ဒီဘရိုင်းကို စာချုပ်သက်တမ်းတိုးရေး သဘောတူညီချက်ရဖို့ နီးစပ်နေတဲ့ မန်စီးတီး

99262596_debruyn1e_getty.jpg

မန်စီးတီးအသင်းဟာ အသင်းရဲ့အဓိက ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းကို နှစ်ရှည်စာချုပ် တိုးနိုင်ရေး သဘောတူညီမှုရဖို့ နီးစပ်နေတယ်လို့သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ကယ်ဗင်ဒီဘရိုင်းဟာ ၂၀၁၅ ခုနှစ်က ဝုဖ်ဘတ်ကနေ မန်စီးတီးအသင်းဆီကို စံချိန်တင်ပြောင်းရွေကြေး ပေါင် ၅၅ သန်းနဲ့ ၆ နှစ်စာချုပ် လက်မှတ်ရေးထိုးကာပြောင်းရွေခဲ့သူဖြစ်ပါတယ်/

မန်စီးတီးအသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၁၆ ပွဲ ဆက်တိုက် အနိုင်ရထားရာ အဲဒီနိုင်ပွဲတွေအတွက် ကယ်ဗင်ဒီဘရိုင်းဟာအဓိက အရေးပါတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ကယ်ဗင်ဒီဘရိုင်းက သူအနေနဲ့ မန်စီးတီးအသင်းမှာ ပျော်ရွင်နေတယ်လို့ ပြောခဲ့ပြီး လက်ရှိရာသီမှာ မန်စီးတီးအတွက်ကိုယ်တိုင် ၆ ဂိုးသွင်းယူ ကာ ၈ ကြိမ်ဂိုးရအောင်ဖန်တီးထားပြီး ခြေစွမ်းပြကစားနိုင်မှုကြောင့် အခုရာသီရဲ့အကောင်းဆုံးကစားသမားဆု အတွက်လည်း ကယ်ဗင်ဒီဘရိုင်းဟာ ရေပန်းစားနေတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ မန်စီးတီး ဟာ ကယ်ဗင်ဒီဘရိုင်းအပြင် ရာသီကုန်ချိန်မှာ သက်တမ်းကုန်ဆုံးမယ့် ဘရာဇီးကွင်းလယ်လူ ဖာနန်ဒင်ဟိုကိုလည်း စာချုပ်သစ်တိုးမြင့်ချုပ်ရေး သဘောတူညီမှုရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : BBC : Kevin de Bruyne and Fernandinho close to new deals

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top