Category: Knowledge

ပလတ်စတစ်သွားပွတ်တံတွေနေရာမှာ အစားထိုးသုံးနိုင်မယ့် ဝါးသွားပွတ်တံတွေ

ပလတ်စတစ်ဖျော်ရည်ပိုက်တွေ ပလတ်စတစ်အိတ်တွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပေမဲ့ နေ့စဉ်အသုံးပြုနေရတဲ့ ပလတ်စတစ်ပစ္စည်း နောက်တစ်မျိုးဖြစ်တဲ့ သွားပွတ်တံအကြောင်း စဉ်းစားမိသူကတော့ ခရစ္စတီးနားရာမီရက်ဇ် (Christina Ramirez) ပဲဖြစ်ပါတယ်။

Category: Knowledge

အကြောင်းအရာ တိကျခိုင်မာမှ သူတစ်ပါးကို ဝေဖန်ပါ

အိမ်ထောင်သက်တမ်း မကြာသေးတဲ့ လင်မယားနှစ်ယောက်ဟာ ပတ်ဝန်းကျင်အသစ်တစ်ခုကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သာယာလှပတဲ့ မနက်ခင်းတစ်ခုမှာ လင်မယားနှစ်ယောက် မနက်စာစားနေတုန်း

Category: Knowledge

အွန်လိုင်းပေါ်မှာနဲ့ အပြင်မှာ လူတွေက သင့်ကို အမြင်မကပ်သွားစေဖို့

အွန်လိုင်းပေါ်ကနေပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် လူတစ်ယောက်ကိုယ့်ကို အမြင်ကပ်အောင်လုပ်ဖို့က သိပ်မခက်ခဲလှပါဘူး။ အမူအရာပိုလွန်းတာပဲဖြစ်ဖြစ်၊ ရေငုံနှုတ်ပိတ်နေလွန်းလို့ပဲဖြစ်ဖြစ် ဥပမာ အမှုမဲ့အမှတ်မဲ့နေတတ်လွန်းတာကြောင့် လူတွေရဲ့မျက်မုန်းကျိုးခြင်းကို ခံရတတ်ပါတယ်။

Category: Knowledge

ချစ်သူဟောင်းနဲ့ ပြန်တွဲသင့်တဲ့ အချက် (၇) ချက်

လူတိုင်း အမှားနဲ့ မကင်းသလို လူတွေမှာ အားနည်းချက် ကိုယ်စီတော့ရှိကြပါတယ်။ ငယ်ငယ်တုန်းက စာကျက်တာဟာ ကမ္ဘာကြီးလောက် ပြသာနာဖြစ်ချင်ဖြစ်ခဲ့မှာပါ။

Category: Knowledge

စမတ်ကျထက်မြက်တဲ့ ဘေဘီလေးတွေဖြစ်စေနိုင်မယ့် နည်းလမ်း ၆ သွယ်

ကလေးရဲ့ဦးနှောက်က လေ့ကျင့်ခန်းနဲ့ အတွေ့အကြုံ အမျိုးမျိုးကတဆင့် ဖွံ့ ဖြိုးလာပါတယ်။ အထိ ၊ အတွေ့ ၊ အကြား ၊ အမြင် ၊ အရသာ စတဲ့ အာရုံခံစားမှုတွေကလည်း ဒီဖွံ့ဖြိုးမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။

Category: Knowledge

စာနာစိတ်ထားတတ်ဖို့

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က အလုပ်ကိစ္စတစ်ခုနဲ့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့ကို ကျွန်တော် ခရီးထွက်ခဲ့ပါတယ်။ ဘွတ်ခ်ကင် (Booking) ယူထားတဲ့ ဟိုတယ်က နည်းနည်းလှမ်းတာကြောင့် တက္ကစီတစ်စီး ငှားစီးလာခဲ့ပါတယ်။

Category: Knowledge

အကျင့်ဆိုးတွေကို အမြစ်မတွယ်သေးခင် ဖယ်ရှားပစ်လိုက်ပါ

ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက်က သူရဲ့ တစ်ဦးတည်းသောချစ်ရတဲ့ သားလေးရဲ့ အကျင့်ဆိုးတွေကြောင့် နေ့စဉ်နဲ့အမျှ စိတ်မောကိုယ်မောဖြစ်နေရပါတယ်။

