ကျန်းမာရေး အတွက် ရေကို ဘယ်နှစ်ရက်တစ်ခါချိုးသင့်လဲ

showerlarge.jpg

လူများစုဟာ ရေကြာကြာမချိုးမိရင် မိမိကိုယ်ကို မသန့်ရှင်းဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် ရေနေ့တိုင်းချိုးဖို့ တကယ်လိုအပ်သလား။ ရုတ်တရက် စဉ်းစားကြည့်ရင်တော့ ဒါက ခပ်ကြောင်ကြောင်မေးခွန်း တစ်ခုလို့ လူတိုင်း မြင်ကြမှာပါပဲ။

လူတွေက ကိုယ်နံ့တွေ၊ ချွေးတွေ အတွက် နောက်ပြီး အလှအပအတွက် ရေကို ပုံမှန်ချိုးလေ့ရှိကြတယ်။ အဲ့ဒီလို မဟုတ်ပဲ ကျန်းမာရေး ရှုထောင့်က ဆိုရင်ရော ရေကို ဘယ်နှစ်ရက်တစ်ခါ ချိုးသင့်ပါသလဲ။

ကိုလံဘီယာ သူနာပြု တက္ကသိုလ်မှာ ကူးစက်ရောဂါတွေနဲ့ ပက်သက်ပြီး သုတေသန ပြုလုပ်နေတဲ့ ဒေါက်တာ အယ်လိ်န်း လာစင် (Elaine Larson ) ကတော့ “ရေချိုးတယ်ဆိုတဲ့ ကိစ္စမှာ ဘာကြောင့် ရေချိုးရသလဲဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်းတွေရှိကြတယ်။ လူတွေက ရေချိုးလိုက်ရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ပိုပြီး သန့်ရှင်းလာမယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ဘက်တီးရီးယားပိုးတွေဖက်က ပြန်ကြည့်မယ်ဆိုရင်တော့ ဒါက မမှန်ပါဘူးလို့” လို့ ဆိုခဲ့ပါတယ်။

လာစင်ရဲ့ သုတေသန အရတော့ အခုခေတ် လူတွေ အသုံးပြုနေကြတဲ့ ဘက်တီးရီးယားတွေသေစေနိုင်တယ် ဆိုတဲ့ antibacterial ဆပ်ပြာ တွေဟာက အရင်က သုံးခဲ့ကြတဲ့ ရိုးရိုး ဆပ်ပြာတွေထက် ကူးစက်ရောဂါကို ပိုမိုကာကွယ်နိုင်မယ်ထင်ကြတယ်။ ဒါပေမယ့် မမှန်ပါဘူး။  ရေချိုးလိုက်တဲ့အခါ ကိုယ်မှ ကပ်ငြိနေတဲ့ အနံ့ဆိုးတွေ၊ ချွေးတွေကို ဖယ်ရှားပစ်နိုင်မယ်။

ဒါပေမယ့် ကျန်းမာရေးအတွက် ကာကွယ်ဖို့ ဆိုရင်တော့ လက်ကို သေချာဆေးရုံနဲ့တင် လုံလောက်ပါတယ်လို့ လာစင် က ပြောခဲ့ပါတယ်။ ရေချိုးတာများတဲ့ သူတွေဆိုရင် အသားအရေတွေခြောက်သွေ့တာတွေ၊ အသားအရည်ပါးလွှာလာပြီး အက်ကွဲလာတာတွေ၊ ရေဓာတ်ဆုံးရှုံးလာတာတွေဖြစ်နိုင်ပါတယ်လို့လည်း သူမက ဆိုခဲ့ပါသေးတယ်။

ဂျော့ဂ်ျဝါရှင်တန် တက္ကသိုလ်က အရေပြားရောဂါဆိုင်ရာ လက်ထောက် ပါမောက္ခဖြစ်တဲ့ ဒေါက်တာ စီဘရန်ဒန်မစ်သ်ချယ် (Dr. C. Brandon Mitchell) ကတော့ လူအများစုဟာ ပုံမှန်ထက် ရေပိုချိုးကြတယ်လို့ ဆိုပါတယ်။ မစ်သ်ချယ် က “ဆပ်ပြာတိုက်ရေချိုးလိုက်ခြင်းက အသားအရည်က ပုံမှန်ထုတ်ပေးနေတဲ့ သဘာဝ အဆီတွေ နဲ့ ဘက်တီးရီးယားကို တိုက်ဖျက်ဖို့ အရေပြားက ထုတ်ပေးတဲ့ ဆဲလ်တွေကို လျော့နည်းစေပါတယ်လို့” ဆိုပါတယ်။

အဲ့ဒီတော့ ရေကို ဘယ်နှစ်ရက် တစ်ခါချိုးကြမလဲ။ မစ်သ်ချယ်ကတော့ ခန္ဓာကိုယ် အနံ့အသက်နဲ့ အလှအပ အတွက် မဟုတ်ပဲ ကျန်းမာရေးအတွက် သက်သက် ရေချိုးမယ်ဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ် ဒါမှ မဟုတ် နှစ်ကြိမ်ချိုးရင် လုံလောက်ပြီလို့ ပြောခဲ့ပါတယ်။ လက်ကို အမြဲ သန့်စင်အောင်ထားမယ်၊ အဝတ်အစားကို ပုံမှန် လဲလှယ်မယ်ဆိုရင်လည်း ကျန်းမာရေးအတွက်လုံလောက်ပါတယ်လို့ လာစင်က ဆိုခဲ့ပါတယ်။

Ref: TIME: You Asked: How Often Should I Shower?

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top