ဖုန်းထားမယ်ဆိုရင် ဒီနေရာတွေကို သတိပြုပါ

img16.jpg

ယနေ့ခေတ်က လူငယ်တော်တော်များများဟာ ဖုန်းကို လက်ကမချနိုင်လောက်အောင်ကို ဖုန်းစွဲလမ်းမှုတွေဖြစ်နေကြပါတယ်။ ကျွန်တော်တို့တွေက အိပ်ရာနိုးလာတာနဲ့ ဖုန်းကို တန်းကြည့်လိုက်ရမှ။ ဒါအပြင့် မနက်ခင်းစောစောထဖို့အတွက် အိပ်ရာဝင်ခါနီး နိုးစက်ပေးရင်လည်း ဖုန်းကိုအသုံးပြုနေကြတာဖြစ်ပါတယ်။ ဖုန်းတွေက ကျွန်တော်တို့ရဲ့ဘဝကို ပြီးပြည့်စုံအောင်လုပ်နေတယ်လို့ ကျွန်ုပ်တို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့မှာ အဲဒါတွေတည်ရှိနေတာက ကျွန်တော်တို့ကို ပိုပြီးအန္တရာယ်ဖြစ်စေပါတယ်။ ဖုန်းကို ကျွန်တော်တို့ရဲ့အနီးနားမှာထားတာက ကျွန်တော်တို့ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းတွေကိုသိမ်းမထားသင့်တဲ့နေရာတွေရှိပါတယ်။ အဲ့ဒီနေရာတချို့ကို သိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

အိတ်ကပ်

ကျွန်တော်တို့အများစုက ဖုန်းကို ဘောင်းဘီအိတ်ကပ်(သို့) အင်္ကျီအိတ်ကပ်တွေမှာ ထည့်ထားတတ်ကြပါတယ်။ မကြာခဏ အစာအိမ်နာနေသလို၊ ခြေထောက်နာသလိုခံစားရတယ်မလား။ ဒါက အိတ်ကပ်ထဲမှာ ဖုန်းထားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေရဲ့ပြောကြားချက်အရ ဖုန်းတွေက ခန္ဓာကိုယ်ကို အမျိုးမျိုးသောဓာတ်ရောင်ခြည်တွေ တိုက်ရိုက်ဖြာထွက်စေတဲ့အတွက် အိတ်ကပ်ထဲဖုန်းထားတာက အဆိုးဆုံးအရာဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ဖုန်းတွေက အမြဲတမ်း အင်တာနက်နဲ့ချိတ်ဆက်ထားကတည်းက ကင်ဆာရောဂါဖြစ်ပွားမှုလည်း မြင့်မားသွားနိုင်ပါတယ်။ ဓာတ်ရောင်ခြည်တွေက အမျိုးသားတွေရဲ့ သုတ်ပိုးလှုပ်ရှားမှုကို လျော့ကျသွားစေတာကိုလည်း တွေ့ရှိရပါတယ်။ ဘောင်းဘီအိတ်ကပ်ထဲမှာ အမြဲလိုလိုဖုန်းထည့်ထားတာက တင်ပါးရိုးကနေစပြီး ခြေထောက်ထိနာကျင်မှုတွေလည်းမြင့်မားလာနိုင်ပါတယ်။

ခေါင်းအုံးအောက်၊ ခေါင်းအုံးဘေး

ခေါင်းအုံးအောက်၊ ခေါင်းအုံးဘေးဖုန်းထားတာက သာမန်ပဲလို့ ကျွန်တော်တို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ ခေါင်းအုံးအောက်၊ ခေါင်းအုံးဘေးဖုန်းထားမယ်ဆိုရင် အရမ်းအန္တရာယ်ရှိပါတယ်။ တကယ်တော့ ဖုန်းရဲ့အပူချိန်က အရမ်းမြင့်ပါတယ်။ ကျွန်တော်တို့ လျစ်လျူရှုလိုက်မိတဲ့အရာကတော့ ဖုန်းမျက်နှာပြင်ကလာတဲ့ အပြာရောင်အလင်းပါပဲ။ နည်းပညာပိုင်းအရ ကျွန်တော်တို့ရဲ့ဖုန်းတွေကို အမြဲတမ်းလင်းအောင်လုပ်ထားရတဲ့အတွက် ဖုန်းမျက်နှာပြင်မှာရှိတဲ့ အပြာရောင်အလင်းတန်းက အိပ်ပျော်စေတဲ့ မယ်လတိုနင် (melatonin) ဆိုတဲ့ဟော်မုန်းမှာ သွားသက်ရောက်မှုရှိပါတယ်။ လုံလောက်တဲ့အိပ်ချိန်ကိုမရရှိအောင်လုပ်ဆောင်မှာဖြစ်ပြီး မူးဝေခေါင်းကိုက်သလို ခံစားရပြီး မနက်ခင်းနိုးထလာရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အိပ်စက်တဲ့အခါ အိပ်ရာနဲ့ ဝေးဝေးမှာ ဖုန်းကိုထားတာအကောင်းဆုံးဖြစ်ပါတယ်။

အင်္ကျီအတွင်းထဲ၊အောက်ခံအင်္ကျီအောက်

တချို့လူတွေက ဖုန်းကို အင်္ကျီအတွင်းထဲ၊ အောက်ခံအင်္ကျီထဲထည့်တတ်တဲ့အလေ့အကျင့်ရှိကြပါတယ်။ အောက်ခံအင်္ကျီထဲဖုန်းထည့်ထားတာက ကင်ဆာရောဂါဖြစ်ပွားနိုင်ချေရှိပါတယ်။ ဖုန်းက တုန်ခါမှုရှိတဲ့အတွက် အရေပြားတွေက အထိခိုက်မခံနိုင်ပါဘူးဖြစ်ပါတယ်။ ချွေးစိုနေတဲ့အားကစားအင်္ကျီအတွင်းထဲကို ဖုန်းထားမယ်ဆိုရင်လည်း ဘတ်တီးရီးယားပေါက်ဖွားလာနိုင်စေပါတယ်။

Ref: TOI “Places you should never keep your phone”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top