Category: Article

သူ့နေရာမှာ ကိုယ်သာဆိုရင်

ဒီနေ့ဈေးထဲမှာ ငါးဝယ်ပြီးတော့ လိုတာလေးတွေ ထပ်ဝယ်ဖို့ ဈေးထဲပတ်ကြည့်နေတုန်းမှာ ... ဂေါ်ရခါးညွှန့်၊ ဖရုံညွန့်နဲ့ ခရမ်းသီးတွေရောင်းနေတဲ့ ဈေးသည်သားအမိကို သတိထားမိလိုက်တယ်

Category: Article

နေ့စဉ်အလုပ်တွေ ပြီးမြောက်ဖို့ အချိန်ဇယားလေးတစ်ခု ဆွဲထားရအောင်

"ဖြစ်နိုင်ရင် ဆယ်ကိုယ်လောက် ခွဲထားလိုက်ချင်တယ်" ဆိုတဲ့ စကားကို ကျွန်တော်တို့ကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာပါ မကြာခဏ ပြောဖူး ကြားဖူးကြမှာပါ။ အလုပ်ကနေအိမ်ပြန်ရောက်ရင် ဟိုဟာ လုပ်မယ် ဒီဟာလုပ်မယ်နဲ့ လုပ်ချင်တဲ့အရာတွေ၊ လုပ်စရာကိစ္စတွေ အများကြီးရှိနေပေမဲ့ တကယ်တမ်းကျတော့

Category: Article

ကျောင်းဖွင့်ချိန် ရင်ခုန်သံ

ဇွန်လရဲ့ ပထမဆုံးနေ့ မိုးလေးတွေ တဖွဲဖွဲရွာနေပြီဆိုတော့ အဖြူနဲ့အစိမ်းဝတ်ပြီး လွယ်အိတ်လေးလွယ်လို့ ကျောင်းသွားခဲ့တဲ့ ငယ်ဘဝက ပထမဆုံးကျောင်းတက်ချိန်တွေကို ပြန်ပြီး သတိရမိပြန်ပါတယ်။

Category: Article

Gods (ဘုရားသခင်များ)

ကျွန်တော်တို့ လူသားတွေဟာ ဘာသာရေး တစ်ခုခုရဲ့ အထိန်းအကွပ် နဲ့ နေထိုင်ကြရတာများပါတယ်။ မိရိုးဖလာဖြစ်စေ၊ ကိုယ်တိုင်သက်ဝင်ယုံကြည်သည်ဖြစ်စေ၊ ဘာသာတစ်ခုခု အောက်မှာ ရှိနေကြတာပါပဲ။

Category: Article

ရှေးနှစ်ထောင်ပေါင်းများစွာက သုံးခဲ့ကြတဲ့ လျှပ်စစ်မီး

ဘက်ထရီတွေကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုလာခဲ့တယ်ဆိုတဲ့အကြောင်းကို ကျွန်တော် “ရှေးလူတို့ရဲ့ ဘက်ထရီ” ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီးပါပြီ။ ကတိပေးခဲ့တဲ့အတိုင်း ဒီတစ်ခေါက်မှာတော့ သူတို့တွေဟာ ဘက်ထရီတင်မကဘဲ လျှပ်စစ်မီးကိုပါ သုံးစွဲခဲ့တယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးပါ့မယ်။

Category: Article

လုပ်ငန်းခွင်မှာ သတိထားပြီး ပေါင်းသင်းဆက်ဆံသင့်တဲ့သူ (၅) မျိုး

တကယ်လို့ သင်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူတစ်ယောက်ဆိုရင်တော့ နေ့စဉ် မနက်ကနေ ညနေမိုးချုပ်တဲ့အထိ ပျှမ်းမျှ (၈)နာရီလောက် အမိုးတစ်ခုအောက်ထဲမှာ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ အလုပ်လုပ်ရမှာပါ။ လုပ်ငန်းခွင်တစ်ခုထဲမှာ လုပ်ကိုင်နေကြရပေမဲ့လည်း

Category: Article

ဘဝနဲ့ ပိုက်ဆံ

ပိုက်ဆံနဲ့ အရာအားလုံးကို ဝယ်လို့ မရဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တချို့အရာတွေက လွဲရင် တော်တော်များများကတော့ ပိုက်ဆံမရှိရင် အဆင်မပြေပြန်ပါဘူး။

