Category: Article

Death (သေခြင်းတရား)

သေခြင်းဆိုတာ အရမ်းကြီး ဆန်းကြယ်နေတဲ့ အရာ မဟုတ်ပါဘူး။ လူတိုင်း သတ္တဝါ တိုင်း ကိုယ်တွေ့ကြုံရမယ်။ သူများကြုံတာကိုလည်း တွေ့ရမယ်။ အချိန်တန်ရင် ကြုံမယ်။ အချိန်မတန်ပဲလည်းကြုံမယ်။

Category: Article

သူရမချစ်ပို (သို့မဟုတ်) မြန်မာနိုင်ငံရဲ့ သူရဘွဲ့ရ တစ်ဦးတည်းသောအမျိုးသမီး

မြန်မာနိုင်ငံမှာ သူရဘွဲ့ကို အမျိုးသားများသာ ရရှိကြတာ များပါတယ်။ မြန်မာနိုင်ငံရဲ့ သူရဘွဲ့ရ တစ်ဦးတည်းသောအမျိုးသမီးကတော့ မချစ်ပိုပဲဖြစ်ပါတယ်။ မချစ်ပိုကို ၁၉၀၇ခုနှစ်မှာ မွေးဖွားခဲ့ပြီး ရိုးသားဖြူစင်တဲ့ ထားဝယ်သူလေးတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့မောင်တစ်ယောက်က ဘီအီးတပ်ထဲဝင်ရောက်သွားတော့ ​​မောင်ငယ်ကို​​ကို လိုက်ရှာရင်း မေမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ မေမြို့မှာပဲ တပ်မတော်သားတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ သူမအမျိုးသားနာမည်ကတော့ လှမောင်ဖြစ်ပြီး တပ်ကြပ်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေခဲ့တာပါ။ 
မချစ်ပိုဟာ တိုင်းရင်းသူပီပီ စကားသံဝဲဝဲနဲ့ စိတ်ရင်းဖြူစင်သူဖြစ်တာကြောင့် လူချစ်လူခင်ပေါသူတစ်ဦးဖြစ်ပါတယ်။ အရပ် ၅ပေသုံးလက်မခန့်ရှိပြီး စကားပြောရင်လည်း တိုင်းရင်းသူတို့ထုံးစံအတိုင်း ခပ်ပြတ်ပြတ်ပြောလေ့ရှိသလို အလုပ်လုပ်ရင်လည်း ပြတ်ပြတ်သားသားလုပ်တတ်ပါတယ်။ မချစ်ပိုရဲ့အမျိုးသားဟာ တပ်အတွင်းမှာ ထမင်းချက်တာဝန်ယူရပါတယ်။ ဒါပေမယ့် အလျဉ်းသင့်သလို တစ်ခါတစ်လေမှာ တိုက်ခိုက်တဲ့ အဖွဲ့ထဲ ဝင်ရောက်တိုက်ခိုက်ရပါတယ်။ အဲ့ဒီအချိန်ဟာ ကေအင်ဒီအိုတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ အချိန်ကာလပဲဖြစ်ပါတယ်။
မချစ်ပိုဟာ ကေအင်ဒီအိုတပ်ဖွဲ့ တပ်စွဲထားတဲ့နယ်မြေတွေထဲအထိ ရုပ်ဖျက်ပြီး ဝင်ရောက်ထောက်လှမ်းပေးခဲ့ပါတယ်။ တပ်မတော်သားတစ်ဦးရဲ့ ဇနီးတစ်ယောက်ပီပီ လက်နက်တွေ၊ ဗုံးတွေကို သူမက ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်လေ ရန်သူတွေနဲ့ ပက်ပင်းတိုးတဲ့အခါမျိုးမှာ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ပါတယ်။ ညဘက် အငိုက်ဖမ်း ဝင်ရောက်တဲ့ တိုက်ပွဲတွေမှာလည်း မချစ်ပိုက ရဲဘော်ရဲဘက်များနဲ့အတူ ပူးပေါင်းဆင်နွှဲခဲ့ပါတယ်။ မချစ်ပိုရဲ့သတင်းပေးမှုတွေဟာ တပ်မတော်သားတွေအတွက် အလွန်ပဲ အကျိုးကျေးဇူးရခဲ့ပါတယ်။
တစ်ရက်မှာတော့ ရန်သူနဲ့ အဆက်အစပ်ရှိတဲ့သူတစ်ယောက်ရဲ့ လက်ထောက်ချမှုအောက်မှာ မချစ်ပိုအကြောင်းကို ကေအင်ဒီအိုတွေက သိရှိသွားခဲ့ပါတယ်။ မချစ်ပိုကို ထောင်ချောက်ဆင်ပြီး ဖမ်းဆီးကာ အမျိုးမျိုးစစ်ဆေးခဲ့ပါတယ်။ ခေါင်းမာတဲ့မချစ်ပိုကတော့ နောက်ဆုံးအချိန်ထိ တင်းခံသွားခဲ့ပါတယ်။ နောက်ဆုံးမှာ ရန်သူတွေက နှိပ်စက်ညှင်းပန်းပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ပါတယ်။ မချစ်ပိုဟာ ၁၉၄၉ခုနှစ် ဧပြီလ ၈ရက်နေ့မှာ ကျဆုံးသွားခဲ့ပါတယ်။ မချစ်ပိုကျဆုံးတဲ့နေ့ရက်ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်များက မန္တလေးမြို့ကို ပြန်လည်သိမ်းပိုက်ပြီး မြို့သိမ်းအောင်ပွဲအခမ်းအနားပြုလုပ်တဲ့ရက်ပဲဖြစ်ပါတယ်။ 
မချစ်ပိုအလောင်းကို ပြန်ဖော်ပြီး မေလ ၁၆ရက်နေ့မှာ ပြင်ဦးလွင်မြို့ ထိုးဘိုရပ်မှာ စစ်အခမ်းအနားနဲ့ သဂြိုလ်ခဲ့ပါတယ်။ မိန်းမသားတစ်ဦးဖြစ်သော်ငြား မချစ်ပိုရဲ့ ရွပ်ရွပ်ချွံချွံစွမ်းဆောင်နိုင်မှုတွေကြောင့် နိုင်ငံတော်က သူရဘွဲ့ကို ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ သူရမချစ်ပိုရဲ့ သတ္တိရှိမှုတွေကို နှောင်းခေတ် မြန်မာအမျိုးသမီးလေးတွေအတွက် အားကျစရာ အတုယူစရာအဖြစ် ​ဖော်ပြ​​ပေးလိုက်​ရပါတယ်​။ 
Ref: သန်းဝင်းလှိုင်:သမိုင်းတစ်ကွေ့မှ အကျော်ဇေယျ မြန်မာအမျိုးသမီးများ
Sophia (ရိုးရာလေး) 
Category: Article

