Category: Knowledge

အာရုံဖြန့်ပြီးအလုပ်လုပ်တာဟာ ဦးနှောက်ကိုထိခိုက်စေ

ရုံးဝန်ထမ်းအားလုံးနီးပါးဟာ နေ့စဉ်လိုလို ကွန်ပျူတာနဲ့ အလုပ်တွေအများကြီး လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။ အီးမေးလ်တွေ ပြန်ဖြေရတယ်၊ စာတွေ ပြန်ပို့ရတယ်၊ အင်တာနက်မှာ အများကြီး တစ်ပြိုင်တည်း ရှာဖွေပြီး လုပ်ဆောင်ရတယ် စသဖြင့် တစ်ချိန်တည်းမှာ

Category: Knowledge

စာမေးပွဲကာလအတွင်း စိတ်ဖိစီးတာကို ဘယ်လိုလျော့ချမလဲ

“စာမေးပွဲကလည်း နီးလာပြီ။ စာတွေကလည်း မရသေးဘူး။ ဟိုဟိုက်ပါတွေကတော့ ၅ ခန်းလောက်ပြတ်နေပြီပြောတယ်။ ငါကတော့တစ်ခန်းတောင်အနိုင်နိုင်နဲ့။ အမေရေ လုပ်ပါဦး။ သမီး ကျ မလား မသိဘူး။ ကယ်ကြပါဦး ”

အဲဒီလိုဖြစ်နေပြီလား။ ဒီလို ပူပူလောင်လောင်ကြီး စာကျက်နေရင် တော်တော်နဲ့ စာမရ ဖြစ်တတ်လို့

Category: Knowledge

စီးပွားရေးလုပ်ငန်းမှာ Extrovert နဲ့ Introvert သမားတွေရဲ့ ကွာခြားချက်

Extrovert ကတော့ တက်ကြွပြီး ယုံကြည်ချက်အပြည့် ရှိသလို အများနဲ့ ပြောဆိုဆက်ဆံရတာကို ကြိုက်နှစ်သက်သူတွေပါ။ တစ်နည်းပြောရမယ်ဆိုရင် ဘွင်းဘွင်းပျော်ပျော်သမားတွေပေါ့။ Introvert ဆိုသူတွေကတော့ အရှက်အကြောက်ကြီးပြီး အခြားသူနဲ့ ရောရောနှေနှော မနေတတ်သူတွေဖြစ်ပါတယ်။ ဒီလိုမျိုး မတူကွဲပြားတဲ့ အကျင့်စရိုက်ပိုင်ရှင်တွေက စီးပွားရေးလုပ်ကိုင်ရာမှာကော ဘယ်လို ကွာခြားချက်တွေ ရှိနေမှာလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

ဘွင်းဘွင်းပျော်ပျော်နေတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ (Extrovert သမားတွေ) က အခြားသူတွေနဲ့ အတူတူရှိနေရင် ခွန်အားဖြစ်သလို ခံစားရပြီး လူတွေနဲ့ မပေါင်းသင်းရ မနေနိုင်ဆိုသူတွေ ဖြစ်ကြပါတယ်။ ဩဇာတိက္ကမရှိပြီး ကိုယ့်ကို လူချစ်လူခင်များတဲ့အတွက် ငွေရှာရတာ လွယ်ကူစေပါတယ်။ ဒါပေမဲ့ လုပ်ငန်းစပျိုးကာစမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ၁၈ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်တာများလို့ risk နည်းနည်းတော့ ယူရမှာ ဖြစ်ပါတယ်။ စီးပွားရေးရေရှည်တည်တံ့ဖို့ဆိုရင် လူချင်းတွေ့ဆုံပြီး ပြောဆိုဆွေးနွေးတတ်မှုတွေက အရေးပါတာကြောင့် ဒီလိုလူမျိုးတွေအတွက် မိတ်ဆွေအပေါင်းအသင်းဖွဲ့ရတာက အလွယ်လေးပါပဲ။ အကောင်းမြင်တတ်တဲ့ စိတ်ကြောင့် လုပ်ငန်းကိုလည်း အကျိုးဖြစ်ထွန်းစေသူတွေ ဖြစ်ပါတယ်။

