အပတ်စဉ် ဗေဒင်ဟောစာတမ်း ကဏ္ဍ

ရိုးရာလေးပရိသတ်တွေအတွက် အပတ်စဉ် တင်ဆက်ပေးနေကျ ဖြစ်တဲ့ ဆရာ ကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို တင်ဆက်ပေးလိုက်ပါတယ်။

၈-၇-၂၀၁၈ မှ ၁၄-၇-၂၀၁၈ ရက်နေ့အထိ ၇ ရက်စာ တွက်ချက် လမ်းညွှန်ပေးထားတာတွေကို ပုံတစ်ပုံချင်းစီမှာ ဖော်ပြပေးထားပါတယ်။

 

တနင်္ဂနွေ

သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာမည် ဟူသော စကားအတိုင်း သင်၏ မှန်ကန်သော စေတနာ သဒ္ဓါကြောင့် သင်၏ လုပ်ငန်းမှာ ပို၍ အောင်မြင်မှုများရရှိလာလိမ့်မည်။ လုပ်နေဆဲ လုပ်ငန်းများနှင့် လုပ်ရန်ကြံရွယ်နေသော အလုပ်များ အားလုံး အဆင်ပြေအောင်မြင်မည်။ ရန်သူက မိတ်ဆွေ ဖြစ်မည်။ ခင်မင်သူ က ကူညီမှုများပေးလာမည်။ အဝေးမိတ်ဆွေ၏ အကူအညီ ရမည်။ အဝေးအပေါင်းအသင်းနှင့် စီးပွားရေး ရှယ်ယာလုပ်ငန်းတို့ လုပ်လာရမည်။ ကြိုးစားမှုတိုင်းက အောင်မြင်မည်။ အချစ်ရေးမှာ နားလည်မှုဖြင့် လက်ထပ်ခွင့် ရွှေ့ဆိုင်းရတတ်သည်။ ခရီးဝေးသွားရမည်။ မိဘ သားချင်းဆွေမျိုးတို့အတွက် လုပ်ကိုင်မှုများပြုရတတ်သည်။ အားလုံးအဆင်ပြေမည်။ ဝင်ငွေကောင်းလာမည်။ စက် ၊ ကား ၊ မြေတို့ဝင်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၂ ၊ ၇ ၊ ၉။

ယတြာ – ငှက် (၆) ကောင်လွတ်ပြီး လိုရာဆုတောင်းလိုက်ပါ။

 

တနင်္လာ

ယခုအပတ်တွင် စိတ်လေနေမည်။ အတွေးများ နေမည်။ အိမ်မှာ မနေချင်ဘဲ အလုပ်ကို စိတ်ဝင်စားမှုမရှိဘဲ ခရီးတွေသာ ထွက်နေချင်မည်။ အကြီးအကဲ မိဘတို့၏ အပြစ်တင်အထင် လွဲခြင်းခံရမည်။ ပြန်ပြေလည်မည်။ ငွေဝင် ၊ ထွက်ကြမ်းမည်။ ငွေစုလို့မရပါ။ အချစ်ရေးတွင် စွဲလန်းသူ နှင့် ရကိန်းမြင်သည်။ မိဘတို့ သဘော တူ မတူ ပြဿနာ ရှုပ်ပြီးမှ ရကိန်းရှိသည်။ လက်ထပ်လုနီးပါး ဖြစ်ပြီးမှ ကြန့်ကြာမှု ဖြစ်တတ်သည်။ သူတစ်ပါးအရှုပ် ကိုယ့်အရှုပ် ဖြစ်မည့် အန္တရာယ် လုံးဝမရှိပါ။ ကျောက်လုပ်ငန်း လုပ်သူများ သတိထားရမည်။ ဝန်ထမ်းများ အလုပ်သင်တန်းတက်ရတတ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၄ ၊ ၃။

ယတြာ – တိရိစ္ဆာန်များအား တတ်နိုင်သလောက် အစာကျွေးပြီး ဆုတောင်းပါ။

 

အင်္ဂါ

ဤတပတ် အတွင်း သင်ကံကောင်းပြီ။ ကောင်းသတင်းတွေ ကြားရမည်။ အလုပ်အကိုင် တိုးတက်မှု မြင့်မားမှု ပြောင်းလဲမှု ၊ ပြောင်းရွှေ့မှု တို့ဖြစ်လာမည်။ အချစ်ရေး ၊ စီးပွားရေး ၊ အဆင်ပြေမည်။ လက်ထပ် မင်္ဂလာ ရက်သတ်မှတ်ရမည်။ မိဘ ၊ ဘိုးဘွား တို့အတွက် စိတ်ချမ်းသာမှုများကြားရမည်။ မိသားစု ဆွေမျိုးများ မင်္ဂလာ၊ အလှူတို့ ပျော်ရွှင်စွာကျင်းပဖြစ်မည်။ ကိုယ်တိုင် ခရီးဝေး ရောက်မည်။ ပြိုင်ဆိုင်မှုများတွင် အနိုင်ရမည်။ နယ်ဝေးမှ ကောင်းသတင်းကြားရမည်။ ဝန်ထမ်းများ ရန်ရှိသည်။

အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၁။

ယတြာ – ယခုအပတ်အတွက် မည်သည့်နေ့တွင်မဆို ကြုံတိုင်း ငှက်များအား အစာကျွေးပါ။

 