အောင်မြင်ကျော်ကြား ခေတ်ဟောင်းစာအုပ်များ

အပတ်စဉ် ရိုးရာလေးရဲ့ တင်ဆက်နေကျ စာအုပ်အညွှန်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်တော့ ကျွန်တော်တို့ ခေတ်နောက်ပြန် ပြန်ဆွဲကြရအောင်..
Category: Article

ဈေးဝယ်ထွက်တဲ့အချိန် မလိုအပ်တာတွေ မဝယ်မိအောင် ဘယ်လိုလုပ်မလဲ?

စတိုးဆိုင် စူပါမားကတ်တစ်ခါသွားတိုင်း မလိုအပ်တဲ့ပစ္စည်းတွေ ခဏခဏဝယ်လာဖြစ်တတ်ကြတယ်ဟုတ်?
ပြီးရင် အသုံးမတည့်ဘဲနဲ့ အိမ်မှာ ဟိုနားထား ဒီနားထားနဲ့ ချောင်ထိုးထားကြပြန်ရော။ ဈေးဝယ်ထွက်တဲ့အချိန်တိုင်း ဒီလိုအဖြစ်မျိုးဖြစ်နေတာတော့ မဟုတ်သေးဘူးရယ်။
တကယ်လိုအပ်တဲ့ ပစ္စည်းဝယ်ဖို့ကျတော့ ပိုက်ဆံကမလောက်နိုင်တော့ဘူး။
အဲ့ဒီတော့မလိုအပ်တဲ့ပစ္စည်းတွေမဝယ်မိစေဖို့ ဈေးဝယ်လမ်းညွှန်လေး ရေးပေးလိုက်ပါတယ်။

(၁) ကိုယ်ဝယ်ရမယ့် ပစ္စည်းတွေကို စာရင်းလုပ်ပါ။
ဈေးဝယ်မထွက်ခင်မှာ ကိုယ်တကယ်ဝယ်ဖို့လိုအပ်တဲ့ ပစ္စည်းတွေကို ချရေးပြီးစာရင်းမှတ်ပါ။
ဒါမှ ရှော့ပင်စင်တာတွေရောက်တဲ့အခါမှာ ကိုယ်ဝယ်ရမယ့် ပစ္စည်းစာရင်းကြည့်ပြီး တစ်ခါတည်း ဝယ်နိုင်မှာပါ။ မဟုတ်ရင် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ဟိုပစ္စည်းလိုသလို ဒီပစ္စည်းလိုသလိုနဲ့ မလိုအပ်တာတွေ ထပ်ဝယ်လာမိနိုင်ပါတယ်။