Extrovert သမားတွေအနေနဲ့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကတော့ စိတ်ရှည်လက်ရှည် နားထောင်နိုင်စွမ်းရည် ဖြစ်ပါတယ်။ သူတို့တွေက တစ်ခုတည်းကို အာရုံစိုက်နိုင်စွမ်း နည်းကြလို့ မိနစ် ၅၀ လောက် ခေါင်းစားအောင် အလုပ်လုပ်ပြီးရင် ၁၀ မိနစ်လောက်က အနားယူချင်သူတွေ ဖြစ်ကြပါတယ်။

တစ်ကိုယ်တည်းနေရတာ ကြိုက်တဲ့ Introvert သမားတွေမှာတော့ အများနဲ့ ရောနှောရတာကိုက သူတို့အတွက် စိတ်ပင်ပန်းစေတဲ့ အရာ ဖြစ်နေပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်း အားကောင်းကြသူတွေဖြစ်လို့ အလုပ်ချိန်ပြင်ပမှာ ဝါသနာပါရာတွေကို အချိန်ပေးပြီး လုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲသုံးသပ်တတ်သူတွေဖြစ်လို့ ဘဝမှာရလာတဲ့ သင်ခန်းစာတွေကနေ အလုပ်ကို ပိုကောင်းအောင် လုပ်တတ်ကြပါတယ်။ အုံ့ပုန်းနေတတ်သူတွေဖြစ်လို့ အလုပ်မှာ စိတ်နှစ်ပြီး အာရုံစိုက်ကြပါတယ်။ စကားပြောရတာထက် နားထောင်ရတာကို ပိုကြိုက်သူတွေ ဖြစ်လို့ တိကျမှုများပြီး အမှားနည်းသူတွေ ဖြစ်ပါတယ်။

Introvert တွေကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေကတော့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနဲ့ တူတူရှိချိန် စိတ်တွေရှုပ်လာပြီး စဉ်းစားရမထွက် ဖြစ်တတ်ကြပါတယ်။ ဒီလိုလူတွေအတွက်ကတော့ ကိုယ့်ကို အနှောင့်အယှက် မပေးသင့်တဲ့ အချိန်တွေကို တခြားသူတွေသိအောင် ပြောထားဖို့ပါပဲ။ လူရှေ့ထွက်ရတာ ကြောက်တတ်သူတွေဖြစ်လို့ အစည်းအဝေးပွဲတွေ မတိုင်ခင် စကားပြောအဆင်ပြေမပြေဆိုတာကို ကြိုတင်ပြင်ဆင်ထားရပါတယ်။

Extrovert နဲ့ Introvert နှစ်ဦးစလုံးမှာ အားနည်းချက် အားသာချက် အနည်းအများစီ ရှိကြတာမို့ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ အားနည်းချက်ကို သတိမူပြီး နည်းနည်းချင်း ပြောင်းလဲသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Ref: newsrepublic.net “Extrovert or Introvert:What Personality Type Means In Business”

Alice May ( ရိုးရာလေး)

Category: Knowledge

ဘယ်နိုင်ငံသူတွေက ကမ္ဘာပေါ်မှာ အလှဆုံးလဲ

လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်နော်.. ဘယ်လိုပုံစံကမှ လှတယ်လို့ တိတိကျကျ ပြဌာန်းထားတာမျိုး မရှိပါဘူး။ သွားမညီတာလေးကလည်း တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုတစ်ခု ဖြစ်သွားတတ်သလို

Category: Knowledge

အရက်ကြောင့် နှစ်စဉ် လူပေါင်း (၂.၈) သန်း သေဆုံးနေရကြောင်း လေ့လာချက်တွေက ဖော်ပြ

အချက်အလက်တွေအရ အရက်သေစာသောက်သုံးတဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကင်ဆာနဲ့ နှလုံးရောဂါတွေအပြင် ယာဉ်တိုက်မှုတွေပါဖြစ်လာခဲ့ပြီး တစ်နှစ်ကို လူပေါင်း (၂.၈) သန်းလောက်သေဆုံးနေရတယ်လို့ သိရပါတယ်။

အရက်ကို ဆေးဖြစ်ဝါးဖြစ် နည်းနည်းလေးသောက်လို့ ကျန်းမာရေးကောင်းလာတာလည်း ဘယ်မှာမှမတွေ့ရသလို

