လေ့လာမှတ်သား မြန်မာစကားပုံများ

27-8-2020.jpg

စကားပုံဆိုတာ အနက်အဓိပ္ပါယ်နဲ့ ပြည့်စုံပြီး လူအများ စံပြု ပုံခိုင်းနှိုင်း ပြောဆိုလေ့ရှိကြတဲ့စကား၊ ပြောထုံးစကားမျိုး ဖြစ်ပါတယ်။

ဒီနေ့ဖော်ပြပေးလိုက်တဲ့ “ကလိမ်စေ့ ငြမ်းဆင်” စကားပုံက စေတီပုထိုး၊ အဆောက်အဦတွေကိုသာ ငြမ်းဆင်ရမြဲဖြစ်ပြီး ကလိမ်စေ့ကတော့ ငြမ်းဆင်ရတေဲ့အရာမဟုတ်ပါဘူး။ ဒါကိုမှ ကလိမ်စေ့ကိုငြမ်းဆင်နေတဲ့အပြုအမူလို ယုတ္တိမတန်တဲ့စကားနဲ့လှည့်ပတ်ပြောဆိုနေတာမျိုးနဲ့ ဆက်စပ်သုံးနှုန်းလေ့ရှိပါတယ်။

ဥပမာအသုံး

အဘိုးအိုမှာ အရက်သမားတို့၏ “‘ကလိမ်စေ့ ငြမ်းဆင်”ကာ ယုတ်မာပုံကို ခေါင်းတခါခါနှင့် ရှင်းပြနေပါသည်။

မြန်မာစကားပုံတွေအကြောင်းကို အပတ်စဉ်တိုင်း ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ ရိုးရာလေးစာဖတ်ပရိသတ်တွေ အဓိပ္ပာယ်သိလိုတဲ့ စကားပုံတွေကိုလည်း တောင်းဆိုဆန္ဒပြုသွားခဲ့နိုင်ပါတယ်။

Ref: မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top