၂၀၁၇ မှာ ဖျက်သိမ်းခဲ့ တဲ့ K-Pop အဖွဲ့များ

1.jpg

၁။ Miss A

အဖွဲ့ဝင်တွေဖြစ်တဲ့ Jia နှင့် Min တို့ နှစ်ယောက် JYP Entertainment မှ ထွက်ခွာသွားပြီး နောက်ပိုင်း Miss A အဖွဲ့ကို တရားဝင် ဖျက်သိမ်းပြီဖြစ်ကြောင်း အေဂျင်စီက ကြေညာခဲ့ပါတယ်။ Fei နှင့် Suzy ကတော့ တစ်ကိုယ်တော်ပွဲတွေနှင့် သရုပ်ဆောင်ပိုင်းကို ဆက်လက် လုပ်ဆောင်သွားမှာပါ။

၂။ Wonder Girls

JYP Entertainment နှင့် လက်တွဲဖြုတ်ဖို့ Sunmi နှင့် Yeeun ဆုံးဖြတ်ပြီးနောက်ပိုင်းမှာ သူတို့အဖွဲ့ကို ဖျက်သိမ်းပြီဖြစ်ကြောင်း ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ တရားဝင် အဖွဲ့ မဖျက်သေးခင်မှာ နောက်ဆုံးအနေနဲ့ “Draw Me” ဆိုတဲ့ သီချင်းကို Wonder Girls အဖွဲ့က ဖြန့်ဝေခဲ့ပါတယ်။

၃။ I.O.I

I.O.I အဖွဲ့ အနေနဲ့ရော၊ တစ်ကိုယ်တော်ပွဲ ကျင်းပခြင်းပါ တစ်နှစ်ပြည့်အောင် ဆောင်ရွက်ပြီးချိန်မှာ I.O.I အဖွဲ့ကို တရားဝင် ဖျက်သိမ်းခဲ့ပါတယ်။ Wonder Girls အဖွဲ့လိုပဲ သူတို့လည်း နှုတ်ဆက်သီချင်းကို ထုတ်ဝေခဲ့ပါတယ်။

၄။ SISTAR

စာချုပ်သက်တမ်းစေ့သွားချိန်မှာ အဖွဲ့ဝင်တွေအားလုံးက အဖွဲ့ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ Dasom နှင့် Soyou ကတော့ Starship Entertainment နှင့် စာချုပ်အသစ် ချုပ်ခဲ့ပါတယ်။

၅။ SPICA

ပရိသတ်တွေဆီမှာ မထင်မရှား နဲ့ ၅ နှစ်တာ ကြိုးစားခဲ့ပြီးနောက်မှာ ၂၀၁၇ ဖေဖော်ဝါရီမှာ Spica အဖွဲ့ တရားဝင် ဖျက်သိမ်းခဲ့ပါတယ်။

၆။ History

FAVE Entertainment ကနေ အဖွဲ့ဝင် တစ်ယောက်ချင်းစီကို တစ်ကိုယ်တော် လျှောက်လှမ်းဖို့ ဆုံးဖြတ် ရွေးချယ်ပေးခဲ့ပါတယ်။

၇။ I.B.I

ပရောဂျက်အဖွဲ့ဖြစ်တဲ့ I.B.I အဖွဲ့လည်း ပရောဂျက် သက်တမ်းပြီးတဲ့အခါ သူတို့အဖွဲ့ကို ဖျက်သိမ်းပေးခဲ့ပါတယ်။

၈။ Chocolat

၂၀၁၃ ခုနှစ်တည်းက Chocolat အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ သိပ်မရှိတော့ တဲ့အပြင် ၂၀၁၇ ဖေဖော်ဝါရီမှာတော့ သူတို့ စာချုပ် ဖျက်သိမ်းခဲ့ပါတယ်။

၉။ D.Holic

Rena ကလွဲပြီး ကျန်အဖွဲ့ဝင်တွေ အားလုံး အဖွဲ့ကနေ ထွက်သွားကြလို့ D.Holic အဖွဲ့ လည်း အပြီးသတ် ဖျက်သိမ်းလိုက်ရပါတယ်။

၁၀။ The Legend

မဟုတ်မမှန် စွပ်စွဲမှုတွေကို တရားရုံးမှာ အနိုင်ရပြီးနောက်ပိုင်း The Legend အဖွဲ့ကို ဖျက်သိမ်းလိုက်ပါတယ်။

၁၁။ Unicorn

အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Rumi က သူမရဲ့ Instagram အကောင့်ကနေ အဖွဲ့ ဖျက်သိမ်းပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

၁၂။ VX

မမှန်ကန်တဲ့ သတင်းတွေနဲ့အတူ ၂၀၁၇ နိုဝင်ဘာမှာ အမျိုးသား အဆိုတော်အဖွဲ့ ဖြစ်တဲ့ VX အဖွဲ့ ဖျက်သိမ်းခဲ့ပါတယ်။

Ref : Koreaboo : K-Pop Groups Who Disbanded In 2017

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top