Category: Article

Relationship တစ်ခုကို ဘယ်အရာတွေက ပျက်စီးစေနိုင်သလဲ

Relationship သက်တမ်းကြာမြင့်လာတာနဲ့အမျှ ပြဿနာများစွာ ကြုံတွေ့လာနိုင်ပြီး နားလည်မှုအပြည့်နဲ့ ခရီးဆက်နိုင်မှသာ ပန်းတိုင်ဆိုတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦး အရမ်းချစ်ကြပေမဲ့လည်း စိတ်သဘောထားခြင်း မတိုက်ဆိုင်တဲ့အတွက်ကြောင့် ဝေးကွာသွားခဲ့ရတဲ့ အဖြစ်အပျက်များစွာလည်း ရှိပါတယ်။

Category: Article

Attention Seekers (လူအများရဲ့ အာရုံစိုက်ခံရလိုသူများ) နဲ့ ကိုယ်ကျိုးစီးပွား

အများအတွက် စွန့်လွှတ်အနစ်နာခံမှုဆိုတာကို တစ်ချိန်ချိန်မှာ ဖြစ်လာမယ့် ကိုယ်ကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုလို သတ်မှတ်လုပ်ကိုင်နေရင်တော့ ဒါဟာ တော်တော်လေးကို မှားယွင်းနေပါပြီ။

Category: Article

Fallacy (ယုတ္တိအမှား) For F

ရိုးရာလေးက Zuluu ရဲ့ A to Z ဆောင်းပါးကဏ္ဍ အလှည့် ကျရောက်လာပါပြီ။ ဒီတစ်ပတ်မှာလည်း အရင်တုန်းက တင်ဆက်ခဲ့သလို တွေးစရာ တစ်ခုခု ကျန်စေမယ့် F အက္ခရာ ဆောင်းပါးကို တင်ဆက်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ပေးကြပါဦး။

Category: Article

ချစ်သူမရှိဘဲနေနိုင်ပေမယ့် စမတ်ဖုန်းမရှိဘဲမနေနိုင်

စမတ်ဖုန်းဆိုတာ ဒီနေ့ခေတ်မှာ လူတိုင်းအတွက် အသက်တမျှ အရေးကြီးတဲ့ အရာတစ်ခု ဖြစ်လာပါပြီ။ အရင်ခေတ်က ဖုန်းဆိုတာ ဖုန်းပြောဖို့လောက်ပဲ အသုံးဝင်ပေမဲ့ အခုအခါမှာတော့

Category: Article

Emotional quotient (စိတ်ခံစားမှုညွှန်းကိန်း)

ကြားဖူးနေကျ စကားလုံးတွေ ဖြစ်တဲ့ IQ တို့ EQ တို့ထဲက EQ ရဲ့ အကြောင်းဖြစ်ပါတယ်။ IQ( Intellectual Quotient) (ညဏ်ရည်ညွှန်းကိန်းအချိုး) EQ(Emotional Quotient) (စိတ်ခံစားမှုညွှန်းကိန်းအချိုး) တို့ ဖြစ်ပါတယ်။

Category: Article

အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ

မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ စာအုပ်အညွှန်းကဏ္ဍမှ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ မှော်လောကကြီးထဲ အလည်သွားကြရအောင်ပါ။ ပထမဆုံးကတော့ ဂရိမှော်လောကထဲ သွားကြရအောင်…

ကျွန်တော်တို့တွေ နတ်ဘုရားလို့ သိကြတဲ့ ဇုနတ်မင်းတို့ ပိုဆိုက်ဒန်တို့ဟာ လူတွေကို အင်မတန်ချစ်တတ်ကြပါတယ်။ ဒါကလည်း ဒဏ္ဍာရီတွေထဲမှာ ဖော်ပြပြီးသားပါ။ နတ်မင်းကြီးတွေနဲ့ လူသားတွေ ပေါင်းဖက်ကြရာက ထွက်လာတဲ့ လူသားနတ်ဘုရားတွေ (DemiGod) မွေးဖွားလာရာက ဒီဇာတ်လမ်းလေး စတင်လာပါတော့တယ်။ ဟုတ်ကဲ့.. ပါစီဂျက်ဆန်ပါ။

