ကီနူးရိ(ဗ်စ်) ပါဝင်သရုပ်ဆောင်ထားတဲ့ John Wick 3: Parabellum ရိုက်ကွင်းက ပုံရိပ်တွေ ထွက်ပေါ်လာ

maxresdefault-1.jpg

John Wick စီးရီးက တတိယမြောက်ဇာတ်ကားဖြစ်တဲ့ John Wick 3: Parabellum မှာ ကီနူးရိ(ဗ်စ်) ရဲ့နယူးယောက်မြို့တွင်း မြင်းစီးပြီး ရန်သူတွေကို တိုက်ခိုက်နေတဲ့ ပုံရိပ်တွေက ဩဂုတ်လ ၂၇ရက်နေ့ဝန်းကျင်မှာ အင်တာနက်ပေါ် ပျံ့လာခဲ့ပါတယ်။

အဲဒီပုံတွေထဲကမှ ကီနူးရိ(ဗ်စ်) မြင်းစီးပြီး ဆိုင်ကယ်ပေါ်က လူဆိုးကို သေနတ်နဲ့ချိန်ထားတဲ့ပုံကိုတော့ ပရိသတ်တွေ အကြိုက်တွေ့နေကြပြီး တွစ်တာပေါ်မှာလည်း ဒီပုံနဲ့ meme ဟာသအမြောက်အမြားထွက်ရှိလာတာကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။

Speed နဲ့ The Matrix ရဲ့ ခေါင်းဆောင်မင်းသားဖြစ်ခဲ့ဖူးတဲ့ ကီနူးရိ(ဗ်စ်) ဟာ အက်ရှင်ကားတွေနဲ့ စိမ်းတဲ့သူမဟုတ်ပါဘူး။ ဒီ John Wick ဇာတ်ကောင်အတွက်လည်း သုံးလတိတိ ပြင်းထန်တဲ့ ဂျူဒို၊ ဂျူဂျစ်ဆု၊ သေနတ်ပစ်ခြင်း၊ သရုပ်ဆောင်နေသူတွေကိုမထိခိုက်မိစေပဲ ရုပ်ရှင်ထဲမှာပဲ ကြည့်ကောင်းအောင်တိုက်ခိုက်ရတဲ့ပညာ၊ စတန့်ကားမောင်းခြင်း စတာတွေကို စခန်းသွင်းလေ့ကျင့်ခဲ့ရပါသေးတယ်။

ဒါရိုက်တာ ချက်စတာဟယ်စကီး (Chad Stahelski) ရိုက်ကူးပြီး နာမည်ကြီး မင်းသမီး ဟယ်လီဘယ်ရီပါ ပါဝင်လာမယ့် ဒီ ရုပ်ရှင်ကားက ၂၀၁၉ မေလမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

ဒီကားကို မကြည့်ခင်မှာ ၂၀၁၄ က ထွက်ရှိထားတဲ့ “John Wick” (ပထမဆုံးကား ) နဲ့ ၂၀၁၇ မှာ ထွက်ရှိထားတဲ့ “John Wick: Chapter 2” (ဒုတိယကား) တွေကို ကြည့်ရှုထားသင့်ပါကြောင်း ရိုးရာလေး စာဖတ်ပရိသတ်ကို လက်တို့ သတင်းပေးလိုက်ရပါတယ်။

Ref: “John Wick 3: Keanu Reeves performs his own death-defying stunts on horseback….”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top