Category: Article

ရယ်မယ် ပြုံးမယ် ပျော်ကြမယ်

တစ်နေ့တာမှာ ရင်ထဲက အရှိအတိုင်း သင်ဘယ်နှစ်ကြိမ်လောက် ရယ်ခဲ့ ပြုံးခဲ့ မိလဲ။ ဘဝအမောတွေကြား နစ်မြုပ်နေရင်း ရယ်ဖို့ ပြုံးဖို့တောင် မေ့လျော့နေတဲ့ လူတွေကို အများကြီး တွေ့ဖူးပါတယ်။ တစ်နေ့တာ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့်အလုပ်တွေ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အရေးပေါင်းများစွာကို တွေးတောရင်း

Category: Knowledge

ဘာကြောင့် ပလတ်စတစ်ကင်းစင်ရေးကို တက်တက်ကြွကြွ လှုပ်ရှားသင့်တာလဲ

နှစ်ပေါင်း (၄၅၀)။ ဒါဟာ ပလတ်စတစ်ဗူးတစ်ဗူးပျက်စီးဖို့အတွက် လိုအပ်တဲ့အချိန်ပါ။ ဟုတ်ပါတယ်။ တစ်ဗူးတည်းကို နှစ်ပေါင်း (၄၅၀) ကြာတာပါ။ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်တဲ့ နံပါတ်တွေလဲဆိုတာ

Category: Knowledge

အသက်ခုနစ်နှစ်အရွယ်လူသားနဲ့ ဥာဏ်ရည်ချင်းတူတဲ့ ကျီးများ

ကျီးတွေဟာ ကမ္ဘာပေါ်မှာရှိနေတဲ့ အပါးနပ်ဆုံးသတ္တဝါတွေစာရင်းဝင်ပါတယ်။ သူတို့ဟာ အဆင့်မြင့်နို့တိုက်သတ္တဝါမျိုးစိတ်မဟုတ်ပါဘဲ ကိရိယာ တန်ဆာပလာတွေကို ဖန်တီးပြီး သုံးတတ်တဲ့ ဥာဏ်ကြီးရှင်တွေပါ။

Category: Knowledge

လူတော် ဆိုသူတွေကိုတောင် နောက်ကောက်ကျသွားစေမယ့် နည်းလမ်းများ

လျို့ဝှက်ချက်ကြီးတွေကို ပြောပြတော့မှာနော်။ သေချာလိုက်မှတ်ထားကြဦး။ အရမ်းတွေတော်သွားတော့မှ စာရေးသူကို ကျေးဇူးတင်လိုက်တာ ဖြစ်နေမယ်။ နောက်တာပါ။ တကယ့်နည်းလမ်းကောင်းတွေကို ပြောပြတော့မှာမို့

Category: Knowledge

စမတ်ဖုန်းတွေက ထွက်လာတဲ့ အပြာရောင်အလင်းက မျက်စိကွယ်နိုင်ခြေကို မြင့်တက်စေ

သိပ္ပံဆိုင်ရာလေ့လာချက်တွေရဲ့ အဆိုအရ ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေရဲ့ အလင်းရောင်ဟာ မျက်လုံးကို လျင်လျင်မြန်မြန် ပျက်စီးစေနိုင်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နေပြီလို့ ဆိုပါတယ်။

အိုဟိုင်းယိုး (Ohio) မှာ ရှိတဲ့ တိုလီဒို တက္ကသိုလ် (Toledo University) ရဲ့ လေ့လာတွေ့ရှိမှုအရ

Category: Tourism

စိတ်လက်ပေါ့ပါးစွာ အနှောင်အဖွဲ့ကင်းကင်းနဲ့ ခရီးထွက်နိုင်ဖို့

ခရီးတစ်ခါထွက်ဖို့ ပြင်ဆင်ရတာတွေက မနည်းဘူးနော်။ အိမ်ထောင်ရှင်မတွေဆိုရင် တစ်ခါခရီးထွက်ဖို့ကို အဝတ်အစားတွေထည့်ရတာ၊ ကျန်ခဲ့မယ့်မိသားစုအတွက် အစားအသောက်တွေပြင်ဆင်ရတာ၊ ခရီးမှာစားဖို့ ယူသွားရမှာ၊ ပြန်လာရင် သန့်ရှင်းရေးလုပ်ဖို့တွေးပူရတာ၊ လျှော်ရ၊ ဖွတ်ရမှာ အဲဒီလိုတွေတွေးရင်း၊ တွေးရင်းနဲ့

