ဖြစ်လာတဲ့ အကျိုးဆက်ပဲဖြစ်ပြီး ပူးပေါင်းကြံစည်မှု မရှိဘူးလို့ ပြောပါတယ်။

ဇူကာဘက်ဟာ ပူးပေါင်းကြံစည်မှု အကြောင်းကိုလည်း ပြောပြရပါတော့မယ်။ ဖေ့စ်ဘွတ်ခ် တည်ထောင်သူ ဇူကာဘက်ကို ကုမ္ပဏီရဲ့ သတင်းအချက်အလက် အလွဲသုံးစားမှု အရှုပ်တော်ပုံအကြောင်း၊ ဘယ်လို သတင်းအချက်အလက်တွေကို အသုံးပြုခဲ့လဲ ဆိုတာတွေကို ကွန်ဂရက်မှာ အမေရိကန် နိုင်ငံရေးသမားတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

အထက်လွှတ်တော် အမတ် ဂယ်ရီပီတာ (Gary Peters) က “ကျွန်တော် ဒါကို ကျွန်တော့်ရဲ့ ဝန်ထမ်းတွေဆီကအပြင် အတော်များများ ကြားသိခဲ့ပြီးပါပြီ။ ထပ်တလဲလဲ မမှန်တာတွေကို လူတွေက ဆက်ယုံကြည်နေကြပြီး ကြော်ငြာတွေကို မြင်ပြီးတဲ့နောက်မှာတော့ သူတို့ဘာသာ ကောက်ချက်ဆွဲလိုက်ကြတာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်က ကြော်ငြာတွေ လာပေါ်နေတတ်တဲ့ ဖြစ်စဉ်အပေါ်မှာတော့ မငြင်းဆိုခဲ့ဘူးလို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့က မိုက်ခရိုဖုန်းသုံးပြီး ပြောကြားတာတွေကို နားထောင်ပြီး ကြော်ငြာတွေအတွက် အသုံးပြုဖို့ ပူးပေါင်း ကြံစည်မှု ဖြစ်စဉ်အကြောင်း ပြောနေတာဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ အသုံးပြုသူတွေရဲ့ ဖုန်းပြောဆိုမှုတွေကို အမြဲတစေ နားထောင်ခဲ့ပြီး အင်တာနက်ပေါ်က အမျိုးမျိုးသော ဗီဒီယိုတွေနဲ့ ပို့စ်တွေကို အမြဲ စောင့်ကြည့်နေတယ်လို့ အားလုံးက အခိုင်အမာ ဆိုခဲ့ကြပါတယ်။

Ref : The Independent

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top