(၂) တစ်ယောက်တည်း ဈေးဝယ်ထွက်ပါ။
ဈေးဝယ်ထွက်တဲ့အချိန်မှာ ဘေးမှာ သူငယ်ချင်းမိတ်ဆွေ မိသားစု တစ်ယောက်ယောက်ပါရင် အဖော်တော့ရတာပေါ့ ဒါပေမယ့် ကိုယ်မလိုအပ်တာတွေ ဝယ်ဖြစ်ဖို့ အခွင့်အလမ်းက ပိုများသွားမှာပါ။ ဥပမာ ကိုယ်က အလှကုန်ဝယ်ဖို့မလိုအပ်သေးပေမယ့် သူငယ်ချင်းက ဟိုဟာလေးကောင်းတယ် ဒါလေးဈေးတန်တယ်ပြောရင် သူ့အပြောနောက်ကို ကိုယ်က မြောပါသွားပြီး ဝယ်မိဖို့ရခိုင်နှုန်းတော်တော်များနေပါပြီ။
ဒီတော့ တစ်ယောက်တည်း ဈေးဝယ်ထွက်ပါ ကိုယ့်စာရင်းထဲက ဝယ်စရာတွေ ဝယ်ပြီးသွားတာနဲ့ အိမ်တန်းပြန်ခဲ့တာ အကောင်းဆုံးပါပဲ။

(၃) အွန်လိုင်းကနေ ဈေးသိပ်မဝယ်ပါနဲ့။
ကိုယ်က အိတ်လေးတစ်လုံးလောက် ဝယ်ဖို့စဉ်းစားထားတယ် အွန်လိုင်းကတွေ့ထားတဲ့အိတ်လေးကလဲ ကိုယ်ကြိုက်တဲ့ပုံစံလေးဖြစ်နေတယ် ဆိုကြပါစို့။ အဲ့တာနဲ့ပဲ မှာလိုက်တယ် တကယ်တမ်း အိမ်လဲ ပစ္စည်းရောက်ရော ကိုယ်မျှော်လင့်ထားတဲ့ ကွာလတီလဲမဟုတ် ပုံစံကလဲ ဓါတ်ပုံထဲ မြင်ထားတာနဲ့အပြင်မှာတွေ့ရတာနဲ့မတူပဲ ဖြစ်နေရင် ကိုယ့်အတွက် အပိုပစ္စည်းတစ်ခု တိုးလာစေမှာပါ။ အွန်လိုင်းက မှာတဲ့ပစ္စည်းတိုင်းက ကွာလတီမကောင်းဘူးလို့ပြောတာ မဟုတ်ပေမယ့် တချို့တဝက်လောက်ကတော့ ကိုယ်မျှော်လင့်ထားတဲ့ပစ္စည်းမျိုးဖြစ်မလာပါဘူး။ ဒါ့ကြောင့် ဝယ်ချင်ရင် အပြင်မှာ အရင်ကြည့်ပါ ပြီးတော့မှ ဝယ်ပါ။

       အခုပြောပြထားတာလေးတွေကတော့ ဈေးဝယ်တဲ့အခါမှာ မလိုတာတွေမဝယ်မိစေဖို့ လုပ်ဆောင်ရမယ့် အခြေခံအချက်လေးတွေပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေလဲ မျှဝေပေးခဲ့ပါဦးလို့။

Chan Chan (ရိုးရာလေး)

Category: Article

မေတ္တာတရားကို ဖော်ကျူးထားတဲ့ ဂျပန်ကာတွန်းစီးရီးစ်များ

အပတ်စဉ် တင်ဆက်ပေးနေကျ ရုပ်ရှင်အညွှန်းကဏ္ဍမှ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် ရိုးရာလေး ပရိသတ်ကြီးကို ညွှန်းပေးချင်တာကတော့ ဂျပန် ကာတွန်းစီးရီးစ် (၂)ခုပါ။ အရင်တစ်ပတ်ကလည်း ကာတွန်း၊ ဒီတစ်ပတ်လည်း ကာတွန်းဆိုပြီးတော့တော့ မငြိုငြင်လိုက်ပါနဲ့။ ဂျပန်စီးရီးစ်တွေဟာ လူရုပ်ရှင်တွေနဲ့ မခြားကောင်းလွန်းတာအပြင် တချို့ဇာတ်ကားတွေဆို လူတွေနဲ့ ရိုက်လို့ မနိုင်လို့ Anime အဖြစ်ထုတ်ရတာတွေတောင် ရှိပါတယ်။ တချို့Anime series တွေကို လူတွေနဲ့ ပြန်ရိုက်တဲ့အခါမှာလည်း မူရင်းအနှစ်သာရ ပျက်သွားတာမျိုးတောင် ကြုံဖူးပါတယ်။ ဒါကြောင့် Anime Series တွေကိုလည်း အထင်မသေးစေချင်ပါဘူး။ ကဲ ဒါဆို ကျွန်တော် ဒီနေ့ ဘယ်Anime Series တွေ ညွှန်းပေးမလဲဆိုတာ ကြည့်လိုက်ရအောင်…

