ကိုဗစ်ရောဂါရှိ၊မရှိ တစ်စက္ကန့်အတွင်း ဆုံးဖြတ်နိုင်မယ့် နည်းလမ်းကို အစ္စရေးနိုင်ငံ စမ်းသပ်နေ

14-8-2020-yyl-014.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ တစ်စက္ကန့်အတွင်း ဆုံးဖြတ်ပေးနိုင်မယ့် တံတွေး(သလိပ်)စမ်းသပ်မှုကို စမ်းသပ်နေတယ်လို့ အစ္စရေးနိုင်ငံရဲ့ အကြီးမားဆုံး ကျန်းမာရေးစင်တာက ပြောပါတယ်။ လူနာတွေက ဆားရည်နဲ့ ပလုပ်ကျင်းပြီး ခွက်ထဲကို တံတွေးထွေးရမှာပါ။ အဲဒီနောက်မှာ ရောင်စဉ်လှိုင်းတိုင်းတာရေးကိရိယာငယ် အသုံးပြုပြီး တံတွေးနမူနာကို မီးထိုးပါတယ်။ တုံ့ပြန်မှုကို ခွဲခြမ်းစိတ်ဖြာပြီး ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ဆုံးဖြတ်တာပါ။ မှတ်ဉာဏ်တုနည်းပညာကို အသုံးပြုထားတဲ့အတွက် တိကျတယ်လို့ ဆိုပါတယ်။

ဒီနည်းလမ်းသစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရာမှာ အသုံးပြုတဲ့ PCR နမူနာထက် အသုံးပြုရလွယ်ကူတယ်လို့ စမ်းသပ်မှုကို ဦးဆောင်နေသူ အီလီရှဝက်ဇ်က ပြောပါတယ်။ ” ဒီနည်းလမ်းသစ်က အလားအလာကောင်းတဲ့ရလဒ်တွေ ဖော်ပြပေးနေပါတယ်။ အသုံးပြုရတာ အရမ်းလွယ်ကူပြီး အရမ်းဈေးသက်သာပါတယ်”လို့ အီလီရှဝက်ဇ်က ပြောပါတယ်။ မှတ်ဉာဏ်တုနည်းပညာကို အခြေခံတဲ့ စမ်းသပ်ရေးကိရိယာဟာ လူနာရာချီ ပါဝင်တဲ့ ကနဦးအဆင့် စမ်းသပ်မှုမှာ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ရဲ့ အထောက်အထား၉၅ ရာခိုင်နှုန်းအထိ အောင်မြင်အောင် ခွဲခြားဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အပြီးသတ် ဆုံးဖြတ်ချက်မချခင် လက်ရှိသုံးနေတဲ့ စမ်းသပ်မှုတွေနဲ့ နှိုင်းယှဉ်မှုတွေ ထပ်လုပ်ပြီး အချက်အလက်တွေကို ကြည့်ချင်သေးတယ်လို့ ဂျေရုစလမ်မြို့ ဟီဘရူးတက္ကသိုလ်ရဲ့ မော်လီကျူးဗိုင်းရပ်စ်ဗေဒ ကျွမ်းကျင်ပညာရှင် အေမို့စ်ပါနက်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် လူနာတွေ ပိုပြီးဖျားနာလေလေ၊ သလိပ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်ပမာဏ ပိုများလာလေလေဖြစ်တယ်လို့ အေမို့စ်ပါနက်က ပြောပါတယ်။ စမ်းသပ်မှုနည်းလမ်းသစ်ရဲ့ အကြီးမားဆုံးစိန်ခေါ်မှုကတော့ ဗိုင်းရပ်စ် ရှိသလို၊ မရှိသလို ဖြစ်နေသူတွေကို စမ်းသပ်နိုင်ရေးဖြစ်တယ်လို့ သူက ဆိုပါတယ်။စက်တစ်လုံးကို အမေရိကန်ဒေါ်လာ ၂၀၀ အောက်ပဲ ကုန်ကျပြီး စမ်းသပ်မှုတစ်ခုကို ၂၅ စင့်ပဲ ကုန်ကျမှာဖြစ်ပါတယ်။

Ref: Reuters ” Israeli hospital trials super-quick saliva test for COVID-19″

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top