ပိုဆိုက်ဒန် နတ်ဘုရားနဲ့ New York မြို့က အမျိုးသမီးလေးတစ်ယောက် ပေါင်းဖက်မိရာက နတ်ဘုရားတစ်ပိုင်း သားလေးတစ်ယောက်ရလာပါတယ်။ နတ်ဘုရားတို့ စည်းမျဉ်းအရ သားသမီးတွေနဲ့ မတွေ့ရဘူးဆိုပေမဲ့ နတ်ဘုရားသွေးတစ်ဝက်စီးဆင်းနေတဲ့ ပါစီဂျက်ဆန်လေးကတော့ ရေနဲ့ အတော်အလွမ်းသင့်ပါတယ်။ သူ့ကိုယ်သူ နတ်ဘုရားရဲ့ သွေးသားလို့ မသိပေမဲ့ သူ့ကို ကာကွယ်မယ့်သူတွေကတော့ အနားမှာ အသင့်စောင့်ရှောက်နေကြပါတယ်။

တစ်နေ့.. သူမသိလိုက်တဲ့ အဖြစ်အပျက်တစ်ခုကြောင့် သူ့မှာ ဘုမသိဘမသိ တရားခံဖြစ်လာရာက နတ်ဘုရားတွေ စစ်ဖြစ်ကြမယ်လည်းဆိုရော သူ့ ဒုက္ခတွေ စတင်တော့တာပါပဲ.. အမျိုးအမည်မသိသတ္တဝါတွေ တိုက်ခိုက်တာ ခံရတာကတစ်မျိုး၊ နတ်ဘုရားတွေက သူ့ကို တရားခံလို သဘောထားပြီး ရန်ရှာတာက တစ်မျိုးနဲ့ သူ့လို နတ်ဘုရားတစ်ပိုင်း လူသားလေးတွေ လေ့ကျင့်ရာနေရာကို ရောက်သွားတဲ့အချိန်မှာတော့….

ဒီဇာတ်လမ်းကို ကျွန်တော်တို့ Percy Jackson and The Lightning Thief ဆိုတဲ့ ဇာတ်ကားမှာ အပြန်ပြန်အလှန်လှန်ကြည့်ခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ ထုံးစံမပျက်ပါပဲ.. ဝတ္ထုတွေဟာ ရုပ်ရှင်တွေထက် ကောင်းမြဲကောင်းဆဲပါ။ ဆိုတော့ ဝတ္ထုဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ မူရင်းဝတ္ထုကို ဖတ်စေချင်တာပါ။ မူရင်း ဝတ္ထုကို ရေးသားသူကတော့ “Rick Riordan” ဖြစ်ပြီး စုစုပေါင်း ကျွန်တော်သိသလောက် စာအုပ် ၅အုပ် ထွက်ရှိထားပါတယ်။ (ဒါတောင် Untold story တွေ ဘာတွေ ရှိပါသေးတယ်)

တကယ်လို့များ မူရင်းဝတ္ထုကိုဖတ်ဖို့ ကိုယ့်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ယုံကြည်မှု မရှိဘူးဆိုရင်တော့ ဆရာ ကောင်းမြတ်လွန်းသော် ဘာသာပြန်ထားတာ ရှိပါတယ်။ အဲ့ဒါလေး ဖတ်လို့ရပါတယ်။

ဒုတိယမြောက် သွားစေချင်တဲ့ မှော်လောကကတော့ ကမ္ဘာမှာ ရောင်းအားအကောင်းဆုံး စာရင်းဝင်ဖြစ်တဲ့ ဟယ်ရီပေါ်တာတို့ မှော်လောကထဲကိုပါ။ အထူးအထွေ ညွှန်းနေစရာတော့ မလိုပေမဲ့ ကျွန်တော်က Potterhead တစ်ယောက်ပီပီ ပြောချင်တာလေးတွေ ရှိလို့ပါ။ ကျွန်တော်တို့ အရှေ့တိုင်းအယူအဆမှာ စုန်း၊ ကဝေတွေဟာ အမြဲလိုလို မကောင်းတဲ့နေရာမှာသာ အထားခံရလေ့ ရှိပါတယ်။ ရှင်းရှင်းပြောရရင် စုန်းဆိုတာ အောက်လမ်းတွေပေါ့ဗျာ.. လူတွေကို ဒုက္ခပေးတယ်ပေါ့။ အဲဒီမှာ စတာပါပဲ။

Harry Potter ဝတ္ထုထဲက စုန်းတွေကတော့ သူတို့လောကနဲ့သူတို့ နေကြတဲ့ သာမန်လူတွေနဲ့ ဘဝတူ စုန်းကဝေတွေပါပဲ။ ဒါကြောင့်လည်း စုန်းတွေကို မကောင်းမြင်တဲ့သူတွေက ဒီစာအုပ်ကို ကန့်ကွက်လား ပိတ်လားတွေ ဖြစ်ကုန်ကြတာပေါ့။ တစ်ချို့နိုင်ငံတွေမှာဆို စာအုပ်တွေကို မီးရှို့တာတို့ ဆန္ဒပြတာတို့တောင် လုပ်ကြပါသေးသတဲ့…