Category: Knowledge

အသောက်များသွားလို့ ခေါင်းမထူနိုင်တဲ့ ပြဿနာကို ပြေလည်စေနိုင်မယ့် အချက် (၆) ချက်

TGIF တွေ TGIS တွေမှာ သောက်ပြီးလို့ တနင်္ဂနွေဆို ပြဲကွဲနေပြီလား အဲလေ မထနိုင်ဖြစ်နေပြီလား?… သောက်တာလည်း မများဘဲ အရက်နာများ ကျနေကြပြီလား? တနင်္လာ အလုပ်သွားဖို့ရော ထနိုင်မှာ ကျိန်းသေရဲ့လား? မပူပါနဲ့…

Category: Knowledge

ခွေးလေးတွေက သင့်မျက်နှာကိုကြည့်ပြီး သင့်စိတ်ခံစားချက်ကိုနားလည်နိုင်

လူနဲ့ လက်ပွန်းတတီးနေတာကြာလာတာနဲ့အမျှ အပြန်အလှန်ဆက်ဆံရေးကို ပိုမိုလွယ်ကူစေတဲ့ ခွေးလေးတွေရဲ့ စွမ်းဆောင်ရည်က တဖြည်းဖြည်းတိုးတက်လာတတ်ပါတယ်။

Category: Knowledge

အစာစား​နေတုန်းမှာ ​ရေ​သောက်​သင့်သလား

အစာစား​နေတုန်း ​ရေ​သောက်​ရင်​ အစာအိမ်​အချဉ်​ဓာတ်​ကို ​လျော့​စေပြီး အစာမ​ချေ​တော့ပါဘူးတဲ့.. ပိုဝလာမယ်​တဲ့.. ဒါဆို လူ​တွေ​ပြော​နေကြတဲ့ ​ဒီအချက်​​တွေကို မှန်​ မမှန်​ စစ်​​ဆေး​ကြည့်​ရ​အောင်​ပါ။

Category: Knowledge

အပတ်စဉ် ဗေဒင်ဟောစာတမ်း ကဏ္ဍ

ရိုးရာလေးပရိသတ်တွေအတွက် အပတ်စဉ် တင်ဆက်ပေးနေကျ ဖြစ်တဲ့ ဆရာ ကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို တင်ဆက်ပေးလိုက်ပါတယ်။

Category: Knowledge

အသည်းကွဲတာကို သိပ္ပံနည်းကျ ဘယ်လို ကုစား ဖြေရှင်းမလဲ

အသက် ၂၀ နှစ်ကနေ ၃၇ နှစ်အကြား အသည်းကွဲနေတဲ့ အရွယ်ရောက်ပြီးသူ ၂၄ ယောက်ကို သိပ္ပံပညာရှင်တွေက သိပ္ပံနည်းကျ အချက် (၃) ချက်နဲ့ လေ့လာခဲ့ပါတယ်။

Category: Knowledge

အရည်အချင်းဆိုတာ အသုံးချနိင်မှသာ ပေါ်လွင်တာပါ

တစ်နေ့မှာ ကုလားအုတ်သားအမိနှစ်ယောက် စကားစမြည်ပြောနေကြပါတယ်။ ကုလားအုတ်ငယ်လေးက အမေဖြစ်သူ ကုလားအုတ်မကြီးကို " မေမေ ကျွန်တော်တို့ ကျောကုန်းမှာ ဘာလို့ ဘုကြီးပါနေရတာလဲလို့ မေးပါတယ်။

Category: Knowledge

အိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းထဲက ထူးဆန်းတဲ့ မှတ်ချက်

အိုင်းစတိုင်းဟာ ထင်ရှားတဲ့ ရူပသိပ္ပံပညာရှင်တစ်ယောက်ဖြစ်သလို လူကိုအဓိကထားတဲ့ လူလူချင်းစာနာမှုဝါဒီသမား အဖြစ်လည်း နာမည်ကြီးပါတယ်။

အိုင်းစတိုင်းဟာ ၁၉၂၀ ပြည့်လွန်နှစ်ကာလတွေမှာ အာရှတစ်ဝှမ်းကို ခရီးလှည့် ခြေဆန့်ခဲ့ဖူးပြီး အာရှတစ်ခွင် ခရီးသွားမှတ်တမ်းတွေကို သူ့ကိုယ်ပိုင်ဒိုင်ယာရီလေးနဲ့ ရေးသွားခဲ့ဖူးတာ ရှိတယ်။ ဒါကိုပဲ အိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းအနေနဲ့ ပရင့်စ်တန် (Princeton) တက္ကသိုလ်ပုံနှိပ်တိုက် ကနေ ထုတ်ဝေခဲ့ပါတယ်။

အိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းထဲမှာ "ဒီမယ်...တရုတ်တွေက အစားစားရင် ကြုံရာခုံတန်းလျားတွေတောင် ထိုင်မစားဘူး။ တခမ်းတနားနဲ့ သိပ်ကိန်းကြီးခန်းကြီးနိုင်တာ။ အစားစားရင်သာ အဲ့သလို။ အခင်းကြီးအခင်းငယ်ကိစ္စရှင်းတော့ အများသူငှာလိုပဲ ဖင်ဆောင့်ကြောင့်ထိုင်ရတာပဲမဟုတ်လား။ ကလေးတွေကအစ မြင်ရတာ စိတ်ဓာတ်ကျနေသလို၊ စိတ်အားငယ်နေကြသလိုပဲ။ ခပ်တုံးတုံး အအပုံတွေ ပေါက်နေတယ်။ တရုတ်တွေက ကလေးမွေးလွန်းလို့ တစ်ကမ္ဘာလုံးမှာသာ တရုတ်တွေဖြစ်သွားရင် ခက်ရချည်ရဲ့" လို့ ရေးခဲ့တာပါ။

တစ်ကိုယ်ရည်စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ် ဘွင်းဘွင်းရှင်းရှင်းပဲ ရေးထားပုံထောက်ရင်တော့ ပုံနှိပ်ထုတ်ဝေဖို့ စိတ်ကူးမရှိဘဲ ရေးဖြစ်ခဲ့ရုံသာဖြစ်နိုင်ကြောင်း ပညာရှင်တွေက ယူဆကြပြီး တရုတ်ပြည်အကြောင်း ရေးခဲ့တဲ့ အရေးအသားကိုတော့ အတော်လေး အံ့အားသင့်မိကြောင်း ဆိုကြပါတယ်။

အိုင်းစတိုင်းက သူ့ရဲ့ဒိုင်ယာရီထဲမှာ ဂျပန်တွေကိုလည်း ဆော်ခဲ့တာပါပဲ။ "ဂျပန်တွေဟာ အနုပညာအရည်အသွေး နဲ့ ရသခံစားမှုပိုင်း ပြောင်မြောက်လျက်နဲ့ကို ဦးနှောက်နဲ့ ဥာဏ်ရည်ဥာဏ်သွေးကျတော့ အတော်ဆုတ်ယုတ်တဲ့လူမျိုးတွေပါလား" လို့ ဒိုင်ယာရီထဲ ထည့်ရေးခဲ့ပါတယ်။ "အိန္ဒိယ၊ တရုတ် နဲ့ ဂျပန်လူမျိုးတွေဟာ တကယ့်နလပိန်းတုံးတွေပဲ" လို့ ရေးသားထားတာ ထပ်ပြီးတွေ့ရပါတယ်။

တရုတ်ပြည်ရဲ့လူမှုကွန်ရက်မှာတော့ အိုင်းစတိုင်းရဲ့အမြင်ဟာ ခေတ်ကာလနဲ့သာ သက်ဆိုင်နေတယ် လို့ ဆိုကြသလို ဒီခရီးသွားမှတ်တမ်းကို ထုတ်ဝေခဲ့ဖို့ မသင့်ဘူးလို့ ဖော်ပြနေကြတယ်။ တချို့ကတော့ လူမျိုးရေးမုန်းတီးမှုဆိုတာ ခေတ်နဲ့မသက်ဆိုင်ဘူး လို့ ဆိုပါတယ်။

DW-TV သတင်းဌာနကတော့ အိုင်းစတိုင်းရဲ့အဆိုတွေဟာ အရင်ေခတ် ဥရောပဘက်မှာ အမြစ်တွယ်နေခဲ့တဲ့ လူမျိုးရေးမုန်းတီးနှိမ့်ချမှုတွေကို ထင်ဟပ်စေခဲ့တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

အိုင်းစတိုင်းဟာလည်း သူတွေ့ကြုံရမျှမှာ အဆိုးဘက်အမြင်တွေကို မဖုံးဖိနိုင်ခဲ့သူတစ်ယောက်သာလို့ ဆိုရမှာပါ။ အမှန်ကတော့ လူတိုင်း မြင်တတ်၊ ရှိတတ်ကြတဲ့အဆိုးမြင်မှုမျိုးပဲဖြစ်သလို အိုင်းစတိုင်းဖြစ်နေတာကြောင့်သာ လူပြောစရာဖြစ်ခဲ့ပေမဲ့ ထူးခြားအံ့ဩစရာတော့ မရှိလှပါဘူး။ အိုင်းစတိုင်းဟာလည်း လူသားတွေထဲက လူသားတစ်ဦးပဲ ဖြစ်နေတာမို့ပါပဲ။

 

Ref: news.cgtn.com "Einstein's travel diaries reveal racist views of Chinese"

AI (ရိုးရာလေး)