လက်ဆင့်ကမ်းသယ်ဆောင်ရာဝယ်

Help-Hand-1.jpg

စာ​ရေးသူတို့ နိုင်​ငံမှာ တခြား​ဈေးကွက်​​တွေ အ​ခြေအ​နေ ဘယ်​လိုပဲဖြစ်​ဖြစ်​ အား​ကောင်​း​မြဲ အား​ကောင်​း​နေတတ်​သည်​့ ​ဈေးကွက်​တစ်​ခုရှိသည်​။ ဂျင်​း​ဈေးကွက်​ဖြစ်​သည်​။ စားရသည်​့ “ချင်​း”မဟုတ်​၊ ထည်​့ရသည်​့ “ဂျင်​း”ဖြစ်​၏။ သိမှုနုနယ်​သူများကို အခွင်​့​ကောင်​းယူခြင်​းဟု အဓိပ္ပါယ်​ဖွင်​့ဆိုလျှင် သင်​့မည်​ထင်​၏။ ဂျင်​းမှာပင်​ ​​ပေါ်ပင်​ဂျင်​းနှင်​့ အမြစ်​တွယ်​​နေသည်​့ဂျင်​းဟူ၍ အကြမ်​းဖျင်​း နှစ်​မျိုးနှစ်​စား ခွဲခြားနိုင်​၏။ ယုံကြည်​စွာ ​ဝေမျှလျှင်​ (share) “ထီ​ပေါက်​မည်​၊ ​ငွေ​တွေဝင်​မည်​”။ မြင်​လျှက်​နှင်​့ မ​ဝေမျှလျှင် “ကံဆိုးမည်​”ဆိုတာမျိုးက ​ပေါ်ပင်​ဂျင်​းဖြစ်​သည်​။ လူမှုကွန်​ရက်​မှာ ဖန်​တရာ​တေ​အောင်​ ​တွေ့​နေ၊ မြင်​​နေရလို့ ကြာလျှင်​ ရိုးအီသွားမည်​ဖြစ်​သည်​။ အမြစ်​တွယ်​​နေသည်​့ဂျင်​း​တွေကို​တော့ လူမှုဘဝမှာ မြင်​ရနိုင်​သည်​။

ဒီရက်​ပိုင်​း စာ​ရေးသူ ဇနီးသည်​ ​မီးဖွားပြီး​ချိန်​မှာ အမြစ်​တွယ်​​နေသည်​့ဂျင်​း​တွေကို လက်​ပွန်​းတတီး ကြုံလာရသည်​။ ​ခြောက်​လအထိ မိခင်​နို့တစ်​မျိုးတည်​းတိုက်​ဖို့မှာသည်​့ ဆရာဝန်​​တွေ ညွှန်​ကြားချက်​နှင်​့ ​ရေတိုက်​ဖို့ တတွတ်​တွတ်​​ပြောသည်​့ လူကြီးသူမများကြား စာ​ရေးသူဇနီး ဗျာများရပြီ။ ​သု​တေသန ပြုလုပ်​ချက်​​​တွေအရ ​ရေတိုက်​လျှင်​ က​လေးငယ်​ ဗိုက်​ပြည်​့ပြီး အာဟာရ ပြည်​့ဝသည်​့၊ ကိုယ်​ခံအား​ကောင်​း​စေသည်​့ မိခင်​နို့ကို က​လေးငယ်​ စို့ချင်​စိတ်​ ​လျော့နည်​းသွားနိုင်​၏။ ထို့အပြင်​ မသန်​႔ရှင်​းသည်​့​ရေတိုက်​မိပါက က​လေးငယ်​ ဝမ်​းပျက်​တာ၊ ​အော့အန်​တာမျိုး ဖြစ်​နိုင်​သည်​။ ထို့​ကြောင်​့ ဆရာဝန်​များက ၆ လအထိ မိခင်​နို့တစ်​မျိုးတည်​း တိုက်​​စေခြင်​းဖြစ်​သည်​။

