အိမ်တွေကို အလှူပေးသလို အလကားပေးပစ်နေတဲ့ ဂျပန်နိုင်ငံ

29438782053_05b288979e_k-1024x683.jpg

အိမ်ရှာနေပါသလား။ ဂျပန်နိုင်ငံကို ပြောင်းရွှေ့နေဖို့ရော အစီအစဉ်ရှိပါသလား။ ဒါဆိုရင်တော့ သင့်အတွက် သတင်းကောင်းရှိနေပါတယ်။ ဂျပန်နိုင်ငံမှာ စွန့်ပစ်ထားတဲ့အိမ်တွေကို အလှူပေးသလို အလကားပေးနေပါပြီ။

ဂျပန်အစိုးရက ဒီလိုမျိုး တချို့အိမ်တွေကို အလကားပေးနေပေမဲ့ တချို့အိမ်တွေကိုတော့ အထူးလျှော့ဈေးတွေနဲ့ ရောင်းချသွားဖို့ အစီအစဉ်ရှိကြောင်း သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဝယ်ယူနိုင်တဲ့ အိမ်စာရင်းတွေကိုတော့ အကီရာဘဏ် (akiya bank) မှာ စုံစမ်း မေးမြန်းနိုင်ပါတယ်။

အခုလိုမျိုး ဂျပန်မှာ စွန့်ပစ်ထားတဲ့အိမ်တွေ အရမ်းများနေရတဲ့ အကြောင်ရင်းတွေကတော့ အသက်အရွယ် ကြီးရင့်သူတွေ အများစုက ထုံးစံအတိုင်း သေဆုံးသွားကြပြီး တချို့ကတော့ ဘိုးဘွားရိပ်သာကို ပြောင်းရွှေ့ နေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် ဂျပန်လူမျိုးတွေဟာ အိမ်ထောင်ပြုဖို့ကို သိပ်အာရုံမရှိတဲ့အတွက် တစ်ကိုယ်ရည် တစ်ကာယ သမားများအနေနဲ့သာ နေထိုင်ကြပြီး မိသားစုတစ်စု ဖန်တီးဖို့ရာ အိမ်တစ်လုံးလုံး မလိုအပ်ဘူးလို့ ခံယူထားကြတာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူအများစု ခံယူထားကြတာကတော့ ဒီလို စွန့်ပစ်အိမ်မှာ လူတွေ ပြန်မနေရခြင်းအကြောင်းက အယူသည်းမှုကြောင့်လို့ပဲ ဆိုပါတယ်။ ရာဇဝတ်မှုတွေနဲ့ တစ်ယောက်တည်း သေဆုံးရမှာကို ရှောင်ရှားချင်လို့လည်း ဖြစ်လောက်တယ်လို့ ယူဆကြပါတယ်။

သတင်းကောင်းအနေနဲ့ကတော့ ဂျပန်အစိုးရဟာ အိမ်ပိုင်ရှင် အသစ်တွေအတွက် ၎င်း စွန့်ပစ်အိမ်တွေကို မူလအကောင်းအတိုင်း ပြန်လည်မွမ်းမံနိုင်ဖို့ ထောက်ပံ့ငွေတွေကိုလည်း ပေးအပ်သွားဦးမယ်လို့ ဆိုပါတယ်။ သရဲမကြောက်တတ်ဘူး။ အယူမသည်းဘူးဆိုရင်တော့ ဒီလိုအခွင့်အရေးမျိုးက လုံးဝကို လက်မလွှတ်သင့်ပါဘူး။

Ref: elitereaders “Japan Is Giving Away Abandoned Houses For Free”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top