စကားပုံဆိုတာ အနက်အဓိပ္ပါယ်နဲ့ ပြည့်စုံပြီး လူအများ စံပြု ပုံခိုင်းနှိုင်း ပြောဆိုလေ့ရှိကြတဲ့ စကား၊ ပြောထုံးစကားမျိုး ဖြစ်ပါတယ်။
ဒီနေ့ဖော်ပြပေးလိုက်တဲ့ “စိုင်ကော်လို့ ချုံပေါ်ရောက်” စကားပုံက စိုင်သတ္တဝါရဲ့ ပင့်ကော်ဝှေ့ခတ်တာကိုခံရပေမဲ့လည်း အန္တရာယ်မဖြစ်ရုံမက ဘေးလွတ်ရာ ချုံပေါ်ကိုတောင် ရောက်သွားသလိုမျိုး ပျက်စီးကြောင်းနဲ့ ကြုံရပေမဲ့လည်း နိမ့်ပါးခြင်းမရှိရုံမက ပိုလို့ အခြေအနေကောင်းမွန်သွားတာမျိုးနဲ့ ဆက်စပ်သုံးနှုန်းလေ့ရှိပါတယ်။
ဥပမာအသုံး
“စိုင်ကော်လို့ ချုံပေါ်ရောက်သလို ယခုအခါ အခြေအနေနှင့်စာလျှင် မြေကြီးနှင့် ကောင်းကင်ပမာ ကွာချင်တိုင်းကွာလျက်”
မြန်မာစကားပုံတွေအကြောင်းကို အပတ်စဉ်တိုင်း ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ ရိုးရာလေးစာဖတ်ပရိသတ်တွေ အဓိပ္ပာယ်သိလိုတဲ့ စကားပုံတွေကိုလည်း တောင်းဆိုဆန္ဒပြုသွားခဲ့နိုင်ပါတယ်။
Ref: မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ။
Team (ရိုးရာလေး)