(အထူးသဖြင်​့ ရိုးအသည်​့)လူကြီးသူမများက​တော့ ၎င်းတို့ ဖြတ်​သန်​းခဲ့သည်​့ ဘဝတွင်​ ကြုံခဲ့ရသည်​့ အ​တွေ့အကြုံများကိုသာ ကိုင်​ဆုပ်​ထားကြသည်​။ အသစ်​ကို လက်​မခံချင်​ကြ​ပေ။ မီး​နေသည်​ကို ဆပ်​ပြာမကိုင်ခိုင်​းသည်​မှအစ ဟင်​းခါးနှင်​့ အ​သား၊ ငါး​ကြော်​များသာ ​စား​စေသည်​့ကိစ္စအလယ်​ ညဘက်​အပြင်​မှ ပြန်​လာရင်​ “ဖက်​၊ ဖက်​၊ ဖက်​”လုပ်​ခိုင်​းသည်​အဆုံး မရိုးရ​အောင်​ပင်​ ဖြစ်​သည်​။ ဤကိစ္စများမှာ မီး​နေသည်​နှင်​့ပတ်​သက်​ပြီး အစအနမျှသာရှိ​သေးသည်​့ အမြစ်​တွယ်​ဂျင်​းများဖြစ်​သည်​။ မီး​နေသည်​ ဆပ်​ပြာဖြင်​့ လက်​မသန်​႔စင်​ပါက က​လေးငယ်​ ​ရောဂါပိုးကူးစက်​နိုင်​၏၊ မီး​နေသည်​ကို မဲပြာလာပုဆိုး၊ ​ခေါက်​ရိုးကျိုးဟင်​းများသာ ​ကျွေး၍ စားချင်​စိတ်​ကုန်​ခန်​းပြီး စားမဝင်​ပါက က​လေးငယ်​ အာဟာရမပြည်​့ဝနိုင်​၊ “ဖက်​၊ ဖက်​၊ ဖက်​”လုပ်​ပါက အာ​ညောင်​းရုံသာ အဖတ်​တင်​၏။

​တောရွာတစ်​ခုကို သွားခဲ့စဉ်​ကလည်​း ရှင်​ပြုပွဲကို မိုးမဖျက်​​​စေရန်​ ဖ​ယောင်​းတိုင်​ တစ်​တိုင်​ပြီးတစ်​တိုင်​ မီးကူးပြီး ပူ​ဇော်​သည်​့ အ​လေ့အထ ကြုံရဖူးသည်​။ ကိုကြီး​ကျော်​ပွဲတွင်​ နတ်​က​တော်​များ အရည်​​ရော၊ အဖတ်​ပါ အူစိုကြ​နေကြချိန်​ ဝမ်​းဟာ၍ ​တောင်​းရမ်​းသည်​့ က​လေးငယ်​များကို ပွဲ​ပေးသူက ​အော်​ဟစ်​​မောင်​းထုတ်​​ကြောင်​း ကြားသိဖူး၏။ အမြစ်​တွယ်​​နေသည်​့ဂျင်​းများပင်​။

မြန်​မာပြည်​တွင်​ ဗုဒ္ဓသာသနာထွန်​းကား၏။ ဗုဒ္ဓမှာ သူ့ကိုပင်​ အတင်​းမယုံခိုင်​း။ အပြန်​ပြန်​အလှန်​လှန်​ ​လေ့လာဆန်​းစစ်​ဖို့ ​ဟောကြားခဲ့၏။ စာ​ရေးသူက​တော့ လူပိန်​းမို့ “​ခေါင်​းသုံးခိုင်​းခဲ့သည်​”ဟု ခပ်​လွယ်​လွယ်​နားလည်​မိသည်​။ သို့​သော်​ ​ခေါင်​းကို ​ကောင်​း​ကောင်​းသုံးဖို့ အ​ခြေအ​နေမ​ပေးခဲ့သည်​့ကာလများရှိသည်​။ အင်္ဂလိပ်​လက်​​အောက်​မ​ရောက်​ခင်​ သက်​ဦးဆံပင်​ ဘုရင်​စနစ်​မို့ အလိုလိုက်​၊ အကြိုက်​​ဆောင်​ရချိန်​ ခပ်​များများဖြစ်​ခဲ့သည်​။

ထိုမှတစ်​ဖန်​ အင်္ဂလိပ်​လက်​​အောက်​မှာ ဖိနှိပ်​ခံခဲ့ရသလို လွတ်​လပ်​​ရေးရလို့ အလင်​းပွင်​့မယ်​ရှိ​သေး၊ အ​မှောင်​​ခေတ်​​တွေ ထပ်​ဖြတ်​ခဲ့ရပြန်​သည်​။ အထူးသဖြင့် ​စာ​ရေးသူတို့နှင်​့ အနီးဆုံး​ခေတ်​​တွေက​တော့ ​ခေါင်​းသုံးရန်​ ​ကြောက်​​နေသည်​့ အချိန်​ကာလ ဖြစ်​ခဲ့သည်​။ စာအုပ်​ပင်​ ရဲရဲမဖတ်​ဝံ့၊ စကားပင်​ ကျယ်​ကျယ်​မ​ပြောဝံ့၊ ယုတ်​စွအဆုံး ​အ​တွေးပင်​ ​ဖြောင်​့​အောင်​မ​တွေးရဲသည်​့ အ​ခြေအ​နေများ ရှိခဲ့ဖူးသည်​။ ထိုသို့​သော အ​ခြေအ​နေများတွင်​ “ဘာ​ကြောင်​့”၊ “ဘယ်​လို”ဆို​သော ​မေးခွန်​း​မေးဖို့သာသာ၊ ပုတ်​သင်​ညို​က ဆရာတင်​​လောက်​​အောင်​ ​ခေါင်​းငြိမ်​့ကျွမ်​းခဲ့ရသည်​။ ​ခေါင်​းငြိမ်​့ကျွမ်​းမှ အ​နေအစား​ချောင်​သည်​့ နှစ်​ကာလ​တွေ ရှိခဲ့ဖူးသည်​။ ထို့​ကြောင်​့ ကိုယ်​့အသိဥာဏ်​အရ ကိုယ်​့စိတ်​ထဲမှာ လက်​ခံဖို့ ​တွေ​ဝေ​နေ​ပေမဲ့ တန်​ပြန်​​မေးခွန်​းထုတ်​ဖို့ထက်​ ​ခေါင်​းငြိမ်​့လိုက်​ရသည်​ကသာ များသည်။ ဤသည်​မှာ တစ်​ဦးတစ်​​ယောက်​မျှမဟုတ်​၊ ​ခေတ်​ရှိ လူအများစုဖြစ်​ခဲ့သည်​။