Category: Knowledge

လူချစ်လူခင်များချင်တယ်ဆိုရင်

လူချစ်လူခင်များတယ်ဆိုတာ ပြောရတာသာလွယ်တယ်။ တကယ် လူချစ်လူခင်ပေါများအောင် နေရတာ တကယ်ခက်ခဲလှပါတယ်။ အားလုံးနဲ့ အဆင်ပြေအောင် နေထိုင်တတ်ရုံတင်မကပါဘူး။ သင့်ရဲ့အပြုအမူ၊ အနေအထိုင်က တစ်ဘက်လူကို

Category: Knowledge

အလုပ်ရုံးခန်းထဲက ဘက်တီးရီးယား အပေါက်ပွားဆုံးနေရာများ

သင်အလုပ်သစ်တစ်ခုကို စဝင်ပြီဆိုရင် ပထမဆုံးလုပ်မိတဲ့အရာက ဘာဖြစ်မလဲ… ပထမဆုံး လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်မယ်။ ဒုတိယက သင့်အလုပ်နဲ့ပတ်သက်ပြီး ပြောမယ်။ စတာတွေပေါ့နော်… အမှန်တကယ်တော့ ဒီအရာတွေထက်

Category: Knowledge

တစ်ယောက်တည်း အထီးကျန်တဲ့အခါ ပြုလုပ်သင့်တဲ့ အချက် (၅) ချက်

တစ်ယောက်တည်း အထီးကျန်တာ များလာတဲ့အခါ လူတွေက စိတ်ကျဝေဒနာကို ခံစားလာရပြီး တဖြည်းဖြည်းနဲ့ ဝေဒနာက အမြစ်တွယ်လာတတ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာဆို အထီးကျန်မှုက

Category: Knowledge

ကမ္ဘာကြီး ပြားနေခဲ့ရင် ဘာတွေဖြစ်လာလိမ့်မလဲ

ကမ္ဘာကြီးပြားတယ် ဆိုတဲ့ အယူအဆဟာ အခုတော့ ရယ်စရာပျက်လုံးတစ်ခု ဖြစ်ခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘာကြီးဟာ လုံးဝန်းကြောင်း(ဘဲဥပုံစက်ဝိုင်း) ဖြစ်ကြောင်းကို နည်းလမ်းပေါင်းစုံနဲ့ သက်သေပြလို့ရအောင် ကြိုးစားခဲ့ကြတာကတော့

Category: Knowledge

CV တင်ထားပေမယ့် ဘာဖြစ်လို့ အလုပ်ရှင်တွေ ပြန်မဆက်သွယ်တာလဲ

“စိတ်ဝင်စားပါက ဒီအီးမေးလ်ကနေဆက်သွယ်ပါ/လူကိုယ်တိုင်လာရောက်လျှောက်ထားပါ” ဆိုလို့လည်းCV form တင်ရသေးတယ်။ ဖုန်းနဲ့လည်း ပြန်မဆက်သွယ်ဘူး။ အီးမေးလ်ကနေလည်း

Category: Knowledge

အတင်းအဖျင်းပြောတတ်သူတွေအတွက် အကောင်းဆုံး သင်ခန်းစာ

အမျိုးသမီးတစ်ဦးဟာ အိမ်နီးချင်းမိန်းကလေးရဲ့ သတင်းတစ်ခုကို အသေအချာမသိပေမဲ့လည်း ပတ်ဝန်းကျင်က လူတွေကို ပြောပြခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့

Category: Knowledge

လိမ္မာယဉ်ကျေးပြီး ထက်မြက်တဲ့ ကလေးလေးတွေ ဖြစ်လာအာင် ဘယ်လိုပြုစုပျိုးထောင်မလဲ

ကိုယ်ရဲ့ သားသမီးလေးတွေကို အကောင်းဆုံးအရာတွေကိုသာ ရရှိပိုင်ဆိုင်စေချင်တာကတော့ မိဘတိုင်းရဲ့ စေတနာမေတ္တာတရားပါပဲ။ သားသမီးတွေ အနာဂတ်ကောင်းကောင်းပိုင်ဆိုင်နိုင်ဖို့၊ လူကြားသူကြားထဲမှာ

Category: Knowledge

ပိုပြီး အောင်မြင်လာစေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် စိတ်ဓာတ်ရေးရာ နည်းပရိယာယ်များ

အောင်မြင်ချင်တယ်ဆိုရင်တော့ အောင်မြင်စေမယ့်နည်းလမ်းတွေကို တတ်နိုင်သလောက် ဖမ်းဆုပ်ရမှာပါပဲ။ ထက်မြက်အောင်နေမယ်။ ပြဿနာတွေအားလုံးကို