ဗုဒ္ဓဟူး

ယခုအချိန်သည် စွန့်စားမှုများ လွတ်လပ်မှုများ ကြိုးစားမှု့ များဆက်တိုက်အောင်မြင်နေမည်။ သင့်ကို ချစ်နေသောသူ၏ အထင်လွဲခြင်းများခံရမည်။ ကျော်တော့ လှေသူကြီး ညားတော့လှေထိုးသား ဖြစ်တတ်သည်။ မရောက်ဖူးသော ခရီး မပေါင်းဖူးသော မိတ်ဆွေ မလုပ်ဖူးသာ အလုပ်တို့ကို လုပ်ဖြစ်မည်။ စိတ်လေ နေမည်။ ထင်ရာလုပ်ရန် စိတ်ဖြစ်လာနိုင်သော်လည်း ထိန်းချုပ်နိုင်စွမ်း ရှိ၍ ထင်ရာမလုပ်ဖြစ်ပါ။ အပေါင်းအသင်း ၏ အကူအညီ ရမည်။ စက် ၊ ယာဉ်တို့ ဝင် ထွက်မည်။ ကျန်းမာရေးအနေဖြင့် သတိထားရမည်။ ရေချိုးမှားလိမ့်မည်။ ဝန်ထမ်းများ အထက်လူကြီးကြောင့် စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၁ ၊ ၅ ၊ ၄။

ယတြာ – ဘုရားကို ရွက်လှ(၁၇) ညွန့်ကပ်ပါ။

 

ကြာသပတေး

ယခုအပတ်အတွင်း စီးပွားရေးဆိုင်ရာ အတိုက်အခံများ တွေ့ ကြုံရမည်။ မလိုသူတွေ များလာမည်။ စီးပွားရေးတွင် ငွေကြေးကိစ္စတစ်ခုအတွက် တရားရင်ဆိုင်နေရတတ်သည်။ငွေကြေးကိစ္စအတွက် လူအများ၏ အထင်လွဲခြင်း၊ မယုံမကြည်ဖြစ်ခြင်းများ ဖြစ်တတ်သည်။ ကားထွက်ခြင်း ဖြစ်မည်။ အစာအိမ်ရောဂါ ဖြစ်တတ်၍ အစားဆင်ခြင်ပါ။ အိမ်ရှိ မိသားစု၏ အပြစ်တင်အထင်လွဲမှုကို ခံရတတ်သည်။ စာမေးပွဲများ၊ အင်တာဗျူး များအောင်မြင်မည်။ ချစ်သူက အဖြေပေးလိမ့်မည်။ အိမ်ထောင်သည်များ အေဒစက်နေပြီး သံသယများနေမည်။ ဝန်ထမ်းများ မိမိလုပ်ငန်းမှ အရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။ ဝန်ထမ်းများ အဆင်ပြေပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၀ ၊ ၃။

ယတြာ – ဘုရားကို ပေါင်မုန့် ၅ ချပ် သကြားဖြူး ၍ ကပ်ပါ။

 

သောကြာ

ယခုအပတ်အတွင်း ယာယီခရီးများ များနေလိမ့်မည်။ ပြည်ပပို့ကုန်ပစ္စည်းများအတွက် စိတ်သောကရောက်ရမည်။ ပဲကုန်သည်ဖြစ်ပါက အမြတ်ရမည်။ စီးပွားရေးအတွက် အထူး ကြိုးစားရတော့မည်။ ပညာရေးအတွက် အလွန်ကောင်းသောအချိန်ဟု ဆိုရမည်။ အချစ်ရေးတွင် အနှောက်အယှက်ရှိသဖြင့် အားငယ်မနေပါနှင့်။ လွတ်လပ်စွာ လှုပ်ရှားပြီး မိမိချစ်သူအတွက် အရာရာကို ရင်ဆိုင်လိုက်ပါ။ ဝမ်းသာပီတိ ဖြစ်ရလောက်အောင် စိတ်ချမ်းသာမည်။ မင်္ဂလာရက်ရွေးရပါလိမ့်မည်။ ဘုရားဖူးခရီး ယာယီသွားရမည်။ မိတ်ဆွေသစ်၊ အပေါင်းအသင်းသစ်နှင့် တွေ့ ကြုံလာမည်။ လက်ဆောင်ပစ္စည်းဝင်မည်။ ဝန်ထမ်းများ ချစ်သူခင်သူပေါများမည်။

အကျိုးပေးဂဏန်း – ၆ ၊ ၃ ၊ ၉။

ယတြာ – သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သစ်သီး (၉) မျိုး ကပ်လှူပါ။

 

စနေ

ယခု အချိန်တွင်  ယခင်အချိန်က ကြိုးစားလုပ်ကိုင်ခဲ့သော လုပ်ငန်းများအတွက် အကျိုးရလဒ်များ၊ အသီးအပွင့်များကို ခံစားရမည့်အချိန်ဖြစ်သည်။ အနုပညာနှင့် ပညာရေးဆိုင်ရာလုပ်ရပ်များ အဆင်ပြေ အောင်မြင်မှု့ ရလိမ့်မည်။ ချစ်သူထံမှ ကောင်းသတင်းကြားရမည်၊အဖြေရမည်။အိမ်ထောင်သည်များ စိတ်ျမ်းသာမည်။ အလုပ်ကိစ္စနှင့် ယာယီခရီးထွက်ရမည်။ အမှု့အခင်များ ကြေအေးရလိမ့်မည်။ အခက်အခဲ အထစ်အငေါ့ များပြေပျောက်မည်။ ရှုပ်နေသော အရာများရှင်းနိုင်မည်။ သင်တန်းတက်ရတတ်သည်။ ကျန်းမာရေး အနည်းငယ်ချူချာ နိုင်သည်။ ဝန်ထမ်းများ အထက်အရာရှိ၏ မြှောက်စားခြင်း ခံရမည်။

အကျိုးပေးဂဏန်း – ၇ ၊ ၂ ၊ ၀။

ယတြာ – အောင်သပြေ (၉) ညွန့် ဘုရားလှူပါ။

 

ဆရာကင်္ကသူ (ရိုးရာလေး)

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)