အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်အလေ့အထတွေ

yyl-0167-1.jpg

ခါတိုင်းနဲ့မတူဘဲ မျက်စိကြည့်ရတာ မှုန့်ဝါးဝါးဖြစ်နေသလို ခံစားနေရလား။ အဲဒီလိုမျိုးခံစားနေရတာက အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့လူတွေကတော့ မျက်စိနဲ့ ပတ်သက်တဲ့ပြဿနာတွေကို အသက်ငယ်ငယ်လေးနဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်တို့ရဲ့အမြင်အာရုံကို ထိခိုက်အောင် ကျွန်တော်တို့တွေ ဘာတွေလုပ်မိလို့များလဲလို့ စဉ်းစားမိကြမှာပါ။ ကျွန်တော်တို့ရဲ့အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ နေ့တိုင်းလုပ်မိနေတဲ့ ကိစ္စအသေးအမွှားတွေရှိပါတယ်။ အမြင်အာရုံကောင်းအောင် ထိန်းထားဖို့ဆိုရင် နေတိုင်းလုပ်မိနေတဲ့ အလေ့အထတွေကို ရပ်ပစ်ဖို့တော့ လိုလာပါပြီ။ ဘယ်လိုအလေ့အထတွေလည်းဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါနော်…။

နေကာမျက်မှန်ဝတ်ဖို့ မေ့တာ

နေသာတဲ့အခါမျိုးတွေမှာ အလောတကြီးအပြင်သွားလိုက်ရလို့ နေကာမျက်မှန်ဝတ်ဖို့ မေ့တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုအမှားမျိုး နေ့တိုင်းလုပ်မိရင် သင့်အမြင်အာရုံကို ထိခိုက်လာနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က မျက်စိပြဿနာတွေကို ဖြစ်လာနိုင်ချေရှိပါတယ်။ အပြင်ထွက်တဲ့အခါ ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ နေကာမျက်မှန်ကို အမြဲတမ်းဝတ်ဆင်ပေးပါ။ မျက်ကပ်မှန်တပ်ရတဲ့သူတွေဆိုရင် ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့မျက်ကပ်မှန်ကို ရှာဝယ်ပါ။

မကြာခဏ မျက်လုံးပွတ်မိတာ

မျက်လုံးပွတ်တာက အန္တရာယ်ကင်းတယ်လို့ ထင်ရပေမဲ့ ဒီလိုလုပ်တာက သင့်မျက်လုံးထဲကို ဖုန်မှုန့်နဲ့ ဘတ်တီးရီးယားတွေ ဝင်ရောက်လာစေနိုင်ပါတယ်။ မျက်စိကို ပန်းရောင်ပြောင်းသွားနိုင်ပြီး မျက်ကြည်လွှာကိုတောင် ထိခိုက်နိုင်ပါတယ်။ သင့်မျက်လုံးထဲ တစ်ခုခုဝင်တယ်လို့ ခံစားရရင် မျက်လုံးကို ပွတ်တာထက် ရေထဲ မျက်နှာအပ်ပြီး ဖွင့်လိုက်ပိတ်လိုက်လုပ်ကြည့်ပါ။

မိတ်ကပ်အဟောင်း၊ ရက်လွန်တဲ့မိတ်ကပ်တွေ အသုံးပြုတာ

မိတ်ကပ်အလှကုန်ပစ္စည်းတွေမှာ Expiry date ပါကြပါတယ်။ သတ်မှတ်ထားတဲ့ရက်ထက်ကျော်သွားတဲ့မိတ်ကပ်တွေကို သုံးတာက သင့်အမြင်အာရုံကို ထိခိုက်နိုင်ချေရှိပါတယ်။ ရက်လွန်မိတ်ကပ်တွေက သင့်မျက်လုံးကို ယားယံစေပြီး ရောဂါပိုးမွှားတွေ ကူးစက်နိုင်စေပါတယ်။ မိတ်ကပ်တွေကို (၉) လထက်ကျော်ပြီး မသုံးသင့်ဖူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

တစ်နေ့လုံး ဖုန်းသုံးတာ၊ ကွန်ပျူတာသုံးတာ

ဖုန်း (သို့) ကွန်ပျူတာမျက်နှာပြင်တွေကို အချိန်အကြာကြီးစိုက်ကြည့်ရင် မျက်စိညောင်းသလို ခံစားမိကြမှာပါ။ အဲဒီနောက်ကွယ်မှာ အကြောင်းအရင်းရှိပါတယ်။ တကယ်တော့ ဖုန်းစကရင်၊ ကွန်ပျူတာမျက်နှာပြင်တို့ကထက်တဲ့အလင်းရောင်က မျက်လုံးကို ခြောက်သွေ့စေပြီး မျက်ရည်ထုတ်လုပ်မှုကို လျော့နည်းသွားစေပါတယ်။ ဒါက မျက်လုံးကို မှုန်ဝါးဝါးဖြစ်တာ၊ အမြင်အာရုံမရှင်းလင်းတာတွေ ဖြစ်လာနိုင်စေပါတယ်။

ဆရာဝန်နဲ့ မပြဘဲ မျက်စင်းခပ်တာ

အိပ်ရေပျက်တာ (သို့) အချိန်အကြာကြီးအလုပ်လုပ်တာများလာရင် မျက်လုံးနီလာတာက ပုံမှန်ပါပဲ။ မျက်လုံးနီလာတာ၊ မျက်လုံးခုလုခုလုဖြစ်လာရင် ဆရာဝန်နဲ့ မပြဘဲ ကိုယ့်ဘာသာ မျက်စင်းဗူးဝယ်ပြီး မျက်စင်းခပ်တာက လူတွေရဲ့အကျင့်တစ်ခုလိုဖြစ်နေပါတယ်။ ဒီလိုလုပ်တာက သင့်မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။

Ref: Everyday habits that are hurting your vision

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top