ကြက်ဥကို နံနက်ခင်းမှာစားသင့်တဲ့ အကြောင်းအရင်း ၇ ချက်

51510831_2164211396955434_9018401285363204096_n.jpg

ကြက်ဥကို အခြားသောအချိန်တွေမှာစားခြင်းထက် နံနက်ခင်းမှာ နံနက်စာအဖြစ်စားခြင်းဟာ အောက်ဖော်ပြပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

၁။ နွားနို့၊ ပေါင်မုန့်မီးကင် စတာတွေနဲ့ ကြက်ဥကို စိတ်ကြိုက်တွဲဖက်စားခြင်းဖြင့် ခန္ဓာကိုယ်အတွက် အာဟာရဓာတ် ကြွယ်ဝစေပါတယ်။

၂။ ကြက်ဥကို နံနက်ခင်းမှာစားခြင်းဖြင့် အဝမလွန်အောင်ကာကွယ်နိုင်ခြင်းနှင့် ဝိ်တ်ကျစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

၃။ ကြက်ဥဟာ ပရိုတိန်းဓာတ်များစွာပါဝင်တဲ့ အစားအစာဖြစ်လို့ ဝိတ်မနေသူများ နံနက်ခင်းမှာစားခြင်းဖြင့် ပိုမိုထွားကြိုင်းတဲ့ကြွက်သားတွေကို ပိုင်ဆိုင်စေနိုင်မှာ ဖြစ်ပါတယ်။

၄။ ကြက်ဥဟာ အခြားအစားအစာတွေလို ဈေးမကြီးလို့ နံနက်ခင်းမှာ နံနက်စာအဖြစ်စားခြင်းက ဝင်ငွေချွေတာရာလည်း ရောက်ပါတယ်။

၅။ နှလုံးရောဂါရှိသူတွေအဖို့ စိုးရိမ်စရာမလိုဘဲ ကြက်ဥကို စားနိုင်ပါတယ်။

၆။ နံနက်ခင်း ကြက်ဥစားခြင်းဟာ ဦးနှောက်နှင့် အာရုံကြောတွေအတွက် ကောင်းမွန်စေပါတယ်။

၇။ အမြင်အာရုံအတွက်တော့ ပြောစရာမလိုအောင်ကောင်းတဲ့ အစားအစာကတော့ ကြက်ဥပါ။

Ref: lifehack
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top