တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို မြန်ဆန်စေမယ့်လေ့ကျင့်ခန်းများ

ဒီနေ့တော့ တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုရှိလာဖို့အတွက် အသုံးတည့်ထိရောက်စေနိုင်တဲ့ နည်းလမ်းလေးတွေကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုပါတယ်။ ဖတ်ရှု၊ မှတ်သား၊ လိုက်နာပြီး တိုးတက်အောင်မြင်မှုတွေ ရရှိနိုင်ကြပါစေ။

(ဦးနှောက်အတွက်)

၁။ စာဖတ်တဲ့အကျင့်ထားရှိပါ။

၂။ များများတွေးခေါ်မြော်မြင်ပါ။

၃။ ပုံမှန် တရားထိုင်ပါ။

၎။ ကိုယ့်ရည်မှန်းချက်တွေ၊ စံနှုန်းတွေနဲ့ကိုက်ညီတဲ့ ဦးစားပေးစရာကိစ္စတွေကို ချိန်ဆ စီစဉ်သတ်မှတ်ပါ။

၅။ ကိုယ့်ရဲ့အောင်မြင်မှုကို မှန်းဆမြင်ယောင်ကြည့်ပါ။

၆။ ကိုယ့်ရဲ့တိုးတက်မှုကို တိုင်းတာပါ။

၇။ အချိန်ကို အကျိုးရှိရှိ အသုံးချပါ။

၈။ အသစ်အသစ်သောအရာတွေကို လေ့လာသင်ယူပါ။

(ခန္ဓာကိုယ်အတွက်)

၉။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။

၁၀။ ကိုယ့်ခန္ဓာကိုယ်ကို လေးစားချစ်ခင်ပါ။

၁၁။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နေထိုင်တတ်အောင်လေ့ကျင့်ပါ။

၁၂။ အစားအစာကို သတိရှိရှိ စားပါ။

၁၃။ ပုံမှန်အနားယူချိန် စီစဉ်သတ်မှတ်ထားပါ။

၁၄။ ရေကို လုံလောက်အောင်သောက်ပါ။

(စိတ်အတွက်)

၁၅။ နေ့ရက်တိုင်းမှာ သတိနဲ့နေထိုင်နိုင်အောင် လေ့ကျင့်ပါ။

၁၆။ ဂရုတစိုက်နားထောင်တတ်အောင် လေ့ကျင့်ပါ။

၁၇။ ကျေးဇူးတင်တတ်အောင် လေ့ကျင့်ပါ။

၁၈။ အပြုသဘောဆောင်တဲ့စကားကိုသာပြောပါ။

၁၉။ နေ့စဉ်မှတ်တမ်းရေးပါ။

၂၀။ အကောင်းမြင်စိတ်ရှိတဲ့သူတွေအနားမှာပဲ ကျင်လည်ပါ။

၂၁။ ကိုယ့်ကိုယ်ကိုယ်အပြစ်မမြင်မိအောင်နေပါ။

၂၂။ ကိုယ့်ကိုယ်ကိုယ်ကော တခြားသူတွေကိုပါ ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။

၂၃။ ရက်ရောပါ။ ကြင်နာတတ်ပါစေ။

Ref: Developgoodhabits.com "23 exercises that skyrocket your personal growth"

TH (ရိုးရာလေး)