စာအုပ်အကြောင်း ဆက်ပြောရမယ်ဆိုရင်တော့ လူသား မတ်ဂယ်တွေရဲ့လောကမှာ ဘုမသိဘမသိ နေထိုင်လာတဲ့ ကောင်လေး ၁၁ နှစ်ပြည့်တဲ့အခါ ဟော့ဂ်ဝပ်လို့ခေါ်တဲ့ မှော်ကျောင်းတောင်ကြီးက အခေါ်စာရောက်လာတဲ့အချိန်ကနေပြီး သူ့ဘဝကြီး တစ်ဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်။ မှော်လောကနဲ့ မတ်ဂယ်လောကက လူတွေကြားထဲက အထင်လွဲမှုတွေ၊ မတ်ဂယ်တွေကို အထင်သေးတဲ့ စုန်းကဝေတွေနဲ့ စုန်းတွေကို အမြင်မကြည်၊ ကြောက်လန့်နေတတ်တဲ့ မတ်ဂယ်လောကက လူတွေ၊ စုန်းကဝေ အချင်းချင်းမှာတောင်မှ စုန်းတန်းစားခွဲခြားမှုတွေ (မှော်သွေးစစ်နဲ့ သွေးမစစ်တဲ့မှော်မျိုးရိုး) စတာတွေကို ယူတတ်ရင် ယူတတ်သလို သင်ခန်းစာ ရမှာမို့ ဒီစာအုပ်တွေဟာ နိုင်ငံတကာက ကလေးငယ်တိုင်း မဖတ်မဖြစ်စာအုပ်စာရင်းထဲ ဝင်ထားရတာပါ။

ဒီစာအုပ်တွေကိုလည်း ဖြစ်နိုင်မယ်ဆိုမူရင်းဝတ္ထုကို ဖတ်စေချင်တာပါ။ စာလည်းမခက်တာမို့ အလွယ်တကူလည်း ဖတ်လို့ရနိုင်မှာပါ။ မူရင်းရေးသားသူ J.K Rowling ဟာလည်း ဟယ်ရီပေါ်တာနဲ့တင် ဘီလျံနာဖြစ်သွားတဲ့ထိ အောင်မြင်ခဲ့တဲ့သူပါ.. ဒါပေမဲ့ စောစောကပြောခဲ့သလို ကိုယ့်အင်္ဂလိပ်စာစွမ်းရည်ကို ကိုယ်စိတ်မချရင်တော့ ဘာသာပြန်ထားတာတွေ ရှိပါတယ်။

ကိုယ့်အကြိုက်နဲ့ ကိုယ်ပေမဲ့ ပထမဆုံး သုံးအုပ်ကို မင်းခိုက်စိုးစန် ဘာသာပြန်ထားတာတွေကို ဖတ်စေချင်ပါတယ်။ ကြည်ကြည်မာ ဘာသာပြန်ထားတာတွေကို ကြိုက်တဲ့သူတွေရှိနေပေမဲ့ ကျွန်တော်ကတော့ တရုတ်ကနေ ဘာသာပြန်ထားတာမို့ နာမည်တွေ ဖတ်ရအဆင်မပြေတာနဲ့တင် မထိချင်တာပါ :3 နောက်ဆုံး စာအုပ်ကိုတော့ ဆရာကောင်းမြတ်လွန်းသော် ဘာသာပြန်ထားတာ ရှိပါတယ်။ ဆိုတော့ ရှာဖတ်ကြပါ။ အဟောင်းတန်းတော့ ဝင်တိုးဖို့ လိုပေမယ့် တကယ်တမ်း တိုးရှာလည်း ရှာရမလွယ်တာမို့ အွန်လိုင်းပေါ် တင်ထားတဲ့ ဘာသာပြန်လင့်ခ်တွေလည်း ရှိပါတယ်။

ဆိုတော့… ဒီတစ်ပတ်စာလည်း ဒီစာအုပ်တွေနဲ့ လုံလောက်သွားမယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ပတ်မှ ပြန်တွေ့ကြရအောင်…

Angelic Demon (ရိုးရာလေး)