Category: Knowledge

အကောင်းဆုံးတွေကိုသာ အမြဲဖန်တီးပေးပါ

လူတစ်ယောက်ဟာ ငယ်စဉ်လူလတ်ပိုင်းအရွယ်ကတည်းကနေ အသက်အရွယ်ရလာတဲ့အထိ လက်သမားအတတ်ပညာတစ်ခုတည်းနဲ့သာ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အသက်အရွယ်ကြောင့် လှုပ်ရှားမှုတွေ နှေးကွေးလာတဲ့အခါ သူရဲ့အသက်မွေးကျောင်းဖြစ်တဲ့ လက်သမားအလုပ်ကနေပြီးတော့ အနားယူဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အလုပ်ကအနားယူတော့မယ့်အကြောင်းကို နှစ်အတော်အကြာ လက်တွဲပြီးလုပ်ခဲ့တဲ့ သူရဲ့အလုပ်ရှင်ကို ပြောပြလိုက်ပါတယ်။ အဲဒီအကြောင်းကို အလုပ်ရှင်ဖြစ်သူက ကြားသိလိုက်တဲ့အခါ ဝမ်းနည်းသွားခဲ့ပြီး နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးကို ဆောက်လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်ကို လက်သမားဖြစ်သူကလည်း လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်ငန်းစတင်လုပ်ကိုင်တဲ့အခါမှာတော့ သူဟာ အရင်လို တက်တက်ကြွကြွလုပ်ကိုင်ခြင်းမရှိတော့ဘဲ ကတိတစ်ခုကြောင့် ဆောက်လုပ်ပေးတဲ့သဘောမျိုးနဲ့သာ ဆောက်လုပ်ခဲ့ပါတယ်။ အိမ်ဆောက်ရာမှာလည်း ဈေးသက်သာတဲ့ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ သာမန်အလုပ်သမားတွေကိုသာ ရွေးချယ်ပြီး အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်လိုက်ပါတယ်။

တဖြည်းဖြည်းနဲ့ ဆောက်လုပ်လာခဲ့ရာ အိမ်တစ်အိမ်လုံး ဆောက်လုပ်ပြီးစီးတဲ့ နေ့ကို ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီအခါ လက်သမားဆရာကြီးက သူရဲ့အလုပ်ရှင်ကို ခေါ်ပြီးပြပါတယ်။ ဒီအခါမှာတော့ အလုပ်ရှင်ဖြစ်သူက မမျှော်လင့်ထားတဲ့ အပြုအမူတစ်ခုကို ပြုလုပ်လိုက်ပါတယ်။ ဘာလဲဆိုတော့ စက္ကူစာအိတ်တစ်အိတ်ကို ယူလာခဲ့ပြီး လက်သမားဆရာကြီးကို ပေးပြီးဖွင့်စေပါတယ်။ စာအိတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ ဆောက်လုပ်ပြီးစီးသွားတဲ့ အဆောက်အဦနဲ့ ပတ်သက်ပြီးအရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖြစ်လို့နေပြီး ဒီထက် အံဩစရာကောင်းတာတစ်ခုကတော့ စာရွက်စာတမ်းအားလုံးက လက်သမားဆရာကြီးရဲ့ နာမည်နဲ့ ပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။ အဲဒီအခါမှာတော့ ပိုင်ရှင်ဖြစ်သူက " ဆရာကြီး…ခင်ဗျား ကျွန်တော်နဲ့ ရေရှည်လက်တွဲပြီးအလုပ်လုပ်လာခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ အလုပ်ကိုလည်းကြိုးစားသလို ကျွန်တော့်အပေါ်ကိုလည်း သစ္စာရှိခဲ့တယ်။ ဒါကြောင့် ဒီအဆောက်အဦကို ဆရာကြီးအတွက် ကျွန်တော်လက်ဆောင်ပေးတာပါ။ လက်ခံပေးပါ" လို့ ဆိုလိုက်ပါတယ်။ ဒီအခါမှာတော့ လက်သမားဆရာကြီးက ဘာပြန်ပြောရမှန်းမသိအောင်ဘဲ ငြိမ်သက်သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရှက်စိတ်နဲ့အတူ နောင်တလည်း ကောင်းစွာရမိသွားပါတယ်။

ဒီအကြောင်းအရာလေးနဲ့ ပတ်သတ်ပြီးတော့ ရိုးရာလေးစာဖတ်ပရိသတ်ကြီးရော ဘယ်လိုတွေးမိပါသလဲ။ ကျွန်တော်တို့အားလုံး တစ်ခါတလေ စိတ်မပါဘဲ ပြောရဆိုရ လုပ်ရကိုင်ရတဲ့အရာတွေ ရှိပါတယ်။ စိတ်မပါဘဲ လုပ်တဲ့ ဘယ်အရာမဆို အကောင်းဆုံးပုံစံနဲ့ မရရှိနိင်ပါဘူး။ အဲဒီတော့ စိတ်မပါတော့ပေမဲ့ လုပ်ရမယ့်အတူတူ အကောင်းဆုံးသာလုပ်ပါ။ ပြောရမယ့်အတူတူ အချိုသာဆုံးသာ ပြောပါ။ ကိုယ်ပြုတဲ့ အပြုအမူအတိုင်းနဲ့ တူညီတဲ့ တန်ပြန်သက်ရောက်မှုကို မလွဲမသွေ ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။