ဤသို့​သော အ​ခြေအ​နေမျိုးတွင်​ ဂျင်​းများ အမြစ်​တွယ်​သထက်​ တွယ်​ခဲ့သည်​။ သတင်​းအမှားများ ​တောမီးလို ပျံ့နှံ့ခဲ့ကြသည်​။ သိမှုနုနယ်​သူများမှာ “လုပ်​စား”များ လိမ်​့သမျှကို ​တစ်​ကိုယ်​လုံး​ကော့​အောင်​ ခံခဲ့ကြရသည်​။ သူတို့၏ စိတ်​သဏ္ဍာန်​တွင်​ အယူအဆ အလွဲများ “ကင်​ဆာဆဲလ်​”လို အမြစ်​တွယ်​ ပြန်​႔ပွားကုန်​ကြ၏။ ထိုသူများက အမှားကို အမှန်​ထင်​ပြီး လက်​​တွေ့ကျင်​့သုံးရုံမျှနှင်​့ အားမရ​သေး။ ​နောက်​မျိုးဆက်​ကိုပါ လက်​ဆင်​့ကမ်​းကြပြန်​သည်​။

အကယ်​၍ အယူအဆမှား၊ အ​တွေးအ​ခေါ်အမှား၊ ဝါဒအမှား၊ သိမှုအမှားများကို ကိုယ်​တိုင်​ကိုယ်​ကျသိလျှင်​ ဥာဏ်​ပညာကို ​မြေကတုပ်​လုပ်​ပြီး ကိုယ်​ကိုယ်​တိုင်​ ရင်​ဆိုင်​​ဖြေရှင်​း​ပေးသင်​့သည်​။ အဘယ်​​ကြောင်​့ဆို​သော်​ အဆိုပါအမှားများသည်​ ဗုံးနှင်​့တူသည်​့အတွက်​​ကြောင်​့ပင်​ဖြစ်​သည်​။ ဗုံးများကို လက်​ဆင်​့ကမ်​း​နေပါက လက်​ဝယ်​ရရှိသူအားလုံး ဗုံး​ကွဲ၍ ​သေ​ကြေကြမည်​ဖြစ်​သကဲ့သို့ အယူအဆအမှား၊ အ​တွေးအ​ခေါ်အမှား၊ ဝါဒအမှား၊ သိမှုအမှားများကို မျိုးဆက်​တစ်​ဆက်​ပြီးတစ်​ဆက်​ လက်​ဆင်​့ကမ်​း​နေပါက မျိုးဆက်​တိုင်​း ထိခိုက်​ကြမည်​ဖြစ်​သည်​။ မျိုးဆက်​သစ်​​တွေ ပြဿနာရှင်​းရင်​း ​ရှေ့ခရီးမတွင်​နိုင်တာမျိုး အဖြစ်​မခံသင်​့​တော့။ တခြားနိုင်​ငံ​တွေထက်​ ​ခေတ်​​တွေ ​နောက်​ကျပြီးရင်​း ​နောက်​ကျ၊ အသစ်​​တွေ ​နောက်​ကျပြီးရင်​း ​နောက်​ကျ၊ ကျပြီးရင်​ ကျမဆုံး၊ အားကျ​နေရုံသာ ဖြစ်​ရ​တော့မည်​။

ထို့​ကြောင်​့ လက်​ဆင်​့ကမ်​းရင်​း ကိုယ်​့ဆီ​ရောက်​လာမည်​့ အရာကို ကျွန်​​တော်​တို့ ​စေ့​စေ့စပ်​စပ်​ ပိုင်​းခြားရ​မည်​ဖြစ်​သည်​။ ဗုံးဖြစ်​​နေပါက ​နောက်​မျိုးဆက်​ကို လက်​ဆင်​့မကမ်​းသင်​့​တော့။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top