Category: Article

တော်ဝင်သဇင်တို့နဲ့ သူတို့ရဲ့ ပြစ်ဒဏ်  

ကျွန်တော်တို့ငယ်ငယ်က အကယ်ဒမီပေးပွဲတွေ ကြည့်ကြတဲ့အခါမှာ သဇင်ပန်းများများ ပန်လာတဲ့ မင်းသမီးက အကယ်ဒမီကျိန်းသေပေါက်ရမယ်လို့
Category: Article

Courage (ရဲစွမ်းသတ္တိ)

သတ္တိ ဆိုတာ ဘာကို ခေါ်ပါသလဲ။ တစ်စုံ တစ်ယောက်နဲ့ ရန်ဖြစ်တာဟာ သတ္တိ ရှိတာလား။ တိုက်ရဲ ခိုက်ရဲတာဟာ သတ္တိလား။ သူများ မလုပ်ရဲတာကို လုပ်တာဟာ သတ္တိ လား

Category: Article

Behaviour (အပြုအမူ)

     တစ်ခါတစ်လေ မှာ ကိုယ့်ရဲ့ ဘာမဟုတ်တဲ့ အပြုအမူလေးဟာ
Category: Article

ပါရီရဲ့ နှလုံးသည်းပွတ် သို့မဟုတ် လုဗ်ပြတိုက်

အနုပညာတွေကို ချစ်မြတ်နိုးတဲ့သူတွေ နှလုံးသားနဲ့ခံစားတတ်သူတွေအတွက် ပြင်သစ်နိုင်ငံ ပဲရစ် သို့မဟုတ် ပါရီမြို့ရဲ့ လုဗ်(Louvre)ပြတိုက်ကို
Category: Article

AGE (အသက်အရွယ်)

ကျွန်တော်တို့ ပတ်ဝန်းကျင် မှာ တစ်ခါတစ်လေ ကြားရတတ်တဲ့ စကားတွေ

Category: Article

အရမ်းထက်မြက်လွန်းတဲ့ ခေါင်းဆောင်တွေဟာ လုပ်ငန်းခွင်အတွက် အကျိုးသက်ရောက်မှု သိပ်မရှိနိုင်ကြဘူး

သင့်မှာ အရမ်းကြီး မထက်မြက်တဲ့ အလုပ်ရှင် တစ်ယောက်ရှိခဲ့ဖူးလား?

ရှိခဲ့ဖူးတယ်ဆိုရင်

Category: Article

သူငယ်ချင်း မိတ်ဆွေတွေအကြားမှာ ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေး ဘာကြောင့်ရေရှည်မခံသလဲ

နေ့စဉ်ဖြတ်သန်းနေရတဲ့ အချိန်တွေမှာ မိသားစုနဲ့နေရတာထက် လုပ်ဖော်ကိုင်ဖက်တွေ၊ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့အတူတူ ကုန်ဆုံးရတဲ့ အချိန်က ပိုများပါတယ်။
ဒီလိုနေရတဲ့အချိန်တွေမှာ အပေါင်းအသင်းအချင်းချင်းကြား (ကလေးအရွယ်မဟုတ်ပါဘဲ အရွယ်ရောက်ပြီးတဲ့သူတွေဆီမှာတောင်) 'သူကဟိုလူ့ကိုတော့ပိုခင်တယ် ငါ့ကိုတော့သိပ်မခင်ဘူး ဟိုလူ့ကိုတော့အရေးပေးတယ် ငါ့ကိုတော့ပစ်ထားတယ်' အစရှိတဲ့ အတွေးတွေက ရံဖန်ရံခါ ဝင်ရောက်လာတတ်ပါတယ်။ ဒါဟာ ဘာကြောင့်များပါလိမ့်?

Category: Article

ကံသည် အမြဲကောင်းမည်မဟုတ်ပါ

ဟိုးရှေးရှေးတုန်းက စုန့်မင်းဆက်ခေတ်မှာ လယ်သမားတစ်ယောက်ဟာ ကံကောင်းခြင်းတွေ သူ့ဆီ ရောက်လာဖို့ အမြဲဆုတောင်းလေ့ရှိပါတယ်။