Ref: " The Carpenter "

Paradise (ရိုးရာလေး)

Category: Tourism

ခရီးသွားရင်းပုံတင်ရုံနဲ့ ဂဏန်းခြောက်လုံးလောက် ဝင်ငွေအသာလေးရနေတဲ့ စုံတွဲ

ဂျက်ခ် မောရစ် (Jack Morris) နဲ့ လော်ရမ် ဘူလန် (Lauren Bullen) တို့ချစ်သူနှစ်ယောက်လုံးဟာ မင်းသား၊ မင်းသမီးတွေမဟုတ်ကြပါဘူး။ ဆိုပေမဲ့ အင်စတာဂရမ်ပေါ်မှာတော့ နာမည်ကြီးကြသူတွေပါ။

Category: Knowledge

ဘောလုံးကို ခေါင်းနဲ့တိုက်တာက ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်

ဒေါက်တာ ဘားနက် အိုမာလူ (Dr Bennet Omalu) ဟာ Chronic Traumatic Encephalopathy (CTE) လို့ခေါ်တဲ့ ဦးနှောက်ပိုင်းဆိုင်ရာ နာတာရှည်ရောဂါကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါတယ်။

Category: Article

ဘုံဘေဘားမားကုမ္ပဏီ သို့မဟုတ် သမိုင်းတစ်ခုရဲ့ အလှည့်အပြောင်း

ဘုံဘေဘားမား (Bombay-Burmah) လို့ အသံကြားလိုက်တာနဲ့ တစ်ချိန်က မြန်မာ့အုပ်ချုပ်ရေးအလှည့်အပြောင်းကိုတွေးမိပြီး လူတိုင်းရင်ထဲ ဆစ်ကနဲတော့ နာကျင်မိမှာပါပဲလေ။ ကျွန်းသစ်အငြင်းပွားမှုကိစ္စကနေ အင်္ဂလိပ်လက်အောက်ရောက်ခဲ့ရတဲ့အထိ

Category: Knowledge

ရေချိုးရင်းအပေါ့သွားသင့်တာ ဘာကြောင့်လဲ နဲ့ ဆီးရဲ့အသုံးဝင်ပုံများ

ကျွန်တော်တို့လူတော်တော်များများက သန့်စင်ခန်းထဲလုပ်ဖြစ်တဲ့အရာတွေကိုဆို ထုတ်ပြောကြဖို့ တော်တော်လေး ရှက်ရွံ့နေတတ်ကြပါတယ်။ တကယ်တော့ရေချိုးရင်းအပေါ့သွားတာက အရမ်းကောင်းပါတယ်။

Category: Knowledge

ကိုယ့်ချစ်သူစိတ်မညစ်စေဖို့ မိန်းကလေးတွေ ဆင်ခြင်ရမဲ့အချက်တွေ

လူတိုင်းမှာ ပင်ကိုစရိုက်တွေက အမျိုးမျိုး ရှိတတ်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေ ထိတွေ့ဆက်ဆံရတဲ့အခါ စိတ်သဘောချင်း မတိုက်ဆိုင်မှုတွေ ရှိတတ်ကြတာပါပဲ။

Category: Tourism

ဆိုလ်း (Seoul) မြို့ကြီးကိုမသွားခင် သိထားဖို့လိုတာလေးတွေ

မသိဘူး...ဆိုလ်း (Seoul) ဆိုသွားလည်ချင်တာမှ တစ်ပိုင်းရော၊ တစ်ကိုယ်လုံးရောသေနေပြီ။ သွားသာသွားချင်တာ။ ယဉ်ကျေးမှု၊ ရာသီဥတု၊ အနေအထားအားလုံးကွာနေတဲ့ မြို့ကိုသွားလည်ဖို့ဆိုတာက ထင်သလောက် မလွယ်ဘူးလေ။

Category: Knowledge

ဘုရားပေးတဲ့ အခွင့်အရေး

တစ်ခါက မြစ်တစ်ခုအနားမှာ ရွာငယ်လေးတစ်ရွာရှိပါတယ်။ အဲဒီရွာမှာနေတဲ့ လူတိုင်းဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြပြီး ရွာကဘုရားကျောင်းမှာ ပုံမှန်ဆုတောင်းမှုပြုလေ့ရှိကြပါတယ်။ တစ်ခုသောမုတ်သုံရာသီကို ရောက်လာတဲ့အခါ